Saturday, May 9, 2009

အမေသို့...





အမေသို့ ….

*-* ချစ်သူက ကျနော့်ကို လူဆိုး… တဲ့။

-*-သူငယ်ချင်းတွေက ကျနော့်ကို လူပို…တဲ့။

**အမေအိုက
ကျနော့်ကို သားလိမ္မာလူပျိုချော …တဲ့လေ။


--သောကအမောကြားမှာ
ပျားသကာချိုတစ်စက်
အမေမြွက်စကား
သား.. အစဉ်ကြားလျှက်ပါအမေ။

ခရီးဆက်တစ်ကိုယ်တော်
အဝေးဆီမှမှန်းမျှော်
ကျေးဇူးတော် အနန္တကို
ချစ်သား ကန်တော့လိုက်ပါသည် … အမေ။


(အမေကိုလွမ်းတုန်း ရေးမိတဲ့ စပ်မိစပ်ရာ ရမ်းကဗျာလေးပါ...)

ခမ်းကီး
၉၊မေ၊၂၀၀၉

3 comments:

Anonymous said...

ကဗျာလေးကကောင်းလိုက်တာနော်
သောကအမောကြားမှာ
ပျားစကာချိုတစ်စက်
အမေမြွက်စကား
သားအစဉ်ကြားလျှက်ပါအမေ။
ကောင်းလိုက်တာ

Sonata Cantata said...

ရင်ထဲ ကဗျာလေးမို့ ထိတယ်

ခမ်းကီး said...

မြူးသျှရီရဲ့အိမ်မှာ သွားပြီး နှုတ်ဆက်ပေမယ့်
room မတွေ့ဘူး ဖြစ်နေတယ်။
ဒီကနေပဲ ကျေးဇူးတင်ပါကြောင်း..
လေးစားစွာဖြင့်
ခမ်းကီး