Wednesday, May 27, 2009

စေတနာရှင်




Brian Burnie တစ်ယောက် ခြောက်ဆယ့်ငါးနှစ်ပြည့် မွေးနေ့ပွဲ ကျင်းပပြီး သိပ်မကြာခင်မှာပဲ သူပိုင်ဆိုင်တဲ့ Doxford Hall Hotel and Spa ကို ရောင်းချဖို့ ကြော်ငြာခဲ့ပါတယ်။

1993 ကတည်းက ဖွင့်လှစ်လာခဲ့တဲ့ သူ့ဟိုတယ်လ်က အတော်ကြီးကို အောင်မြင်နေပါပြီ။ ဒီဟိုတယ်လ်က Chathill, Alnwick, Northumberland မှာပါ။

အခုတော့ ရောင်းချဖို့ ကြော်ငြာနေတော့ သူ့ရဲ့ စာရင်းကိုင်တွေက ဘရိုင်အန်ရူးနေပြီလားလို့တောင် ထင်နေကြတယ်။

ပြီးတော့ စတာလင်ပေါင်တန်ဖိုး (၁၆)သန်း ရှိ ဟိုတယ်လ်ရောင်းရငွေကိုလည်း ကင်ဆာရောဂါဆိုင်ရာကုသိုလ်ဖြစ် ဖောင်ဒေးရှင်းတစ်ခုမှာ အကုန်လှူဒါန်းဖို့ ဆုံးဖြတ်ထားပါသေးတယ်။

ကျနော်တို့ဆီမှာဆိုရင် တရားသဘောနားလည်သွားပြီလို့ ဆိုနိုင်မလားပဲ…။ သူ့ဇနီး Shirley က ရင်သားကင်ဆာဘေးကနေ သီသီလေး လွတ်လာခဲ့လို့ပါ။ အသက်ထက် ဘာမျှ အရေးမကြီးတာ သဘောပေါက်ခဲ့ပုံရတယ်။

အသက် ၆၅ရှိ ဘရိုင်အန်နဲ့ အသက် ၆၀ ရှယ်လီတို့ ဟိုတယ်လ်ရောင်းပြီးရင် ရိုးရိုးသာမန်အိမ်လေးတစ်လုံး ၀ယ်ပြီး အေးအေးဆေးဆေးနေဖို့ စိတ်ကူးထားပါတယ်။

“ ကျနော်ရဲ့ ရည်မှန်းချက်က ကျနော်သေရင် ငွေတစ်ပြားသားမှ ပါမသွားဖို့ပါ။ မွေးစက ဘာမှ မပါခဲ့သလို နောက်ဆုံးလည်း ဘာမှ ပါမသွားပါဘူးလေ….။ “

('We come into this world with nothing and we should leave with nothing,')

“ လူ့အဖွဲ့အစည်းအတွက် ကျနော် ကျေးဇူးပြန်ဆပ်လိုပါတယ်။ ဆောက်လုပ်ရေးလုပ်ငန်းကြီး ပိုင်ရှင်ဖြစ်ဖို့ရယ် ငွေရေးကြေးရေး ချမ်းသာကြွယ်ဝဖို့ရယ်က အရေးကြီးပါတယ်။ ဒါပေမယ့် လူသားတစ်ယောက်လောက်တော့ အရေးမကြီးလှပါဘူး”

အခုဆို လူတွေလေ့လာဖို့ ဖွင့်ထားတဲ့ ပြခန်းသဖွယ် ဂေဟာလေးတစ်ခု ဖွင့်ထားပါတယ်။ သူ့လုပ်ရပ်မျိုး တစ်ခြားသော သူဌေးများ၊ ကုမ္ပဏီပိုင်ရှင်ကြီးများလည်း အတုယူကြဖို့ သူမျှော်လင့်ပါကြောင်း ပြောသွားပါတယ်။
သူ့လို စွန့်ဝံ့သူမျိုးက တကယ့်အသည်းနှလုံးအကြီးဆုံး လူသာဖြစ်နိုင်မှာပါလို့ သူ့ကိုယ်ရေး လက်ထောက်တွေ အံ့မကုန် ဖြစ်ချိန်မှာ သူက အဲဒီအသည်းကြီးက သူ့လို လူအိုတစ်ယောက်ရဲ့ ရင်ထဲမှာ လာရှိနေတာ နှမြှောဖို့တော့ ကောင်းပါရဲ့လို့ ပြောဆိုသွားပါသေးတယ်။




'We come into this world with nothing and we should leave with nothing,'




Doxford Hall Hotel and Spa.
Chathill, Alnwick, Northumberland










( manager.co.th မှ ရယူပါသည်)

ခမ်းကီး
၂၇၊မေ၊၂၀၀၉


2 comments:

Anonymous said...

သဘောကျဖို့လည်း ကောင်းသလို တရားကျဖို့ ကောင်းပါတယ် ကို ခမ်းတီးရေ ...

Anonymous said...

အဲဒီတရားတွေကို သိပေမယ့်
အခုထိတော့ မလုပ်နိုင်သေးဘူး။