Tuesday, April 28, 2009
ဓါတ်ငါးပါးနဲ့ငါ
ဓါတ်ငါးပါးနဲ့ငါ
ငါ့ခန္ဓာမှာ
ဓါတ်ကြီးငါးပါးနဲ့ ဖွဲ့စည်းထားလေရဲ့
ပထ၀ီ မြေဓါတ်
တေဇော မီးဓါတ်
အာပေါ ရေဓါတ်
ဝါယော လေဓါတ်
သမုဒ္ဒယ ဆိုတဲ့ ချစ်ခြင်းဓါတ်နဲ့ ငါ...
ရှုမှတ်လေတိုင်း
ပေါ်လာတတ်သော ဝေဒနာ
စဉ်ဆက်မပြတ်
နှိပ်စက်တတ်တဲ့ ဝေဒနာ
ဝဋ်နာကံနာထက် ဆိုးတဲ့ဝေဒနာ
ဘ၀နာကင်းတဲ့ ငါ့သွေးမျှင်တစ်လျှောက်
ဝိပသာနာမထောက်
ဓါတ်ငါးပါးမြောက်
လောင်တောက်နေတဲ့ ငါ့ခန္ဓာ။
Subscribe to:
Post Comments (Atom)
2 comments:
နောက်ဆုံးဓါတ်ကတော့ အရေးကြီးတယ်ဗျို့..
ချက်ချင်းကို အစွမ်းသတ္တိပြတာပဲဗျ.
...ခင်မင်သောအားဖြင့်...
ခမ်းကီးရေ ကဗျာကောင်းလေးဗျာ။ နှစ်သက်တယ်။
Post a Comment