
မှန်ထဲက ငါ
ပြီးခဲ့တဲ့နှစ်ကလည်း ငါလိမ်ခဲ့တယ်။
ပြီးခဲ့တဲ့လကလည်း ငါလိမ်ပြီးပြီ။
မနေ့ကလည်း ငါလိမ်ခဲ့သေးတယ်။
ဒီနေ့လည်း ငါလိမ်မိနေသေး။
အခုလည်း ငါလိမ်ဖို့ စဉ်းစားနေတယ်။
သူတို့မသိလို့ ငါလိမ်နေတယ်။
ငါလိမ်နေတာ သူတို့ မသိကြဘူး။
သူတို့ မသိလို့ ငါဆက်လိမ်မယ်။
ငါလိမ်တာကို သူတို့ သဘောကျတယ်။
လိမ်ပွဲကြီးကို သူတို့ ကျင်းပနေတယ်။
လိမ်ညာသံနဲ့ သူတို့ ကြွေးကြော်နေတယ်။
ငလိမ်ငါ့ကို သူတို့ ကောင်းချီးပေးနေတယ်။
ကောင်းချီးသံကြားမှာ ငါ ကြည်နူးနေတယ်။
ငါမှငါဟဲ့လို့ ငါ ကြွေးကြော်ပစ်လိုက်တယ်။
ငါဟာ ငလိမ်… ငါဟာ ငလိမ်… ငါဟာ ငလိမ်………။
ခမ်းကီး
၂၀၊မေ၊၂၀၀၉
2 comments:
aww .. ငါလည်း ငလိမ်ပါလား .. :D
ကျွန်တော်က လူညာဗျ လူလိမ်ဟုတ်ဖူး ဟဲဟဲ၊ တော်သေးတယ် တလုံးထဲ ကွဲသွားလို့။
Post a Comment