
ဓါတ်ငါးပါးနဲ့ငါ
ငါ့ခန္ဓာမှာ
ဓါတ်ကြီးငါးပါးနဲ့ ဖွဲ့စည်းထားလေရဲ့
ပထ၀ီ မြေဓါတ်
တေဇော မီးဓါတ်
အာပေါ ရေဓါတ်
ဝါယော လေဓါတ်
သမုဒ္ဒယ ဆိုတဲ့ ချစ်ခြင်းဓါတ်နဲ့ ငါ...
ရှုမှတ်လေတိုင်း
ပေါ်လာတတ်သော ဝေဒနာ
စဉ်ဆက်မပြတ်
နှိပ်စက်တတ်တဲ့ ဝေဒနာ
ဝဋ်နာကံနာထက် ဆိုးတဲ့ဝေဒနာ
ဘ၀နာကင်းတဲ့ ငါ့သွေးမျှင်တစ်လျှောက်
ဝိပသာနာမထောက်
ဓါတ်ငါးပါးမြောက်
လောင်တောက်နေတဲ့ ငါ့ခန္ဓာ။
2 comments:
နောက်ဆုံးဓါတ်ကတော့ အရေးကြီးတယ်ဗျို့..
ချက်ချင်းကို အစွမ်းသတ္တိပြတာပဲဗျ.
...ခင်မင်သောအားဖြင့်...
ခမ်းကီးရေ ကဗျာကောင်းလေးဗျာ။ နှစ်သက်တယ်။
Post a Comment