အကြောင်းအမျိုးမျိုး ချမ်းသာနေတဲ့လူ ရှိကြသလို၊ ချမ်းသာဖို့ရန် နည်းလမ်းစုံ ရှာဖွေနေဆဲ လူတွေလည်း ရှိကြမှာပါပဲ။
ဒေးလ်ကာနက်ဂျီရဲ့နည်းကို သုံးပြီး ချမ်းသာတဲ့လိုတဲ့ လူတွေရှီသလို၊ အင်ဒရူး ကာလ်နက်ဂျီရဲ့နည်းကို သုံးပြီး ချမ်းသာတဲ့လူတွေလည်း ရှိကြမှာပါနော်။
သို့သော်.. အကြောင်းအမျိုးမျိုးကြောင့်လည်း ထူးဆန်းတဲ့ ချမ်းသာနည်းကို ရှာဖွေသူလည်း ရှိကြမှာပါ။
ဒီနေ့တော့ ပေါ့ပေါ့ပါးပါး ပို့စ်အဖြစ် ထိုင်းနိုင်ငံသားတစ်ချို့ရဲ့ ချမ်းသာနည်းကို လေ့လာကြည့်ရအောင်။
ဘာသာရေးမဟုတ်၊ ဓလေ့ထုံးတမ်းလည်း မဟုတ်တဲ့ မိမိယုံကြည်မှုနဲ့ မိမိကံတရားအရပေါ့။
အခွင့်အရေးကို အရယူတဲ့လူလို့ လှလှပပ တင်စားလိုက ရနိုင်ပါရဲ့။
သူတို့တွေ ထူးဆန်းသော အရာအပေါ် ဘာတွေ လုပ်နေသလဲဆိုတာ ပုံပါအတိုင်း ကြည့်ကြတာပေါ့နော...။
အချို့သော တင်ပြမှုမျှသာပါ။ အားလုံးကို တင်ပြခဲ့ရင် ဖတ်မကုန်မှာစိုးလို့ပါ။
(သိဖူးမြင်ဖူးသည်ရှိအောင် ဆိုတဲ့ ရည်ရွယ်ချက်ဖြင့်သာ)

ထူးဆန်းသောဥအား ဤသို့ ပူဇော်၏။

လက်ဝါးပုံထစ်နေသော ဤသရက်သီးမှ ချဲအတိတ်ယူကြရအောင်

သာမန်ဥထက် များစွာကြီးသော ထူးဆန်းသောဥကြီး

ဤထူးဆန်းသောဥကြီးသည် ချဲဂဏန်းပေးပါစေသား..

အိမ်မြှောင်နီထံပါး ချဲဂဏန်းရလိုပါ၏။

လာဘ်လာဘ ပေးသည်ဆိုသော အိမ်မြှောင်နီ
လေးစားစွာဖြင့်
ခမ်းကီး
၁၄၊မေ၊၂၀၀၉
2 comments:
တမျိုးစီပဲနော် ..း)
အိမ်မြှောင်နီဆိုရင် လာဘ်လာဘ ပေးသတဲ့ဟ။ အိမ်က အိမ်မြှောင်တွေကို လိုက်ဖမ်းပြီး သင်္ဘောဆေးသုတ်ပစ်ဦးမယ်။ လာလေရော့။
Post a Comment