Tuesday, July 7, 2009

ကမ္ဘာတစ်ခုသို့

ကမ္ဘာတစ်ခုသို့
 
 
လွမ်းတယ် ...
လူကြီးမင်းတို့ကို လွမ်းတယ်။
 
လွမ်းတယ် ....
တက်ကြွနေတဲ့ ခေတ်လူငယ်တွေကို လွမ်းတယ်။
 
လွမ်းတယ် ...
စေတနာဗရပွနဲ့ အခမဲ့ပညာ ပေးဝေနေတဲ့
အိုင်တီပညာရှင်တွေကို လွမ်းတယ်။
 
လွမ်းတယ် ...
ဗဟုသုတအဖြာဖြာ ပေးဝေနေတဲ့
အိုင်တီရောင်းရင်းတွေကို လွမ်းတယ်။
 
လွမ်းတယ် ....
ခံစားချက်ကို မျှဝေဖြေသိပ်တတ်တဲ့
အိုင်တီက မောင်နှမတွေကို လွမ်းတယ်။
 
တို့မသိတဲ့ ကမ္ဘာလေးတစ်ခု
တို့မကျွမ်းတဲ့လမ်းကလေးတစ်သွယ် 
တို့မကြွယ်တဲ့ဗဟုသုတ
အစစကို ပေးကမ်းမျှဝေ
စေတနာတရားက အနန္တ
စာသားဖြင့်သာ ရင်းနှီးလာကြပေမယ့်
သံယောဇဉ် တွယ်လှပါတယ်။
 
လွမ်းတတ်တဲ့ နှလုံးအိမ်လေး
အခုတော့အဝေးမှာ ..
မတတ်သာလို့ ဝေးကွာရပေမယ့်
မမေ့သာဘူး တမ်းမူးလျှက်ပါ။
 
လာချင်သေးတယ် ကမ္ဘာငယ်လေး
အလှမ်းဝေးလို့ ရင်ဆို့နေရ
ဖတ်လိုလှ၊ ခံစားလိုလှပါတယ်
ရေးချက်ပြင်းပြင်း၊ မျှဝေခြင်းတွေ
ရိုက်ချက်ပြင်းပြင်း ပုံရိပ်အလင်းတွေ
အခြေအနေပေးရင် ဖတ်ချင်သေးတယ်။
 
အခုတော့..
မြင်ယောင်လျှက်..
လွမ်းလျှက် ..
အနေခက်စွာဖြင့်
(ရောင်းရင်းများအိမ်သို့ မ၀င်ထွက်သာပဲ)
ရက်စက်စွာဖြင့် နှုတ်ဆက်လိုက်တယ်
ကမ္ဘာငယ်လေးသို့.....။
 
ခမ်းကီး
၇၊ဇူလိုင်၊၂၀၀၉
 
(အီးမေးလ်ဖြင့်တင်ပါသည်။ အဆင်မပြေခဲ့လျှင် တောင်းပန်ပါသည်) 

8 comments:

khin oo may said...

အဆင်ပြေပါတယ။် စောစော ကမေးလ်နဲ့ပို့တာလဲဖတ်ရပါတယ။် ဆက်လက် ပို့ပါ။ ဖတ်နေပါ့မယ။် အဆင်ပြေ ချမ်းမြေ့ပါစေ။

Anonymous said...

သထုံမြေမှာ ဘာပန်းတွေပွင့်နေပြီလဲ။

သားကြီး said...

ဒို့လည်းခမ်းကီးကြီးကိုလွမ်းနေကြကြောင်းပါ :(

မငုံ said...

အဆင်ပြေတယ်။ ဆက်ပြီး စာရေးပါဦးနော်။ အဆင်ပြေပါစေ။

ကိုလူထွေး said...

လွမ်းတယ်ဆိုတော့ အခုမရှိကြတော့လို့ပေါ့...

နေဒေးသစ် said...

အဆင်ပြေပါစေ ကို ခမ်းကီးရေ ..
ဒီအတိုင်းလေးပဲ အဆင်ပြေရင် ဆက်တင်ပါ ..
မရောက်ဖြစ်လို့လဲ စိတ်မဆိုးတတ်ပါဘူး .. :D
အဆင်ပြေပျော်ရွှင်ပါစေ bro

နေဒေးသစ်။

မယ့်ကိုး said...

အမြဲအားပေးလျက်ပါ။ အားလုံးကို ခင်တဲ့ ကိုခမ်းကီးကို အားလုံးကလည်း ခင်ပါတယ်...
နောက်လည်း e-mail နဲ့ ဆက်ရေးပါဦး...

မိုးခါး said...

လာချင်စိတ်ရှိရင် တနေ့ရောက်မှာပေါ့
ဆက်တင်ပါနော်
အလွမ်းပြေပေါ့း)