
အတုံ့အလှည့်
---------------
သင့်လိုအင်ဆန္ဒပြည့်ဝဖို့သာ
သင်အခါခါတောင့်တလေရဲ့
သင့်ဆန္ဒပြည့်စေရေး
တစ်ခါတစ်လေ
သင်ပေးဝေမှသာ
ဆန္ဒသင့်ဆီပြန်လာမှာ။
အေးမြခြင်းကို သင်တောင့်တလေရဲ့
ဝေဒနာကို သင်ခင်တွယ်လေတော့
သင်သာသောက ပွေရပေါ့။
သင်ခူးဖို့
အသီးတွေရှိနေတာက
သင်စားဖို့
စေတနာနဲ့ စိုက်သူရှိလို့ပါ။
မေတ္တာဆိုတာ
သင့်မှာသာ ရှိနေလျှင်
သာယာခြင်းဆိုတာ
သင်မဖိတ်ပဲလည်း ရောက်လာဦးမည်သာ။
ခွန်ခမ်းဒွမ်
1/3/2012
No comments:
Post a Comment