Friday, June 26, 2009

သစ်ရွက်၊ ရေစက်၊ ခွဲထွက်၊ နှုတ်ဆက်



သစ်ရွက်တစ်ရွက်သည်လည်း ဆေးဖက်ဝင်တတ်သည်
ရေကြည်တစ်ပေါက်သည်လည်း အကျုံးဝင်လှသည်
ဝိုးဝါးမပီ ခံယူချက်နဲ့
လူတစ်ကာကို ၀င်နှုတ်ဆက်
အင်တာနက် ကွန်ယက်တဲ့ သူမမှီ…။

ကံကြမ္မာဝဲဂယက်
နှုတ်ဆက်ဖို့ အကြောင်းဖန်ပြီ
ဝေးရတောမည်…။


အခုတော့လည်း …
တောမြိုင်လယ်က သစ်တစ်ရွက်
လေအနှက်မှာ လွင့်ရပြီ
ရေကြည်တစ်ပေါက်လည်း
ချောင်းရေထဲ ကျခဲ့ပြီ
ဝိုးတစ်ဝါးမပီ သည်ကွန်ယက်မှ
နှုတ်ဆက်ခဲ့ပါသည်..
ကံမကုန်လျှင် ပြန်ဆုံဦးပေါ့
လမ်းကြုံလျှင် ရင်ခုန်ဦးမည်
အခုတော့..
ဟိုး.. အဝေးသို့ချီ။

သစ်ရွက်လည်းဆေးမမည်
ရေကြည့်လည်းစွမ်းမထက်တော့
အင်တာနက်မှ ခွဲထွက်ရတော့မည်မို့
မျက်ရည်များစွာဖြင့်
အားလုံးကို
(ခမ်းကီး)
နှုတ်ဆက်ခဲ့ပါသည်။

(ခမ်းကီး၏ ဘလော့ဂ်စာမျက်နှာဖြင့် အမှတ်တရ ဖြစ်ပါစေ)
ခမ်းကီး
၂၆၊ဇွန်၊၂၀၀၉



ဆက်လက်ဖတ်ရှူရန်...

Tuesday, June 23, 2009

လွမ်းမိသေးသော မွေးနေ့(သာမညဆရာတော်)




လွမ်းလို့ရယ် မကုန်နိုင်နိုင်တဲ့ ၀ါဆိုမိုးသဲအောက်မှာ လွမ်းစရာက အကြောင်းကိုယ်စီနဲ့ ကြုံရဦးမှာပေါ့..။

ဒီလို ၀ါဆိုလဆန်း မှိုင်းညို့ညို့မိုးသားအောက်မှာ ခမ်းဒွမ်သားပအိုဝ်းတွေ ပိုပြီး လွမ်းကြ၊ သတိရကြနေဦးမှာမို့လေ…။

ဝါဆိုလဆန်း(၆)ရက်နေ့…။

အရင်ဆယ်စုနှစ်တုန်းက ဒီဝါဆိုလဆန်း(၆) ရက်နေ့မှာ ထူးမြတ်တဲ့ ပွဲတော်ကြီး ကျင်းပခဲ့ဖူးကြတယ်လေ..။

ဝမ်းနည်းလို့ မဆုံးခင် ရင်နင့်စရာ ထပ်ဆင့်ကဲခဲ့ရတဲ့ ခမ်းဒွမ်သားတို့ရဲ့ နှလုံးအိမ်ထဲ ဒီနေ့ထူးကို အမှတ်ရ၊ လွမ်းနေဦးမှာပါလေ…..။

ဒီနှစ်အဖို့ ၀ါလဆန်း(၆)ရက်နေ့က ဇွတ်လ(၂၇)နေ့နဲ့ ဆုံပါတယ်။ အရင်ကဆို ဒီလို နေ့ထူးနဲ့ နီးလာရင် ခမ်းဒွမ်သားတို့ ရင်ခုန်ကြည်နူးခြင်းများစွာနဲ့ မွေးနေ့ပွဲကြီးကို မျှော်လင့်နေတတ်ကြတယ်။


အခုတော့ ၀မ်းနည်းခြင်း။ ခံပြင်းခြင်း များစွာဖြင့်….။

အခုတော့ မွေးနေ့ရှင်အား ရင်၌သာ တမ်းတဖူးမျှော်ရင်းဖြင့်သာ…။

အို… ဆရာတော်ဘုရား… တပည့်တော်တို့ လွမ်းအားငယ်လှပါသည်ဘုရား..။

ဟုတ်ပါတယ်.. အရင်ကဆို ခမ်းဒွမ်သူ၊ ခမ်းဒွမ်သားတို့ ၀ါဆိုလဆန်း(၆)ရက်နေ့ သာမညဆရာတော်ဘုရားရဲ့ ၀ိဇာတမွေးနေ့သဘင်ကို ကျင်းပခဲ့ကြတယ်လေ…။

သောင်းချီသော ရဟန်းရှင်လူ ဧည့်ပရိတ်သတ်များစွာ ဆရာတော်ဘုရားထံပါး မေတ္တာရေကြည် တရားမှီဖို့ လာရောက်ဖူးမြှော် ကုသိုလ်တော်ပွါးလိုက်ကြပုံများ..။ အခုတော့ တိတ်ဆိတ်သော သာမညတောရ အသွင်မျှသာရယ်…။

ကိုးကွယ်ပူဇော်ရန် ကြွင်းကျန်ရစ်သော ရုပ်ကလပ်တော်လည်း ဘယ်ဆီဘယ်ဝယ်ရယ်မသိ…။ တပည့်သာဝေကများ ရင်မှာ မချိလှပါဘုရား…။

သာမညမနုဿ တပည့်တော်မှ ၀ါဆိုလဆန်း အလွမ်းပန်းဖြင့် ခြောက်ရက်မြတ်နေ့ မမေ့အပ်ငှါ ဖူးမြှော်မှန်းစွာ စာပဒေသာအား ရေးသားအပ်ပါသည်ဘုရား…။ တပည့်တော် ပူဇော်ကန်တော့ပါသည် ဆရာတော်ဘုရား။




ဝ မရှိရင် ၀ိ မလုပ်ဖို့ ဆရာတော်ဘုရား ဟောလေ့ရှိတယ်



ထေရုပ္ပတ္ထိအကျဉ်း



ဟောင်းလောင်းဂူဗိမာန်တော်



ရုပ်ကလပ်တော် မရှိတော့လေသော ဂူဗိမာန်တော်



သာယာဝတီမြို့ဟု ဆရာတော်ဘုရား အမည်မှဲ့ခဲ့သော တောင်ခြေရှိရွာကြီး


အမှတ်တရ စာမျက်နှာများ-


ဗွီဒီယို-
http://www.dhammaweb.net/videodb/author.php?author=Thamanya%20Sayadaw

ဓါတ်ပုံများ-
http://www.dhammaweb.net/Sayadaw/subject.php?keyword=Thamanya%20Sayadaw%20U%20Vinaya


http://www.uzo.net/asia/burma/burma000/burma007.htm


Thamanya Sayadaw passes away
YANGON, 29 Nov - The Department for Promotion and Propagation of the Sasana today announced that Presiding Sayadaw of Thamanya Hill Monastery in Hpa-an Township, Kayin State, Abhidhaja Agga Maha Saddhamma Jotika Bhaddanta Vinaya passed away at 9 am on 6th Waxing of Nadaw 1365 ME (29-11-20030).

Brief biography of the Sayadaw

The Sayadaw was born of U TaungO and Daw Ohn at Kawtkyaik PaO Village in Hpa-an Township on 6th Waxing of First Waso 1272 ME (Wednesday).

He was novitiated by Kyangin Monastery Sayadaw Bhaddanta Acara in Mawlamyine in 1285 ME with the sponsorship of his parents. At 7 am on 15th Waning of Kason 1292 ME (Friday), he was ordained by Sayadaw Bhaddanta Acara at Khanda Ordination Hall of Yadana Bon Myint Monastery in Mawlamyine with the sponsorship of his parents.

Then, he studied Pariyatti (the three repositories of Buddhist Scriptures) under Kawtkyaik PaO Village Monastery Sayadaw, Mawlamyine Yadana Bon Myint Monastery Sayadaw, Kyangin Monastery Sayadaw Bhaddanta Acara, Mottama Kywechan Monastery Sayadaw, Kadogwin Monastery Sayadaw and Taikkala Taungsun Thayetkon Monastery Sayadaw Bhaddanta Indacara. He also learnt Patipatti (meditation).

The Sayadaw taught Buddhist literature to his disciples of monks and novices at Wahsu Monastery and Thamanya Hill Monastery in Hpa-an Township. Until his demise, he carried out missionary tasks to the best of his ability such as teaching methods of meditation to some 500 monks, novices and nuns who resided in Thamanya Hill Monastery; always observing Aranñakan Dhutin; and daily giving sermons and discourses to 100 to 500 lay persons who visited him.

In response to the attributions and brilliant missionary performance of the Sayadaw, the government conferred the title "Abhidhaja Agga Maha Saddhamma Jotika" on the Sayadaw on 21 November 1991.

At the age of 93, Vasa 73, the Sayadaw passed away at 9 am on 29 November 2003.

(http://www.myanmar.gov.mm/religious/buddha2003/nov/nov29.html 0



Glass coffin with body of Buddhist monk stolen
Nine armed thieves entered a Myanmar monastery, took revered monk



updated 6:24 p.m. ET April 2, 2008
YANGON, Myanmar - A group of armed men on Wednesday stole the body of one of Myanmar's most revered Buddhist monks, whose corpse has been preserved in a glass coffin since he died more than four years ago.
Officials said the coffin containing the body of Sayadaw Bhaddanta Vinaya, better known as Thamanya Sayadaw, was stolen from the monastery in eastern Myanmar where he had preached.
The officials, who insisted on anonymity because they were not authorized to release information, said at least nine armed men wearing camouflage clothing carried out the theft. They said they had no idea who they were or why they took the body.

ဆက်လက်ဖတ်ရှူရန်...

Sunday, June 21, 2009

အပျိုကြီးတို့.. များ




အိမ်ထောင်ဖက် ရှာဖွေပေးတဲ့ ကုမ္ပဏီတစ်ခုက ကိုးရီးယားအပျိုမကြီး တစ်ယောက်အတွက် လင်ယောက်ျားအဖြစ် လျှောက်လွှာလက်ခံနေပါကြောင်း…..။

အိုးဟို… အခုဆို လျှောက်လွှာတင်သူပေါင်း လေးရာနီးပါးရှိနေပါပြီတဲ့..။ လျှောက်လွှာတင်တဲ့ လူပျိုကြီး၊ လူပျိုကလေး အရွယ်စုံလို့…။ အသက် ၂၆ကနေ အသက် ၄၉နှစ်အထိရှိတဲ့ ဆရာဝန်၊ ရှေ့နေ၊ စာရင်းကိုင်၊ ကုမ္ပဏီဝန်ထမ်းတွေ အဆုံးပါပဲ။

အသက်၄၉နှစ် ရှိတဲ့ အပျိုမကြီးက အရမ်းကို အလုပ်ရှပ်လွန်းလို့ ခင်ပွန်းယောက်ျားရှာချိန် မရဘူးတဲ့…။ သူမရဲ့ ပိုင်ဆိုင်မှု အစုစုက အနေရိကန်ဒေါ်လာ သန်း-၁၈၀ လောက်ရှိနေပြီတဲ့။

အိမ်ထောင်ကျသင့်ပြီလို့ တွေးမိပုံရတယ်။ အချိန် မပေးနိုင်တော့ အေးဂျင့်ကို ငှါးပြီး ရှာခိုင်းရတာပေါ့။ လျှောက်လွှာတင်ပြီးသား လေးရာနီးပါးထဲက လက်ရွေးစင် ရှစ်ယောက်မျှသာ သူမနဲ့ အင်တာဗျူးခွင့်ရမယ်။

လျှောက်လွှာတင်မယ့်ရက်ကို ဇွန်လကုန်အထိ စောပိုင်းက ပြောထားပေမယ့် လျှောက်လွှာတင်တဲ့ ကိုယ်တော်ချော ယောက်ျားတွေများလွန်းတော့ လာမယ့် ၂၃ဇွန်အထိသာ လက်ခံသွားမှာ ဖြစ်ကြောင်း..။

အဲဒီ လက်ရွေးစင် ၈ ယောက်ကို တစ်လ ၂ ယောက်ကနေ သုံးယောက်အထိ အပျိုကြီးကိုယ်တိုင် အင်တာဗျူး သွားပါ့မယ်။ ဘယ်သူက သတို့သားလောင်း ဖြစ်မလဲဆိုတာ နောက်သုံးလလောက်ကျရင် သိရမှာပေါ့…။

အင်း… အပျိုကြီးက ဘာတွေ အင်တာဗျူးလေမလဲ.. သိချင်လိုက်တာ။ ^__^

(အပျိုကြီးတို့ နှလုံးသားက ဒေါ်လာနဲ့ ဖွဲ့စည်းထားပုံရတယ်.. ^__^ )

ကဲ.. ဘလော့ဂါ လူပျိုကြီးတို့ရေ.. ဇွန်-၂၃ ရက်နေ့အထိ သတို့သားလောင်း လျှောက်နိုင်ပါကြောင်း..။

ခမ်းကီး
၂၁၊ဇွန်၊၂၀၀၉


ဆက်လက်ဖတ်ရှူရန်...

Saturday, June 20, 2009

ကျောင်းတုန်းက သူငယ်ချင်းများသို့




မိုး..

လွမ်းတတ်သူတွေအတွက် လွမ်းအောင်ဖန်တဲ့မိုး….။
မလွမ်းတတ်သူအတွက် သတိရစိတ် ဖြစ်ပေါ်စေတဲ့ မိုးရယ်ပါ…။

မိုး…

မိုးကြောင့် လွမ်းရ၊ သတိရပြန်ပြီပေါ့…။ ဟုတ်တယ်… အခုလို မိုးဦးရာသီ ကျောင်းဖွင့်ချိန်ဆို ပိုပြီး လွမ်းနေရလို့ပါ။

ကျောင်းသားဘ၀ကို လွမ်းတယ်။ သူငယ်ချင်းတွေကို သတိရတယ်….။

(သူငယ်ချင်းတို့ရေ.. မင်းတို့ ဘယ်ဆီမှာလဲဝေ့…….။

မင်းတို့ရော ငါလွမ်းသလို လွမ်းမိကြပါရဲ့လား….။ ငါကိုမှ သတိရကြသေးလား…ဝေ့။ )

တိုက်ဆိုင်မှုများစွာနဲ့ ဆက်တိုက် ကြုံနေရလို့ ကျောင်းသားဘ၀ကို မလွမ်းပဲ မနေနိုင်တော့ဘူး။ နှစ်ကာလများစွာ ဖြတ်သန်းလာပြီးမှ ငယ်မူပြန်ချင်စိတ် ပေါက်လာတယ်။

ရည်ရွယ်ချက် အလွဲကိုယ်စီနဲ့ တစ်ယောက်တစ်နေရာစီ ရောက်နေတဲ့ သူငယ်ချင်း ဆယ့်တစ်ယောက်ကို လွမ်းလိုက်တာ။

ဟုတ်တယ်.. ခမ်းကီးရဲ့ အထက်တန်းကျောင်းသားဘ၀ အခင်မင်ဆုံး သူငယ်ချင်း (ခမ်းကီးအပါ) ဆယ်နှစ်ယောက် အကြောင်းကို ရင်ဖွင့်ချင်လာတယ်။ ရည်မှန်းချက် မြင်မားခဲ့တဲ့ သူတို့ကို လွမ်းတယ်။ (ဖူးစာမဆုံလေတဲ့ သူတို့ကို လွမ်းတယ်)

ဒီပို့စ်လေးကို သူတို့တွေ ဖတ်မှ ဖတ်မိနိုင်ပါ့မလား…။ (မဖတ်ဖြစ်ဖို့က များနေတယ်) ဒါပေမယ့် အမှတ်တရတော့ ပြောပြချင်သေးတယ်။

ခမ်းကီး အထက်တန်းတက်ရမယ့်နှစ်မှာ ရွာက အလယ်တန်းကျောင်းက အထက်တန်းကျောင်းကြီးအဖြစ် ဖွင့်လှစ်တဲ့နှစ်နဲ့ကြုံတော့ ခမ်းကီးအတွက် သိပ်အဆင်ပြေခဲ့တာပေါ့။ မဟုတ်ရင် မြို့ပေါ်တက်ပြီး စရိတ်များစွာ၊ ဒုက္ခများစွာ ကြုံရတဲ့ နယ်ကျောင်းသားအဖြစ်ကို ကြုံနေရဦးမှာ..။

ဟိုတုန်းက ရှစ်တန်းက အစိုးရစစ်ပေါ့။ ရှစ်တန်းကို ငါးဆယ်ကျော် ၀င်ဖြေတာ ခြောက်ယောက်တောင် အောင်ခဲ့တာ။ ဒီအထဲမှာ နှစ်ချင်းပေါက်က ခမ်းကီးနဲ့ မိမိုးဆိုတဲ့ သူငယ်ချင်း နှစ်ယောက်တောင် ပါခဲ့သေး။ (^__^)

သိပ္ပံတွဲကိုးတန်းရောက်တော့ ခမ်းကီးဆို့ ခြောက်ယောက်ရယ်၊ တစ်ခြားရွာက အထက်တန်းလာတက်တဲ့ ခြောက်ယောက်ရယ် လာဆုံဖြစ်သွားတယ်။ မှတ်မှတ်ရရ ဆယ်တန်းမှာကျတော့ မြို့ပေါ်က ဆယ်တန်းကျလာတဲ့ ရွာခံကျောင်းသားတွေ ပြန်ပြောင်းလာတဲ့ လေးယောက်ရှိဖူးတယ်။
ဆယ့်နှစ်ယောက်ထဲမှာ ဗမာစစ်စစ်က တစ်ယောက်တည်းပါတယ်။ ကျန်တာက ကရင်၊ ပအိုဝ်း၊ မွန်နဲ့ ကုလားတစ်ယောက်ပါ ပါလိုက်သေး။

သူများအတန်းတွေမှာ မိန်းကလေးကျောင်းသူ များလေ့ရှိပေမယ့် ခမ်းကီးတို့အတန်းမှာ မိန်းကလေး လေးယောက်၊ ယောက်ျားလေး ရှစ်ယောက် ဖြစ်နေတယ်။ မိန်းကလေးတွေကလည်း တစ်ယောက်မှ မချော (ခမ်းကီးမျက်လုံးအားဖြင့်)တော့ လုဘက် သိပ်မရှိဘူးပေါ့။ (^__^)

အဟဲ… သိပ္ပံတွဲသမားတွေဆိုတော့ လူတော်အခန်းပေါ့။ ဆယ်တန်းမှာ အောင်ချက်ကောင်းမယ့်အဖွဲ့တွေ ဆိုပြီး ဆရာ၊ဆရာမတွေ တစ်ပေးခံရတဲ့အတန်းပေါ့။

သိပ္ပံတွဲသမားမို့ ဆရာဝန်ရူး၊ အင်ဂျင်နီယာရူး ရူးလိုက်ကြတာ..။

အဲဒီတုန်းက ခမ်းကီးတို့နယ်မှာ ကျူရှင်ဆိုတာ မရှိသေးဘူး။( ကြားဖူးတဲ့အဆင့်မျှသာ ရှိတယ်)။ ဆရာ၊ဆရာမတွေကလည်း ကျူရှင်ဖွင့်စားဖို့လည်း မတွေးခဲ့ကြပါဘူး။ တပည့်တွေကို တတ်စေချင်လွန်းလို့ အချိန်ပိုခေါ်ပြီး သင်ကြားပေးတဲ့ ခေတ်ပေါ့။ စနေ၊ တနင်္ဂနွေ ကျောင်းပိတ်ရက်တွေဆို တစ်ဘာသာကို သုံးနာရီ၊ လေးနာရီတန်သည် ခေါ်ပြီးသင်ပေးကြ၊ ကျောင်းဖွင့်ရက်မှာလည်း ညနေပိုင်းမှာ သူတို့အိမ်မှာ အချိန်ပို သင်ပေးကြနဲ့….။ ဆရာသမားရဲ့ စေတနာဆိုတာ ခမ်းကီးတိုဲ့အပြည့်အ၀ရခဲ့ကြတဲ့ အချိန်ကာလရယ်ပါ။

ယောက်ျားလေးမှာ ခွန်သစ်လွင်က ရုပ်အချောဆုံးနဲ့ အပြောအကောင်းဆုံး။ ကောင်းအပြေးနိုင်ဆုံးက ခွန်ချစ်ထူး၊ တစ်ပတ်လုံး ကျောင်းရက်ပြည့်တက်တယ်လို့ မရှိခဲ့ဘူး။ ထူးဆန်းထွေလာ ပြောလေ့ရှိတဲ့သူက စောထိန်ဝင်း၊ သူက နိုင်ငံတစ်ကာသတင်းတွေဖတ်ပြီး ဖေါက်သယ် ပြန်ချပေးလေ့ရှိတယ်။

စကားအနည်းဆုံးနဲ့ အအေးဆုံးက မောင်နိုင်ကျော်၊ တစ်နေ့လုံးနေလို့ ဘယ်သူနဲ့မှ စကားမပြောပဲ နေတတ်သူ။ လူမှုရေးမှာ အတက်ကြွဆုံးက စောတင်ထွဋ်၊ ကြက်ခြေနီလား၊ ကျောင်းကျန်းမာရေးလား၊ အလှူအတန်း အစုံ သူကအရင်ဦးဆောင်တတ်သူ။

အူကြောင်ကြားလို့ အခေါ်အခံရဆုံးက ခွန်ဆန်းအောင်၊ ကျောင်းသူချောချောဆို အကုန် ရည်းစားစာ ပေးတတ်တဲ့လူ။ တစ်ယောက်မှ ပြန်ကြည်တယ်လို့ မကြားခဲ့ရဘူး။ ဆရာ၊ဆရာမတွေကို အကြောက်ဆုံးက တူးတူး(ခ)ကုလားလေး၊ အိမ်စာမပြီးလို့ ဆရာတွေကို ကြောက်ရ၊ ကျောင်းချိန် နောက်ကျမှာစိုးလို့ အစောကြီး ကျောင်းရောက်တတ်သူ။

အဟမ်း… ယောက်ျားလေး တစ်ယောက်ပဲ ကျန်တယ်။ ခမ်းကီးအလှည့်ပေါ့… ^__^

စာသွားသင်ပါတယ်ဆိုမှ စာအုပ်အစုံ တစ်ခါမှ မယူသွားတတ်တဲ့သူက ခမ်းကီး။ သင်္ချာစာအုပ်ဆို ပိုဆိုး။ အိမ်မှာ အသစ်အတိုင်း ရှိနေတယ်။ သင်္ချာချိန်ဆို တစ်ယောက်ယောက်ရဲ့ဘေးမှာ ခမ်းကီး ကပ်နေရတော့တာပဲ။ ^__^

ကဲ.. မိန်းကလေးအလှည့်။ အချောဆုဆုံးက မိမိုးကို ပေးရမယ်။ မွန်မဆိုပေမယ့် အသားဖြူဖြူလေးရယ်၊ သူများတွေရဲ့ရမှတ်ကို တစ်ချိန်လုံး လိုက်စပ်စုနေတတ်တယ်။ စာအတော်ဆုံးက နန်းတင်တင်သိန်း၊ စာပဲ စိတ်ဝင်စားပြီး အေးအေးနေလေ့ရှိတယ်။ မိန်းကလေးဆိုပေမယ့် တစ်ခါမှ မိတ်ကပ်လိမ်းတာ မတွေ့ဖူးဘူး။ အပျိုကြီး ဖြစ်မယ့်ရုပ်လို့ အားလုံးက ထင်ကြေးပေးထားကြတယ်။

အကောင်အသေးဆုံးနဲ့ အမဲဆုံးက နန်းဆွေဆွေလင်း၊ အတန်းမှာ ကလေးလို့ အခေါ်ခံရသူ။ အမကြီးလို့ အခေါ်ခံရသူက နန်းချိုချို၊ ဆယ်တန်းကျနဲ့ အသက်အကြီးဆုံး။

ကျောင်းသစ်၊ အတန်းသစ်၊ သူငယ်ချင်းသစ်တွေနဲ့မို့ အပျော်ဆုံးအချိန်ကာလပေါ့…။

အဲဒီတုန်းက စက်ဘီးခေတ်မို့ အားလုံးက စက်ဘီးကိုယ်စီနဲ့ရယ်။ ဘယ်သွားသွား၊ ဘယ်လာလာ စက်ဘီးနဲ့ အုပ်စုလိုက် ပျော်စရာကြီး။

ပထမဆုံး ဇာတ်လမ်းစတဲ့သူက ခွန်သစ်လွင်နဲ့ မိမိုး…။ စာကူးချဖို့ စာအုပ်တွေ ငှါးကြရင်းက ရည်းစားစာပါ အပိုထည့်ပေးကြသတဲ့လေ…။

အချောဆုံး အချင်းချင်းမို့ အားလုံးက သဘောတူပါတယ်ပေါ့…။ ဆရာမတွေ မသိအောင် အားလုံးက ၀ိုင်းဖုံးဖိပေးကြပါတယ်။ ဇာတ်လမ်းရှုပ်အောင် လုပ်တဲ့သူက အူကြောင်ကြား ခွန်ဆန်းအောင်။ မိမိုးကို ရည်းစားစာ ပေးသတဲ့။

ပြသာနာကို မနည်း ရှင်းလိုက်တယ်။ ဘယ်လိုကနေ ဘယ်လိုကြွေသွားသလဲ မသိဘူးတဲ့။ ခွန်သစ်လွင်ကို မနည်း တောင်းပန်လိုက်ရတယ်။ အားလုံးက ချစ်ချစ်ခင်ခင် ပြန်ဖြစ်ခဲ့ကြပါတယ်။

ပထမအစမ်းအပြီး နှစ်ဝက်လောက်မှာ နိုင်ကျော်နဲ့ ချစ်ထူးက အိမ်တစ်လုံး အတူငှါးနေကြတော့ ယောက်ျားလေးတွေ ဘိခ်ျ(ဂေဟာ)လေး တစ်ခုရခဲ့တယ်။ ကျောင်းပိတ်ရက်ဆို သူတို့အိမ်မှာ စုပြုံနေတော့တယ်။

အဲဒီတုန်းက သာမညတောင် နာမည်ကြီးစပေါ့…။ သာမညဆရာတော်ဘုရား ဘုန်းတန်ခိုးကြီးကြောင်း ကျော်ကြားစ အချိန်။

စက်ဘီးကိုယ်စီနဲ့ ဆရာတော်ဘုရားကို သွားဖူးခဲ့ကြတာ မှတ်မိသေးတယ်။ စာမေးပွဲအောင်ဖို့ သိဒ္ဓိတင်ခဲ့ရတာလည်း အကြိမ်ကြိမ်အလီလီ..။

ဒုတိယအစမ်းစာမေးပွဲ ဖြေခါနီးတစ်ရက်မှာ ၀မ်းနည်းစရာအကြောင်းက ဖန်လာခဲ့တယ်။ နိုင်ကျော့်အဖေဆုံးသွားတဲ့ သတင်းကို ကြားခဲ့ရတယ်။ သူက အဝေးကနေ ကျောင်းလာတက်ရတာ။ သူ့အဖေ အသုဘကိစ္စပြန်သွားပြီးတော့ ပြန်မလာတော့ဘူး။

အားလုံးကလည်း သူ့အတွက် စိတ်ပူတာပေါ့။ သူ့ရွာအထိ လိုက်သွားခဲ့ကြတယ်။ အစ်ကိုကြီးအဖရာဆိုပြီး သူက စွန့်စားခန်း လုပ်တော့မလို့။ အားလုံးက သူတစ်ခွန်းငါတစ်မျိုး ချော့ယူရတယ်။ သူ့အမေကလည်း ကျောင်းဆက်တက်စေချင်တဲ့ဆန္ဒရှိနေတော့ ကျောင်းပြန်တက်ဖြစ်သွားတယ်။

မမေ့နိုင်စရာက နွေရာသီ ကျောင်းမပိတ်ခင် ပျော်ပွဲစားထွက်ခဲ့ကြတုန်းကပေါ့။

တူးတူးက မွတ်ဆလင်ဖြစ်နေတော့ အစားအသောက်ကို သူ့ကိုပဲ ဦးစားပေးလိုက်ကြတယ်။ အားလုံး စားရအောင်ပေါ့။ နေရာကိုတော့ ရွာအရှေ့က လွမ်းညတောင်ခြေ တောစပ်ကို ရွေးလိုက်တယ်။

စားလို့သောက်လို့ပြီးတော့ မဲစနစ်နဲ့ သရုပ်ဖော်ပုံ တင်ဆက်ဖို့ သဘောတူလိုက်ကြတယ်။ ဘာကို သရုပ်ဖော်ရမလဲဆိုတာ မဲမှာ ရေးထားတယ်။ နှိုက်မိသူက ခေါင်းစဉ်အတိုင်း သရုပ်ဆောင်ပေါ့။

အဲဒီ ပျော်ပွဲခရီးက ကျောင်းမှာ နာမည်ကြီးသွားတယ်။ နောက်မှ ၀ိဇ္ဖာခန်းက လူတွေလည်း လိုက်တုပါလေရော။

ကိုးတန်းက ကျောင်းစစ်ဆိုတော့ တန်းလုံးကျွတ် အောင်ခဲ့ကြပါတယ်။

ဆယ်တန်းနှစ်မှာတော့ စာမေးပွဲကျလူဟောင်းရော၊ တစ်ခြားက ပြေင်းလာတဲ့ ကျောင်းသားတွေပါတော့ သိပ္ပံခန်းမှာ နှစ်ဆယ်ကျော် ဖြစ်သွားတယ်။ ဒါပေမယ့် သူငယ်ချင်းဆယ့်နှစ်ယောက်က အရင်ကလိုပဲ ခိုင်မာနေဆဲပေါ့။

နှစ်ဝက်လောက်မှာ သစ်လွင်နဲ့ မိမိုးတို့ဇာတ်လမ်း ကြေကွဲစွာ အဆုံးသတ်ခဲ့တယ်။ လူချောကြီးသစ်လွင်က အသစ်တွေ့သွားလို့ပါပဲ။

သိပ်မကြာခင်မှာပဲ အကန့်အသတ်မရှိ ကျောင်းပိတ်ရက်တွေ ဖန်လာခဲ့တယ်။

ဒီမှာတင် သူငယ်ချင်းဆယ့်နှစ်ယောက်တွေလည်း တစ်ပွဲတစ်ပြားစီ ဖြစ်ကုန်ရော။ တစ်ချို့က မလေး၊ တစ်ချို့က ထိုင်း၊ တစ်ချို့က နယ်စပ်မှာ…။

ကျောင်းတော်ကြီး ပြန်ဖွင့်ချိန်မှာ လူမစုံတော့ဘူး။ တစ်ချို့က စီးပွါးရေးဘက်၊ တစ်ချို့က အိမ်ထောင်ကျနဲ့..။

ကံကြမ္မာဖန်လာတော့လည်း ငယ်ငယ်တုန်းက အိပ်မက်တွေ မိုးလင်းတော့ ပျောက်သွားတဲ့ အိပ်မက်အတိုင်းပါပဲ။

အစိမ်းအဖြူဝတ်စုံလေးနဲ့ ကျောင်းသွားတွေကို မြင်တော့ တမ်းတမိတယ် ငယ်ဘ၀ပါ။ အမှတ်ရစရာတွေ အများကြီးရှိပေမယ့် ဒီမျှနဲ့ပဲ အမှတ်တရ ရေးပါတော့မယ်။

အပျိုကြီးဖြစ်မယ်လို့ ထင်ကြေးပေးကြတဲ့ နန်းတင်တင်သိန်းက အစောကြီး အိမ်ထောင်ကျလို့။

နိုင်ငံတစ်ကာသတင်းအပြောကောင်းတဲ့ စောထိန်ဝင်းလည်း အခုတော့ မိသားစုနဲ့ လယ်တောထဲမှာ။ မိန်းကလေးတွေကို ရည်းစားစာ လိုက်ပေးတတ်တဲ့ ခွန်ဆန်းအောင်က အခုထိ လူပျိုကြီး။

ဆရာဝန်မဖြစ်ချင်တဲ့ မိမိုးက အခုတော့ မလေးမှာလိုလို…။ အမကြီး နန်းချိုချိုက အိမ်ထောင်ကျပြီး မြို့ပေါ်မှာ စားသောက်ဆိုင်ကြီးနဲ့။

ခရီးဝေးကို မသွားဖူးသေးတဲ့ ခမ်းကီးကတော့ အခုတော့ ဟိုး… အဝေးမှာ။

စာကလည်းရှည်နေပြီ.. မိုးကလည်း အခုထိ မတိတ်သေးပါလား…။

အင်း.. မိုးရွာတိုင်းသာ လွမ်းနေရရင်တော့….။



ခမ်းကီး

ဆက်လက်ဖတ်ရှူရန်...

သူတို့ ဘာတွေတွေးနေသလဲ


ငွေဆောင်ကမ်းခြေအလှ(ဓါတ်ပုံ/wikimyanmar.co.cc)



စာဖတ်ခြင်းက သိပ်ကောင်းအမူအကျင့်ပါ။

ဟုတ်တယ်လေ..။ အခုလို ITကွန်ယက်ပေါ် ဗဟုသုတအထွေထွေ၊ အသိအမြင်အမျိုးမျိုး ရနေတာကလည်း ဒီ စာဖတ်ဝါသနာကြောင့်ပေမို့လေ။

သူများဘာသာစကားကို ဖတ်တတ်တာလည်း ကောင်းတာပဲ။ သူ့ယဉ်ကျေးမှု၊ သူ့ဓလေ့၊ သူ့စရိုက်ကို လေ့လာနိုင်၊ သိနိုင်တာပေါ့။

အဲ.. အတွင်းကျကျ သိသွားပြန်ရင် တစ်မျိုးတော့ မကောင်းပြန်ဘူး။(တစ်ချို့ အကြောင်းအရာ)

ဒီတစ်ခါတော့ ခပ်ပါးပါးလေး အကြောင်းအရာတစ်ချို့ကို မျှဝေချင်ပါတယ်။ (ရေးတတ်၊ ပြောတတ်သလောက်ပေါ့)


ကျနော်ဖတ်နေကျ သတင်းစာတစ်စောင်က ဆောင်းပါးတစ်ပုဒ်ပါ။ မြန်မာပြည်က ငွေဆောင်နဲ့ ငပလီ ကမ်းခြေအကြောင်း ရေးထားတဲ့ ဆောင်းပါးပါ။

သဘာဝအတိုင်း အပျက်အစီးမရှိသေးတဲ့ မြန်မာပြည်က ကမ်းခြေတွေကို သူတို့ တော်တော်ကဘောကျကြတယ်။

အဲ.. သဘောကျတာတော့ ၀မ်းသာစရာပါ။ ဒါပေမယ့် စိတ်ပျက်စရာက ပါလာတယ်။ ဘာတွေလည်းဆိုတော့.. စာဖတ်သူတွေရဲ့ မူရင်း စိတ်ထားကို ဖေါ်ပြတဲ့ commemts တွေ။

လူ့အခွင့်အရေးကို တန်ဖိုးထားပါတယ်၊ ဒီမိုကရေစီကို မြတ်နိုးပါတယ်ဆိုတဲ့လူတွေ ပြိုင်ဘက်နဲ့တွေ့ရင် ဘယ်လို စိတ်ထားမျိုးပြောင်းလဲ လေမလဲ….။

ကိုယ်ပိုင်အခွင့်အရေး ထိပါးလာရင် ဆတ်ဆတ်ထိ မခံတဲ့သူတွေ အကျိုးအမြတ်၊ စီးပွါးရေး ပြိုင်ဘက်ဖြစ်ခဲ့ရင် ကိုယ်ချင်းစာတရား ဘယ်အထိ ရှိနိုင်မလဲ…။



ထိုင်းတို့ သွားရည်ယိုသော ငွေဆောင်အလှ(ဓါတ်ပုံ/flickr.com)


ခရီးသွားလာရေးလုပ်ငန်း ကဏ္ဍမှာတင် ပြိုင်ဘက်ရှိမှာ ဘယ်လောက်အထိ စိုးရိမ်ကြသလဲဆို… တိုးရစ်စ်တွေ မြန်မာပြည့်က ကမ်းခြေအလှကို မက်မောမှာ စိုးရိမ်သတဲ့လေ။

သူတို့ စိုးရိမ်တာက စိုးရိမ်တာပဲလေ။ ဒါပေမယ့် ဖတ်မိတဲ့ comments လေးတွေထဲက ….

( တစ်ကယ်လို့ မြန်မာပြည်သာ ဒီမိုကရေစီရရင် သူတို့က ပြိုဘက်တစ်ဦးပိုလာမှာ။ မြန်မာပြည်ကြီး ဒီအတိုင်းရှိနေတာပဲ ကောင်းပါတယ်… တဲ့။ )

( မြိတ်ကျွန်းစုကို တိုးရစ်စ်တွေ ၀င်ရလွယ်ရင် သူတို့ဆီက ကျွန်းမှာ ၀င်ငွေတွေ ထိခိုက်ကုန်တော့မှပဲ..)

( အာဆီယံနိုင်ငံအချင်းချင်းမှာတောင် မနည်း ယှဉ်ပြိုင်နေရတာ.. မြန်မာပြည်က ပိတ်နေပါစေဦး… )

( သူတို့ကမ်းခြေက လှလိုက်တာ… သဘာဝအတိုင်း ရှိပါစေ…)

( နိုင်ငံကြီးက ဟိုတယ်လ်ကြီးတွေ မ၀င်ခင် သူတို့နိုင်ငံက ဟိုတယ်လ်အရင်ဆောက်နိုင်ဖို့ အစိုးရက မြန်မာအစိုးရကို အရပေါင်းရမယ်..)

ပေါ့ပေါ့ပါးပါး ပို့စ်လေးအဖြစ်သာ တင်ပြတာပါနော…။ သတိလေး ထားနိုင်ဖို့လောက်ပါ။

ဘာပဲဖြစ်ဖြစ် facilities မှာတော့ သူတို့နောက် လွယ်လွယ်နဲ့ လိုက်မှီဦးမှာ မဟုတ်ပါဘူး။

အခုလောလောဆယ်ဆယ်တော့ ကိုယ့်နိုင်ငံက အလှအပကို ငေးရင်း၊ နှမြှောတသရင်းပေါ့…။





ထိုင်းတို့ သွားရည်ယိုသော ငွေဆောင်အလှ(ဓါတ်ပုံ/flickr.com)



(ပန်ဒိုရာ၏ဓါတ်ပုံ)



(ပန်ဒိုရာ၏ ဓါတ်ပုံ)

ခမ်းကီး

ဆက်လက်ဖတ်ရှူရန်...

Friday, June 19, 2009

မွေးနေ့ဆုတောင်း




ယနေ့ကျရောက် မွေးနေ့မှသည်


နှောင်မွေးနေ့များစွာတွင်....


ငြိမ်းချမ်းခြင်းများစွာအား ရယူပေးဝေနိုင်ပါစေ....



ဆက်လက်ဖတ်ရှူရန်...

Wednesday, June 17, 2009

ဗြိတိန်လေကြောင်း(British Airways)က သတင်းထူးလေး



ကျနော်တို့လို သူသူငါငါများ လေကြောင်းကုမ္ပဏီကြီးတွေမှာ အလုပ်ရဖို့၊ ၀န်ထမ်းလေး ဖြစ်ရဖို့ အိပ်မက် မက်ဖူးကြမယ် ထင်ပါရဲ့…။

ဒီလို ကုမ္ပဏီကြီးမှာ လုပ်ရလျှင်ဖြင့် လစာကလည်းကောင်း၊ ဂုဏ်သရေကလည်းရှိ၊ အခွင့်အရေး အထွေထွေအထူးထူးလည်း ရလိမ့်မယ်ပေါ့…။

ဒါပေမယ့် ၂၀၀၈-၂၀၀၉ စီးပွါးရေးကပ်ကြောင့် GM၊ AIG စတဲ့ ကုမ္ပဏီကြီးတွေရဲ့ သတင်းကို ဖတ်မိကြမှာပါနော…။

အခုတော့ လေကြောင်းကုမ္ပဏီတွေရဲ့ သတင်းကို ဖတ်ကြည့်ရအောင်။

ဗြိတိန်လေကြောင်း(BA)က သူ့ဝန်ထမ်းတွေကို ကုမ္ပဏီရေရှည် တည်တန့်နိုင်ဖို့ လစာမယူပဲ အလုပ် လုပ်ပေးကြပါလို့ တိုက်တွန်းနှိုးဆော် နေပါသတဲ့… ဗျာ။


ပြီးခဲ့တဲ့လ နှစ်ချုပ်စာရင်းမှာ ကုမ္ပဏီက စတာလင်ပေါင် (၃၇၅)သန်း အထိ အရှုံးပေါ်ခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။ နှစ်ပေါင်းနှစ်ဆယ် အတွင်း အဆိုးရွားဆုံး အရှုံးပေါ်ခဲ့ခြင်း ဖြစ်ခဲ့တယ်။

ကုမ္ပဏီရဲ့ အထက်တန်းအရာရှိ ၀င်လီ ဝေါလ်က နောက်လ ဇူလိုင်လအတွက် လစာမယူပဲ အလုပ်လုပ်ဖို့ ဆုံးဖြတ်ထားပါသတဲ့…။

သူ့အောက်ခြေက ၀န်ထမ်းတွေကိုလည်း ကိုယ်ပိုင်အသိစိတ်နဲ့ လစာလျှော့ယူခြင်း၊ ဒါမှမဟုတ် လစာမယူပဲ အလုပ်လုပ်ဖို့ သည်းရုံးသွားမယ်လို့ ပြောပါသေးတယ်။

ဒါပေမယ့် လေကြောင်းဝန်ထမ်းများ သမဂ္ဂ( The Unite union)ကတော့ ပြင်းပြင်းထန်ထန် ကန့်ကွက်နေပါတယ်။ ၀င်လီ ဝေါလ်ရဲ့ တောင်းဆိုချက်ကို ဂရုမစိုက်ပဲ နေတဲ့အပြင် ဝေါလ်မှာ လစာမယူပဲ ငွေရှိပြီးသာပေမယ့် သူတို့လို ၀န်ထမ်းမှာ ငွေမရှိကြပါဘူးလို့ ပြောလိုက်ပါတယ်။

ကဲ… မိမိတို့ အလုပ်လူပ်နေကြတဲ့ ကုမ္ပဏီမှာရော ဘယ်လိုနေသေးလဲ…..။

ကျနော်ကတော့ မျက်ခုံးလှုပ်နေပါတယ်။ ^___^

(ရွာပြန်ပြီး လယ်လုပ်ရကိန်း ဆိုက်နေပါကြောင်း…… ^___^ )

ခမ်းကီး
၁၇၊ဇွန်၊၂၀၀၉


ဆက်လက်ဖတ်ရှူရန်...

Tuesday, June 16, 2009

တစ်ဦးတစ်ယောက်သော အဖေ



ဝင်လည်နေကြ သူငယ်ချင်းတွေရဲ့ စာမျက်နှာမှာ အဖေနေ့ကို အမှတ်တရ ဂုဏ်ပြုနေကြတာ ဖတ်ရတော့ ၀မ်းသာပီတိ ပွါးမိတာအမှန်ပါ..။

အဖေများစွာတို့ရဲ့ မေတ္တာ၊ စေတနာကို အားကျမိတယ်။

အားလုံးသောအဖေများက သားသမီးတို့ရဲ့ သူရဲကောင်းပီသကြပါပေ့……။

သူများတွေလို ကျနော်တစ်ယောက် အဖေနေ့မှာ ဂုဏ်ပြုထောပနာ ပြုလိုက်ချင်စမ်းပါဘိ….။

ဒါပေမယ့်…..

ကျနော်အတွက် အခက်ခဲဆုံးအရာ ဖြစ်ခဲ့ပါတယ်။



အဖေဆိုတဲ့ သူရဲကောင်းတစ်ဦးရဲ့ စာမျက်နှာက သူငယ်တန်း သင်ခန်းစာမျှသာ ရှိခဲ့လို့ပါပဲ…။

သင်ခန်းစာ မသင်ခဲ့ရသလို အဖေဆိုတဲ့ ပုဂ္ဂိုလ်တစ်ဦးရဲ့ စာမျက်နှာက ရှားပါးခက်ခဲ လှပါပေ့…..။

ဘာပဲဖြစ်ဖြစ်ပေါ့… သူများတွေလို အဖေနေ့ကို နွဲနိုင်အောင်ဆိုပြီး Google ကရတဲ့ Fathers’day နဲ့ အမှတ်တရ ၀င်လိုက်(လုံး) ပါတယ်။

Wikipedia က အမှားကြီးကို မျှဝေပေးနေလေရဲ့..။

( http://en.wikipedia.org/wiki/Father's_Day ) မှာ Juneလရဲ့ တတိယပတ် တနင်္ဂနွေဆိုတော့ နွဲချိန်ရသေးတာပေါ့။

Third Sunday of June အုပ်စုမှာ Myanmar ပါနေတာ တွေ့ရတယ်။ ၀မ်းသာစရာပေါ့။

အနန္တကျေးဇူးရှင်ကို ဦးခိုက်အသိအမှတ်ပြုတဲ့ အပြုအမူကောင်းမို့ အရှေ့၊အနောက် ယဉ်ကျေးမှုဆိုပြီး လက်မခံနိုင်စရာ မရှိလောက်ပါဘူးနော….။

သူငယ်တန်းသင်ခန်းစာမျှရှိသော အဖေရဲ့ စာမျက်နှာဖြင့် အဖေနေ့မှာ ဂုဏ်ပြုလိုက်ပါတယ်။

လမ်းလျှောက်တတ်စအရွယ်က အဖြစ်အပျက်လေးပေါ့….။

မြေ၀ိုင်းလက်ဝှေ့ပွဲတစ်ခုမှာ ကျနော်က ဘာမှ မမြင်ရတော့ အဖေက သူ့ပုခုံးမှာ ထမ်းပြီး ပွဲပြီးတဲ့အထိ ကြည့်ခဲ့တယ်။

ပြီးတော့ ရေခဲချောင်းတွေ၊ မုန်တွေ အများကြီး ၀ယ်ကျွေးခဲ့တယ်။ ညနေမိုးချုပ်မှ အိမ်ပြန်ရောက်တော့ အမေဆူခဲ့သေးတယ်။ သားအဖတော့ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး ပြုံးလို့….။
နောက်ဆို အဖေနဲ့ပဲ ပွဲသွားမယ်လို့ ပြောလိုက်တယ်။

ဒါပေမယ့် နောက်နေ့တွေမှာ အဖေ့မျက်နှာကို ကျနော် မမြင်ရတော့ပါဘူး။

အတန်းတွေမှာ၊ ဘ၀တွေမှာ အဖေနာမည်ကို အကြိမ်ကြိမ်ဖြေခဲ့ရပါတယ်။

အဖအမည်= ဦး …….

အလုပ်အကိုင်= (မဖြေတတ်ပါ)

မင်းအဖေ ဘယ်မှာလဲ= (မဖြေတတ်ပါ)

မင်းအဖေ ရှိသေးလား= (မဖြေတတ်ပါ)

မင်းအဖေကို မင်းချစ်လား= (မဖြေတတ်ပါ)

မင်းအဖေကို သတိရလား= ( မပြောတတ်ပါ… )

ဒါနဲ့.. မင်းအဖေ ဘာလို့ အိမ်ကနေ ပျောက်သွားလဲ့တာလဲ= (မသိပါ)

ဘာပဲဖြစ်ဖြစ်ပေါ့…။

မနက်တိုင်း ဘုရားရှိခိုးပြီးရင် အနန္တောအနန္တငါးပါးဂုဏ်တော် ကို သုံးခေါက် ရွတ်ဖတ် ပူဇော် လျှက်ပါ…။

သူရဲကောင်းတစ်ယောက် မဟုတ်ပေမယ့် အနန္တဂိုဏ်းဝင်အဖြစ် ကျနော် ကန်တော့နေလျှက်ပါ။

လူအမျိုးမျိုးဘ၀အထွေထွေမို့ အဖေများစွားထဲက တစ်ဦးတစ်ယောက်သော၊ ကွဲပြားခြားနားသော အဖေပေါ့…။

ခမ်းကီး


ဆက်လက်ဖတ်ရှူရန်...

Saturday, June 13, 2009

မှန်ကန်သော ဂုဏ်သိက္ခာ(မှားယွင်းသောဘ၀) အပိုင်း-၂




ကျနော်တို့ လူပျိုပေါက်စအရွယ် (အလယ်တန်းကျောင်းသားဘ၀) ရောက်တော့ လူပျိုတွေနောက်လိုက်ပြီး အပျိုလည်ခဲ့ဖူးတာ မှတ်မိသေးတယ်။ အလုပ်သိမ်းပြီး၊ စားသောက်လို့ပြီးရင် လူပျိုတွေ အိမ်နေလေ့ မရှိကြဘူး။ မိုးချုပ်တာနဲ့ အပျိုမအိမ်၊ ဒါမှမဟုတ် လွတ်လပ်တဲ့ အိမ်တစ်အိမ်မှာ စုပြီး ဟေးလားဝါးလား ပျော်ပါးလေ့ရှိတယ်။

တစ်ခါတစ်လေ သူများအိမ်မှာ ကြက်ခိုး၊ ဘဲခိုးပြီး ချက်စားတတ်ကြသေး..။ အခုထိပါပဲ ဘယ်ကိုပဲ ရောက်ရောက် ကာလဟင်းကို လွမ်းနေတုန်းပဲ…။ စားသောက်ပြီးရင် ပေါက်ကရလေးဆယ်စကားကို ရှောက်ပြောကြတော့တာပဲ…။

ဘယ်မိန်းကလေးက ဘယ်လိုဘယ်ညာ၊ ဘယ်သမီးရည်းစားတွေက ဘယ်သို့ဘယ်လို… အစုံ. အစုံပါပဲ။ တစ်ချို့ ရည်းစားမရှိနိုင်တဲ့ကောင်က စိတ်ဓါတ်ကျ၊ တစ်ချို့ကလည်း မိဘလူကြီးတွေ သဘောမတူ… ပေါက်ကရပေါင်းစုံ အကြံပေးသူက ပေးပေါ့…။ ဒီမှာတင် နာမည်ကြီး ဦးရွှေသွားအကြောင်းက ပါလာတော့တယ်။

ရည်းစားမရနိုင်သူများ၊ ကောင်မလေးအချစ်ကို ရရှိလိုသူများ ဦးရွှေသွားဆီက အဆောင်တောင်းကြ…တဲ့။ ဦးရွှေသွားမှာ မိန်းမကိုညှို့နိုင်တဲ့၊ မိန်းမတစ်ယောက်ကို တို့မိတာနဲ့ အဲဒီမိန်းမက ဦးရွှေသွားကို စွဲလန်းစေတဲ့ အဆောင်လက်ဖွဲ့ ရှိတယ် ဆိုပြီး၊ အဟုတ်ပြောနေကြသလို နောက်ပြောင်သလိုလိုနဲ့ ပြောကြတော့ ကျနော့်နားထဲ စွဲနေတော့တယ်။


လူပျိုလည်တတ်တဲ့ အရွယ်ရောက်မှ ဦးရွှေသွားအကြောင်းကို ပိုသိလာခဲ့တယ်။ အတင်းလား၊ သတင်းလား ကွဲကွဲပြားပြား မသိနိုင်တဲ့ ဦးရွှေသွားဇာတ်လမ်းကို ကြားနေရတော့တယ်။
ရွာထဲက မိန်းမပျိုတွေရော၊ မိန်းမကြီးပါ မကျန် ဦးရွှေသွားကို ကြောက်နေကြတယ်ဆိုပဲ…။ ဦးရွှေသွားရဲ့ တို့ဆေးထိမှာ စိုးရိမ်ကြောက်လန့်လေရဲ့…။ တစ်ခ်ါတစ်လေ ကာလသားတွေရဲ့ စကားဝိုင်းကနေ၊ တစ်ခါတစ်ရံမှာတော့ မိန်းမကြီးတွေရဲ့ စကားဝိုင်း( အတင်းတုတ်) ကနေ ဦးရွှေသွားအကြောင်းကို ကြားနေရတယ်။

ဘယ်သူဘယ်ဝါရဲ့ သားမယားကို မရှောင် စော်ကားချင်တိုင်း စော်ကားနေတော့တာပဲ…တဲ့။

အဲဒီအချိန်မှာမှ ငယ်ငယ်တုန်းက မြင်ခဲ့ဖူးတဲ့ ဒေါ်နန်းမူနဲ့ ဦးရွှေသွားတို့ရဲ့ တောစပ်က အဖြစ်ကို ပြန်ပြီး ဆက်စပ်တွေးမိတော့တယ်။

ဒေါ်နန်းမူတစ်ယောက် ဦးရွှေသွားရဲ့ တို့ဆေး၊ အဆောင်များ မိခဲ့သလားပေါ့…။

ဒီလူကြီးက အရက်သေစာသောက်ပြီး ရမ်းကားတတ်သူလည်း မဟုတ်။ သူပုံစံက လူကြီးလူကောင်းလိုလို။ သူကြီးရဲ့ လက်ထောက်အဖြစ် ရွာမှာ မောင်းတီးဆော်အော ပေးနေသားပဲ။ အလှူလှည့်ပွဲဆိုလည်း သူက ကြေးစည်တီးအဖြစ် ပါပါနေတာပဲလေ။

သူက မသာအိမ်ဆို မသွားဘူးတဲ့။ သူ့အဆောင် ပျက်မှာစိုးလို့ဆိုပြီး ပြောနေကြတာပေါ့။ သူ့ကြောကုန်းမှာ ထိုးထားတဲ့ အင်းကွက်ကြောင့် မိန်းမတွေ သူ့ရဲ့ညှို့ကွင်းအောက် ရောက်ရသတဲ့..။ သူ့လက်မောင်းမှာ ချည်ထားတဲ့ လက်ဖွဲ့ကြိုးကလည်း အရမ်းစွမ်းကြောင်း လူပျိုတွေဆီက သိခဲ့ရတယ်။ ပြီးတော့ ဆေးအစွမ်း ဖေါက်တဲ့အချိန်ဆို လူသတ်ရမှာ ၀န်မလေးတော့ဘူး .. စသဖြင့်ပေါ့။ မကောင်းဆိုးရွားတွေ ပူးကပ်မှာစိုးလို့ သူ့ခါးမှာ ဓါးမြှောင်တစ်လက် အမြဲဆောင်ထားရကြောင်း……. အစုံပဲ သိရတော့တယ်။

ဒါပေမယ့် ကျနော်တို့ ညဘက် လူပျိုလှည့်ချိန်မှာ သူ့အိမ်ရှေ့ဘက် ဖြတ်သွားဖြတ်လာရင် တရားစာကို အကျယ်ကြီးရွတ်ပြီး ဘုရားရှိခိုးသံကို ကြားရလေ့ရှိတယ်။ လပြည့်လကွယ် မနက်ပိုင်းဆိုလည်း ကြေးစည်တီးပြီး အမျှဝေနေတာလည်း တွေ့ရတတ်တယ်။

အားလုံးထက် သူဘယ်လိုမျိုး မိန်းမတွေကို ညှို့သလဲဆိုတာပဲ ကျနော်တို့လူပျိုတွေ စိတ်ဝင်စားနေကြတယ်။ သူ့ကြောင့် တစ်ချို့သော အိမ်ထောင်သည်တွေ ရန်ဖြစ်ကြ၊ ကွဲပြဲကြရတဲ့အထိ ရှိတတ်တော့ ယောက်ျားကြီးတစ်ချို့ဆို သူ့ကို သတ်မယ် တစ်ကဲကဲပါပဲ…။

ထင်မထားတဲ့ တစ်ရက်မှာ ဦးရွှေသွားရဲ့ ဟိုးလေးတစ်ကျော်ကျော်သတင်းကို ကြားလိုက်ရတယ်။

ဦးရွှေသွားရဲ့အဆောင်လက်ဖွဲ့က အစွမ်းပြလေသလား၊ ကြောကုန်းမှာ ထိုးထားတဲ့ အင်းကွက်ကပဲ ဖေါက်ပြန်လေသလား မဆိုနိုင်။

တစ်ရွာဝင်၊ တစ်ရွာထွက် အထည်လိုက်ရောင်းနေတဲ့ တစ်ခုလပ်မ မခင်နှင်းနဲ့ ဦးရွှေသွားတို့ကို သူ့မိန်းမက လက်ပူးလက်ကြပ် မိသွားတယ်…. တဲ့။

အခု သူကြီးအိမ်မှာ ရောက်နေကြပြီ…တဲ့။ သူကြီးက ရွာနှင်ဖို့ လုပ်နေကြောင်း.. စသဖြင့်ပေါ့။

အထည်အသစ်အဆန်းတွေ လာရောင်းတတ်တဲ့ ဒေါ်ခင်နှင်းကို ကျနော်တို့ မြင်ဖူးနေကျပါ။ ဦးရွှေသွားရဲ့မိန်းမနဲ့ ရင်းနှီးတော့ ဦးရွှေသွားအိမ်မှာ တည်းလေ့ရှိတယ်။ စကားချိုချို၊ နွဲ့နွဲ့နှောင်းနှောင်းတစ်ခုလပ်မ ဒေါ်ခင်နှင်းက ချောတုန်းလှတုန်းရယ်…။

အခုတော့ ဦးရွှေသွားရဲ့ ညှို့ကွင်းမိခဲ့လို့လား..မသိနိုင်။ အဲဒီနေ့မှာပဲ သူကြီးကရော၊ ဦးရွှေသွားမိန်းမကပါ သူတို့နှစ်ယောက်ကို ပေးစားလိုက်ပြီး ရွာကနေ နှင်ထုတ်လိုက်တာကို တစ်ရွာလုံး သိခဲ့တော့တယ်။

နောက်ပိုင်းမှ သိရတာတော့ မြို့ပေါ်က ဒေါ်ခင်နှင်းရဲ့အိမ်မှာ အခြေချကြ သွားကြတယ်ဆိုပဲ။

အဲဒီနှစ်မှာပဲ ကျီးကန်းတို့အဖေလည်း အသည်းခြောက်ရောဂါနဲ့ ဆုံးသွားတယ်။

သူ့ကြောင့် ကျီးကန်းတို့အဖေ အရက်သမားဖြစ်ရရှာတာလို့ ကျနော့်ကြီးမေ ကျိန်ဆဲတာ ကြားခဲ့ရတယ်။ ကျနော့်ကြီးမေနဲ့ ဒေါ်နန်းမူက ငယ်ပေါင်းတွေ။ သူများတွေထက် ဒေါ်နန်းမူအကြောင်းကို ပိုသိနေမယ်လို့ ကျနော် ထင်ပါတယ်။ သူတို့က ပြောမနာဆိုမနာ ရင်းနှီးနေတာ ငယ်ငယ်ကတည်းက မြင်လာခဲ့တာပဲလေ…။

ကျီးကန်းတို့အမေလည်း နောက်ပိုင်းမှ သူများတစ်ကာအိမ်မှာ လည်ပတ်သွားလာမှုရှိတာ သတိထားမိခဲ့တယ်။ အရင်ကဆို အိမ်ပေါ်အိမ်အောက်နဲ့ အလုပ်ရှပ်နေတတ်ပြီး ရှင်းရှင်းနေလေ့ရှိခဲ့တယ်လေ..။ အခုတော့ ပူပင်ကြောက်လန့်စရာများ မရှိတော့လို့လား မသိနိုင်။

သားသမီးတွေလည်း အိမ်ထောင် ကိုယ်စီရှိပြီးလို့ မြေးတောင်ရနေပြီ။ အားလပ်တဲ့ နေ့လည်ခင်းမှာ ကျနော်ရဲ့ကြီးမေအိမ်အောက် စကားလာဝိုင်းဖွဲ့တာ တွေ့ရတတ်တယ်။

တစ်ရက်မှာ ကျနော်ကြီးမေအိမ်ပေါ် စာအုပ်တွေ(ဘကြီး၏ ဗေဒင်စာအုပ်) ဖတ်နေတုန်း ဒေါ်နန်းမူတစ်ယောက် အိမ်အောက်မှာ စပါးလုံးကောက်နေတဲ့ ကြီးမေဆီ လာလည်တာတွေ့ရတယ်။

နှစ်ဦးသားဘာတွေပြောလို့ ပြောနေကြမှန်း မသိပါဘူး။ အတော်ကြာကြာရှိခဲ့တယ်။ ကျနော်လည်း အိပ်ငိုက်လာလို့ မှေးမလို့ ရှိနေတုန်း မထင်မှတ်တဲ့ စကားကို ကြားမိသွားတယ်။ အမှန်တော့ သူတို့ဘာသာ စကြတာလား၊ နောက်နေကြတာလား မသိပါဘူး။ ကြီးမေရဲ့ စကားကို အံသြသင့်စွာ ကြားလိုက်တယ်။

“ (ဖအုပ်ထုပ် ရေးချ)မ နင့်သားအငယ်ကောင်ကို ငါမသင်္ကာလှဘူး။ မိုးသီးတစ်ဝက် ရွှေသွားတစ်ဝက်များ ရောနေသလားမသိဘူး။ ငါ့ကို မှန်မှန်ပြောနော်။”

“ ဟယ်.. ကောက်မ၊ အိုကြီးအိုမနဲ့ နင်ဘာလုပ်မလို့တုန်းဟဲ့..။ “

ကြီးမေက ကျနော်အိမ်ပေါ်မှာ ရှိတာ မေ့နေပုံရတယ်။

သဘောရိုးနဲ့ မေးတာလား၊ အနှစ်နှစ်အလလက သံသယ ရှိခဲ့လို့ သိလိုတာလား မပြောတတ်ဘူး။

ပြီးတော့ ဟိုတုန်းက ဒေါ်နန်းမူတို့အိမ်မှာ စာရင်းငှါးလုပ်ဖူးတဲ့ ဖိုးသောကြာက စပါးကျီနောက် သူတို့ချိန်းတွေ့တာ မြင်ဖူးတယ်ဆိုပြီး ပြောပြဖူးကြောင်း ဒေါ်နန်းမူကို ရှင်းပြနေတယ်။

ကျနော်ရဲ့ ငယ်ငယ်တုန်းက မြင်ကွင်းကို ပြန်မြင်ယောင်လာတယ်။ ကျနော်သံသယ ရှိခဲ့သလို မှန်ကန်နေတယ်လို့ ယုံကြည်လာတယ်။

ကြီးမေရဲ့စကားကို တွေးပြီး ကျနော်ပြုံးမိသွားတယ်။

ကြီးမေတစ်ယောက်တည်း မဟုတ်ပါဘူး၊ ရွာသားအားလုံးနီးပါးက ကလေးဘယ်လိုတည်လာသလဲဆိုတာ အတွေးလွဲနေကြတယ်။ မသိလို့ ဖြစ်မှာပါ။ ကလေးက ယောက်ျားရဲ့ ဆက်ဆံခြင်းကနေ စုစည်းပြီး ကြီးထွားလာတာလို့ ယုံကြည်နေကြဆဲပဲ။ (သုတ်ရည်)တစ်ခါနည်းနည်းစီစုပြီးမှ အကောင်ဖြစ်လာတာပေါ့..။ ဒါကြောင့်ထင်ပ.. ကျီးကန်းကို ဦးမိုးသီးနဲ့ ဦးရွှေသွားတို့ရဲ့ သွေးရောစပ်နေတယ်လို့ တွေးပြီး သံသယရှိပုံရတယ်။

ပြီးတော့ ကြီးမေက နင်ဘယ်တုန်းက ရွှေသွားရဲ့ အနုဆေး မိသွားတာလဲ ဆိုပြီးမေးနေတယ်။

“ အနုဆေးမိတာလား၊ အဆောင်ထိတာလား ငါမသိဘူး။ ငါ့ကို သူသတ်မှာ ငါကြောက်တာပဲ ငါသိတယ်။ “

“ နင်ပဲ ဆေးထိပြီး သူကို လိုက်လျောတာ မဟုတ်ဘူးလား.. ၊” ကြီးမေက ဆက်မေးနတယ်။

“ ဟဲ့.. ကောင်မ။ ငါ့ကို ငါသိပါတယ်ဟယ်။ ငါဘယ်လောက်တောင် သောက၊ ဒုက္ခတွေ ခံစားခဲ့ရသလဲဆိုတာ နင်တို့ မသိကြဘူး။ နင်တို့က ငါ့ကို တော်တော် ကမြင်းတယ်လို့ ထင်နေကြတာ မဟုတ်လား….”

ဒေါ်နန်းမူ ငိုနေပြီဆိုတာ တုန်ရီတဲ့ အသံကနေသိနေရတယ်။

“ ငါ့လင်၊ ငါ့သားသမီးတွေ ဂုဏ်သိက္ခာကျမှာ စိုးလို့ ငါဘယ်လောက်ထိ ငါကာကွယ်ရသလဲတိုတာ နင်တို့ မသိပါဘူး။ “

“ နင်တို့ ဘယ်လို စဖြစ်ကြသလဲဆိုတာ နည်းနည်းလောက် ရှင်းပါဦးဟဲ့… ။ ငါသိတာက နင်တို့ ချိန်းကြတာ ဖိုးသောကြာတွေ့ခဲ့တာပဲ ငါသိတယ်။ “

“ ဖိုးသောကြာက ငါ့အကြောင်း ဘယ်လိုပြောခဲ့လဲ အရင်ပြော… “

“ နင်က နင့်ကိုယ်နင် လုံလှပြီဆိုပြီး တစ်သက်လုံး နေလာတာပေါ့.. ဟုတ်လား။ နင့်အတွက်မို့သာပေါ့ ဖိုးသောကြာကို ငါမနည်း ပိတ်ထားခိုင်းခဲ့တာ..။ အကယ်၍ သူက တစ်ခြားလူတွေကို ပြောပြရင် သူတို့မိသားသားစုကို ပေးကမ်းနေတာတွေ ဖြတ်မယ်၊ ပြသာနာဖြစ်လာရင် သူ့ကိုပဲ ငါတရားစွဲမယ်လို့ ကြိမ်းခဲ့တာ.. “

ဟုတ်လောက်ပါသည်။ ကျနော်တို့ သိတတ်စ အရွယ်ထိ ကြီးမေက ဖိုးသောကြာအမေကို ဆန်ချိန်ဆန်၊ ငါးပိချိန်ဆို ငါးပိ ပေးကမ်းနေကြ။ ဦးဖိုးသောကြာကလည်း ရိုးရိုးသားသားလူစားပေမို့ ကြီးမေစကား နားထောင်ခဲ့ဟန်တူပါတယ်။ လူပျိုတို့သဘာဝ မုန့်ဖို့း၊ အရက်ဖိုးလိုတော့ (စရင်းငှါးတို့ ထုံးစံ) စပါးခိုး၊ ဆန်ခိုးတာလောက်တော့ ရှိမှာပေါ့။

“ သူက အရက်လဲသောက်ဖို့ နင်တို့ စပါးကျီမှာ စပါးတက်ခိုးတုန်း ရွှေသွား ရောက်လာတယ်ဆိုပဲ..။ တစ်အောက်လောက်တော့ နင်လည်း ရောက်လာတယ်။ သူက လူမိမှာ စိုးလို့ ပုန်းနေတာ။ နင့်အသံရော၊ ရွှေသွားအသံပါ ကြားရတော့ သူလည်း တော်တော် ထိတ်လန့်ခဲ့တယ်တဲ့..။ အေး.. နင်တို့ ဘာလုပ်နေကြသလဲဆိုတာ သူအသိဆုံးပေါ့…… “

“ အဲဒီတုန်းက နင့်သမီး အလတ်မ လသားပဲ ရှိဦးမယ်လို့ ငါထင်တယ်.. “

ဟုတ်တယ် ဆိုတဲ့ ရှိုက်သံနဲ့ ဒေါ်နန်းမူ ၀န်ခံသံကို ကြားနေရတယ်။

“ ဒီမယ် အေးပု.. နင် အဲဒီအထိ သိနေမှတော့ အဖြစ်မှန်ကို ငါပြောပြချင်တယ်။ အရင်ကလို နင်ငါ့ကို နားလည်သလိုပဲ ငါ့ဂုဏ်သိက္ခာကို ငှဲ့ကွက်တဲ့အနေနဲ့ ဘယ်သူ့ကိုမှ မပြောဖို့ ကတိပေးပါလား.. “

“ ဟဲ့… ငါက နင့်သူငယ်ချင်း အရင်းပါကွယ့်..။ မိန်းမသားချင်း ကိုယ်ချင်းစာတရား ရှိပါတယ်။ အဖြစ်မှန်ကို ပြောစမ်း…။ နင် ကမြင်းတာလား… (- စကားလုံးရိုင်းပါက တောင်းပန်ပါသည်) နင် အစော်ကားခံလိုက်ရတာလား… “

“ ငါ… ငါ အစော်ကား ခံလိုက်ရတာပါ။ “

“ ဟယ်.. နင့်နယ်နော်.. ဘာလို့ တရားမစွဲခဲ့တာလည်း.. “

“ အေး.. အဲတာကို ငါပြောပြချင်နေတာ။ ငါ့ကို သတ်မယ်၊ ငါ့ကလေးတွေကို သတ်မယ်၊ ငါ့လင်ကိုပါ သတ်မယ် တစ်ကဲကဲနဲ့.. တစ်ချိန်လုံး ခြိမ်းခြောက်ခံနေရတာ နင်တို့ မသိကြဘူး။ “

“ သူချိန်းတဲ့အခါ ငါမလိုက်လျှောရင် ငါ့အိမ်ဝန်းကျင်မှာ လှည့်ပတ်ရန်ရှာခဲ့တာလည်း နင်တို့ မသိပါဘူး။ အိမ်ဘေးက သူများအိမ်မှာ ဓါးမြှောင်သွေးလိုသွေး၊ ကြက်လည်ပင်းလား၊ ခွေးလည်ပင်းလား လည်ပင်းဖြတ်မယ်ဆိုပြီး လိုက်အော်နေတာ နင်တို့ သတိမထားမိကြဘူး ဟုတ်လား.. “

“ နင်တို့က စစချင်း ဘယ်လိုငြိ ခဲ့ကြလဲ “ ကြီးမေ သိချင်ဇောနဲ့ မေးနေတယ်။

“ ငါ့ သမီးလတ် လေးလ၊ ငါးလထင်တယ်။ အဲဒီတုန်းက မြေနုကျွန်းပေါ်က ရေလိုက်စပါး စိုက်ချိန်…။ မိုးသီးက လယ်တောမှာပဲ အိပ်စောင့်ရတာ နင်သိတာပဲ။ ငါ့က ကလေးကို သူ့အဖွားနဲ့ အပ်ပြီး ဆန်၊ဆီ၊ ငရုပ် ရိက္ခာ လိုက်ပို့ပေးရတယ်လေ…။ “

“ အသွားတုန်းက ဖိုးသောကြာလှေနဲ့ ငါလိုက်သွားတာ…။ အပြန်ဘက်မှာ ဂြိုလ်က စမွှေတော့တာ။ ကလေးငိုနေမှာ စိုးလို့ ညနေအထိ ဖိုးသောကြာကို ငါမစောင့်ခဲ့ဘူး။ အဲဒီမှာ လူယုတ်မာရွှေသွားရဲ့ လှေကြုံနဲ့ အရင် လိုက်ပြန်မိခဲ့တာ…။ “

ရှိုက်သံများဖြင့် ဒေါ်နန်းမူ ရင်နာလွန်းလှပုံရတယ်။

“ သူ့လယ်ခင်းထဲက ထောင်ထားတဲ့ မြုံးကို အရင်ဖေါ်မယ်ဆိုပြီး ကန်ဘောင်မှာ လှေဆိုက်လိုက်တယ်။”

“ အဲဒီမှာ ဟင်းလေးဘာလေးရောချက်ရအောင် ငါးတွေ ကောက်သွားဖို့ သူခေါ်တယ်။ ငါကလည်း ဟင်းအမယ်ရဖို့ ဆိုပြီး ၀မ်းသာအားရနဲ့ ငါးသွားကောက်မိလိုက်တယ်…… “

ဒေါ်နန်းမူ ဆက်ပြီး ပြောမထွက်တော့ပုံရတယ်။ အသံတိတ်သွားတယ်။

“ နင် မအော်ဘူးလား ကောင်မ…။ လယ်ခင်းထဲမှာ လူတွေ မရှိတော့ဘူးလား..။ “

ကြီးမေက အားမလို၊ အားမရ မကျေမနပ်စွာ စောဒက တက်နေတယ်။

“ ငါ အော်ချိန်တောင် မရလိုက်ဘူး..။ ငါးတွေကို ကုန်းကောက်တုန်း သူက ငါ့လည်ပင်းကို ဓါးမြှောင်နဲ့ ထောက်ထားလိုက်တယ်။ ငါလေ…. ရှက်လည်းရှက်၊ ဒေါသလည်းထွက် သူ့ကို အမျိုးမျိုး ဆဲဆို တိုင်းထွာခဲ့သေးတယ်။ မရတော့အဆုံး တောင်းပန်ပါသေးတယ်။ ဒါပေမယ့် သူ့ပုံက ငတ်ပြတ်နေတဲ့ ဘီလူးအတိုင်းပဲ…။ “

“ ငါရှက်လွန်း၊ ခံပြင်းလွန်းလို့ အိမ်မပြန်တော့ပဲ ငါ့ကိုယ်ငါ အဆုံးစီရင်ဖို့ စဉ်းစားမိတယ်…. “

“ ငါသေရတာ သူ့လက်ချက်လို့ လူတွေသိရင် ငါ့ကလေးတွေကိုပါ သတ်ပြီး သူ့ကိုယ်သူလည်း အဆုံးစီရင်ဖို့ ချိန်းခြောက်တယ်…။ ငါ့ကလေးတွေ မျက်နှာကို ငါမြင်ပြီး… သူ့ကို ကြောက်ပြီးရင်း ကြောက်နေရတော့တယ်။”

“ ငါအသည်းနာလို့ မဆုံးနိုင်တာက ငါ့ကို သူလည်း ပိုင်တဲ့ မယားတဲ့…။ သူတောင်းဆိုသမျှ လိုက်လျှောပေးရမယ်…။ အာခံရဲရင် စမ်းကြည့်ပေါ့တဲ့…။ “

ဒေါ်နန်းမူကိုယ်စား ကျနော်တောင် ရင်နာလာတယ်။ ရွှေသွားကြီးကို သတ်ချင်စိတ် တစ်ဖွားဖွား ပေါ်လာတယ်။

“ အဲဒီတုန်းက နင့်မိဘတွေ ရှိသားပဲ..။ နင် မတိုင်ခဲ့ဘူးလား..။ “

ကြီးမေက အသည်းယားပုံရတယ်။

“ အေးပုရယ်.. နင် ကိုယ်တိုင်ကြုံမှ နင်သိမယ်။ အားကုန်ချိနဲ့နေတဲ့ ငါကို ဓါးမြှောင်နဲ့ ထောက်ထောက်ပြီး လုံးဝပိတ်ထားဖို့ ခြိမ်းခြောက်နေတယ်။ ငါထလို့ မနိုင်လို့ သူပဲ လှေပေါ်ချီတင်ခဲ့ရတယ်…။ “

“ လှေပေါ်ချပြီး သူပဲ ရွာထဲ အရင်ဝင်သွားတယ်။ ငါ အိမ်ရောက်တော့ သူက အိမ်ဘေးဒေါ်စိန်ငို အိမ်မှာ ဓါးမြှောင်ကို ပြန်သွေးနေတယ်…. “

“ ယုတ်မာလိုက်တာ…… “ ကြီးမေရဲ့ ရင်နာသံ…။

“ မသာတီစရာ ငါ့ခန္ဓာကို ငါတွေးပြီး အိမ်ပေါ်တက်ချင်စိတ်တောင် မရှိတော့ဘူး။ ရေတွင်းဘေးမှာ ငါထိုင်ပြီး ရေတွင်းထဲခုန်ချဖို့ စဉ်းစားခဲ့တယ်။ ငါ့အမေက ငါ့ကို အရင်တွေ့ပြီး ကလေးငိုနေပြီ အိမ်ပေါ် မြန်မြန်တက်ဖို့ လှမ်းအော်မှ ငါ သတိ ပြန်ဝင်လာတယ်။ “

“ ကလေးက နို့ဆာလို့ အော်နေတယ်။ နင်ပဲ စဉ်းစားလေ… နင့်ကလေးငိုသံကြားရင် နင်ဘယ်လို နေမလဲ…”

“ သူ့က နင့်ကိုလည်း ပိုင်တယ်ဆိုပြီး အကွက်ရှာ လိုက်ချောင်းနေတော့ပဲလား.. “

“ ဟုတ်တယ်။ လူလှစ်ရင် လှစ်သလို ငါဆီလာပြီး ဘယ်နေရာ၊ ဘယ်အချိန်ဆိုပြီး ခြောက်လှန့်နေတာ..။ “

“ နန်းမူရယ်… ငါတို့ကို စောစောစီးစီးက တိုင်ပင်လိုက်ရင် ပြီးရော…။ သတ်စရာရှိလည်း သတ်။ သေစရာရှိလည်း စောစောသေ လိုက်ရင် အေးရော.. “

မိန်းမသားအချင်းချင်း ကိုယ်ချင်းစာတဲ့ ကြီးမေရဲ့ စေတနာဒေါသ…။

“ နင့်ယောက်ျားမိုးသီးက ဘယ်အချိန်မှ ရိပ်မိသွားလဲ… “

“ ကျီးကန်း သုံးနှစ်သားလောက်မှ သိတာ..။ “

“ ဘုရားရေ… မိုးသီးက အဲလောက်တောင် တုံးတာလား… “

“ ချစ်လွန်း၊ ယုံကြည်လွန်းလို့ နေမှပေါ့…။ ပြီးတော့ ရွှေသွားက သူ့ကို ရင်းရင်းနှီးနှီးပေါင်းတာ နင်တို့ အသိပဲ…။ သိုးရေခြုံတဲ့ ၀ံပုလွေမှန်း မိုးသီး မသိခဲ့ဘူး…။ အဲဒီ ရင်းနှီးမှုကို အသုံးချပြီး ငါ့ကို ကောင်းကောင်း ခြိမ်းခြောက်နေတော့တာ… “

“ တောက်….. သူနဲ့ ရှုပ်တယ်ဆိုတဲ့ ကောင်မတွေလည်း နင့်လိုပဲ အပိုင်ချူလိုက်တာ ဖြစ်မယ်.. “

ကြီးမေက ဒေါသလည်းထွက် ယူကြုံးမရ ဖြစ်နေပုံလည်းရတယ်။

“ မိုးသီးဘယ်လိုလုပ် သိသွားလဲ… “

“ ကျီးကန်းက အသားမဲလို့ အဖေအမေနဲ့ မတူလို့ လူတွေ လှောင်ပြောင်လွန်းကြတဲ့ အချိန်မှာ ထင်တယ်.. “

“ နောက်ပိုင်း သူက ငါ့ကို ဘယ်တုန်းက ကိုယ်ဝန်ဆောင်သလဲ ဆိုတာ မေးတယ်။ ငါက မသိဘူးလို့ပဲ ငြင်းခဲ့တယ်.. “

“ ကျီးကန်းကို မွေးတဲ့လနဲ့ ကိုယ်ဝန်ဆောင်တဲ့လကို သူပြန်စဉ်းစားခဲ့သလား မပြောတတ်ဘူး။ ပြီးတော့ အဲဒီအချိန်မှာ ရွှေသွားရဲ့ ယုတ်မာကြောင်းက တော်တော်ဆိုးရွားနေပြီလေ… “

“ သူက လယ်ထဲမှာ နှစ်လလောက်နေခဲ့တယ်။ ရွာပြန်ရောက်တော့ အလတ်မက ဖျားနာခဲ့သေးတယ်။ သူက ငါ့အနား မကပ်ဖြစ်တာ လေးလလောက် ရှိမလား မှတ်မိတော့ဘူး။ “

“ အင်းပေါ့လေ…. ရက်မပြည့်လမပြည့်ဆိုတော့ သူလည်း ရိပ်မိလောက်တာပေါ့..။ “

“ ငါ့တို့ မိသားစုဂုဏ်သိက္ခာကို သူထိန်းခဲ့ပါတယ်…။ ဒါပေမယ့် အိမ်ထောင်ရေးက အရင်လို စိုစိုပြေပြေ မရှိတော့ဘူး။ မိုးသီးက အဲဒီကတည်းက အရက်သောက်တတ်လာတာ။ သူ့ဟာသူမူးပြီး ရှင်းရှင်းပဲ နေခဲ့တယ်…”

“ အဲဒီနောက်ပိုင်း ငါလည်း ညညဆို အိမ်အောက် မဆင်းရအောင်၊ နေ့ဆိုလည်း လူနဲ့ မပြတ်အောင် သွားသတိနေသတိ နေလာတဲ့တာ နင်တို့ အသိပဲ။ “

“ အင်း.. မိုးသီးက ကျီးကန်းရှင်ပြုပွဲမှာ ဘုကန့်လန့်လုပ်တာ သူသိသွားလို့ကိုး… “

“ ဟုတ်တယ်။ သူ့သွေးမဟုတ်လို့ အဖေမခံနိုင်ဘူးဆိုပြီး အကြီးအကျယ် ရန်ဖြစ်သေးတယ်။ သူ့ကို ငါမနည်း ချော့ယူခဲ့ရတယ်။ သားကြီးနဲ့ သမီးတို့ရဲ့ ဂုဏ်သိက္ခာကို ထောက်ဖို့၊ ပြီးတော့ မိသားစုဂုဏ်သိက္ခာ စောင့်စည်းပေးဖို့လေ… “

“ ဒါနဲ့ နင့်အဖေအမေ မသိခဲ့ကြဘူးလား.. “

‘ သိကြမယ် ထင်တာပဲ…။ ဖြစ်လာပြီးမှတော့ ဘာမှ မတတ်သာပဲ မသိသလိုပဲနေကြပုံရတယ်။ “

ကြီးမေနဲ့ ဒေါ်နန်းမူတို့ အသံတိတ်သွားကြတယ်။ တစ်အောက်လောက်ကြာမှ ကြီးမေကပဲ

“ ကလေးတွေရော ရိပ်မိကြသေးလား။ “

“ မသိဘူး ထင်တာပဲ…။ မသိပဲ ဒီအတိုင်း ရှိပါစေလို့ ငါ ဆုတောင်းပါတယ်ဟယ်…။ ကလေးတွေကို စိတ်ကွဲပြားမှု မရှိစေချင်ဘူး။ စိတ်သောက မဖြစ်စေချင်ဘူး။ အခုလိုပဲ မောင်နှမ အရင်းလို့ပဲ ယုံကြည်ပြီး ချစ်နိုင်ကြပစေတော့… “

ဒေါ်နန်းမူရဲ့ ရှိုက်သံက နည်းနည်းး ကျယ်လာတယ်လို့ ထင်ရတယ်။

ထမင်းချက်ချိန်ရောက်ပြီဆိုပြီး ကြီးမေကို နှုတ်ဆက်ပြီး သူမ ပြန်သွားတယ်။

ကျနော်လည်း သံသယကင်းတဲ့ သက်ပြင်းရှည်ကြီးကို ချပစ်လိုက်တယ်။ ကြီးမေက ထမင်းချက်ဖို့ အိမ်ပေါ် တက်လာတော့ ကျနော် အိပ်ပျော်နေသလို ဟန်ဆောင်လိုက်တယ်။

ဒါပေမယ့် စိတ်ထဲမှာတော့ အတွေးပေါင်းစုံပါပဲ…..။

ဦးရွှေသွားရဲ့ အစွမ်းထက်တဲ့ အနုဆေး၊ အဆောင်နဲ့ သူ့ကြောကုန်းက ဖေါက်ပြန်တတ်တယ်တဲ့ အင်းကွက်ကို ကျနော် သံသယရှိ သွားတယ်။ အဆောင်နဲ့ အင်းကွက် စွမ်းတာထက် သူ့ရဲ့ဓါးမြှောင်နဲ့ ယုတ်မာလွန်းလှသော စိတ်ဓါတ်ကပဲ ပိုစွမ်းနေသလားပဲ…။

သူ့ရဲ့ ယုတ်မာမှုတွေမှာ မိန်းမပျိုတွေ မပါသလောက်ပဲ။ သူယုတ်မာလိုက်တဲ့ အမျိုးသမီးတွေက အများဖြင့် ကလေးတစ်ယောက်၊နှစ်ယောက် ရပြီး တစ်သားမွေးတစ်သွေးလှတတ်တဲ့ မိန်းမတွေသာများတယ်။

ဖြစ်နိုင်ခြေက ဒီလို မိသားစုရှိခါစ မိန်းမသားတွေမှာ အားနည်းချက်ရှိတာ သူသိပုံရတယ်။ ဒီလို အိမ်ထောင်ရေး အနည်ထိုင်စ မိန်းမသားတွေမှာ သူတို့ဂုဏ်သိက္ခာ၊ လင်ယောက်ျားဂုဏ်သိက္ခာ၊ သားသမီး ဂုဏ်သိက္ခာ၊ မိဘဂုဏ်သိက္ခာ စတဲ့ ထောက်ထားစရာတွေ များလို့ သူ့ရဲ့ ယုတ်မာတဲ့ ကွန်ယက်မှာ အလွန်မရုန်းသာဖြစ်သွားတယ်။

ဂုဏ်သိက္ခာတစ်ခုအတွက် အိပ်မက်ဆိုးကို ဖုံးဖိမေ့ပျောက်ရင်းပေါ့…။

တစ်ခုပဲ တွေးပူမိတယ်။

မြို့ပေါ် ရောက်နေတဲ့ ဦးရွှေသွားကြီးက ရွာက အလှူကြီး၊ ပွဲကြီးဆို ပြန်လာတတ်တယ်။ အဲဒီအချိန်မှာ သူ့ရုပ်ပေါက်နေတဲ့ ကျီးကန်းကို မြင်မိလေမလား…….။

မြင်မိသွားပြီးရင် သူဘယ်လို ခံစားရမလဲ….

ဒါမှမဟုတ် အရင်ကလိုပဲ ဘာသိဘာသာနဲ့ ဂုဏ်သိက္ခာတစ်ပဲသားနဲ့ နေနေဦးမှာလား….။

မသိခဲ့လို့ မသိသလိုပဲ နေနိုင်ပါစေလို့ ကျနော် ဆန္ဒပြုမိတယ်။

ကျီးကန်းလည်း သူ့ကလေး ရှင်ပြုတဲ့အခါကျရင် ဦးမိုးသီး၊ ဒေါ်နန်းမူတို့၏သား ရဟန်းလောင်း ခွန်ထွန်းဖေ အဖြစ်လည်းကောင်း၊ ကျီးကန်းရဲ့သား အတွက် ဦးမိုးသီး၊ ဒေါ်နန်းမူတို့၏မြေး၊ ဦးခွန်ထွန်းဖေ၊ ဒေါ်ထားရီ တို့၏သား ခွန်ရန်နိုင်အား ရှင်သာမဏေလောင်း အဖြစ်လည်းကောင်း ဖိတ်စာရိုက်ပြီး အလှူပွဲကြီးကို ဂုဏ်သိက္ခာရှိရှိ ပျော်ပါးစည်းကားစွာ ကျင်းပနိုင်ဖို့ ဆန္ဒပြုမိပါကြောင်း…..။

ခမ်းကီး




ဓါတ်ပုံများကို အင်တာနက်စာမျက်နှာများမှ ကူးယူပါသည်။

ဆက်လက်ဖတ်ရှူရန်...

Thursday, June 11, 2009

မှန်ကန်သော ဂုဏ်သိက္ခာ(မှားယွင်းသောဘ၀) -အပိုင်း(၁)




တို့က အရှက်နဲ့လူလုပ်တာ၊ အသက်နဲ့လဲပြီး ဂုဏ်သိက္ခာကို စောင့်ထိန်းတယ်ဟေ့.. လို့ ကိုယ်နေတဲ့ ပတ်ဝန်းကျင်မှာ မကြာခဏ ကြားဖူးကြမှာပါ..။

သူခိုးကလည်း သူ့ဂုဏ်သိက္ခာနဲ့ သူပဲ။ ဓါးမြကလည်း သူ့ဂုဏ်သိက္ခာနဲ့ သူပါပဲ။ လက်ပူးလက်ကြပ် သက်သေမပြနိုင်ရင် သူ့ဂုဏ်သိက္ခာကို ချနိုင်ရိုးလား….။

လောကကြီးမှာ ဂုဏ်သိက္ခာဆိုတဲ့ အရေခွံကို ခြုံပြီး ခပ်တည်တည်နဲ့ ရှင်သန်လှုပ်ရှားနေတဲ့ လူတွေကို တွေ့ဖူးကြမှာပါနော….။

သူလိုကိုယ်လို သမ္မာအာဇီဝကို မထိန်းနိုင်ပဲ အသမ္မာအာဇီဝ ဖြစ်သွားရင် ဝေဖန်ကဲ့ရဲ့ဖို့က အဆန်း မဟုတ်လောက်ပါဘူး…။

တစ်ခါတစ်လေ သမ္မာအာဇီဝဆိုင်တဲ့ ဖြစ်ရပ် မဟုတ်ပဲ….၊ ဂုဏ်သိက္ခာကို အသက်နဲ့လဲပြီး ကာကွယ်ခဲ့သူကို မြင်ဖူးကြရဲ့လား…။

အဲဒီလူကို မြင်ဖူးခဲ့ရင် ဘယ်လို ဝေဖန်မလဲ၊ ကဲ့ရဲ့မလဲ….။


လောကကြီးမှာ မသိနိုင်တဲ့ အရာတွေက အများကြီးပါ။ ကိုယ်အကြောင်းမျှသာကိုပဲ အကုန်သိခဲ့ပါရဲ့လား မဆိုနိုင်…။ ကိုယ်အကြောင်းကိုယ်သိပါလျှက် မသိသလို နေလိုက်ရသော၊ ဂုဏ်သိက္ခာအတွက် သိနေတာကို မသိသလို ဟန်ဆောင်နေရသူတစ်ချို့ကို လေ့လာ (စပ်စု) ကြည့်ရအောင်….။

. . .

ခွန်ထွန်းဖေက ကျနော့်ရဲ့ ငယ်ပေါင်းပါ။ အသားဖြူတဲ့ သူ့မောင်နှမတွေထဲ သူကထူးခြားပြီး မဲနေလို့ ကျီးကန်းဆိုပြီး ရင်းနှီးတဲ့လူတွေ ခေါ်ကြသေးတယ်။ ကျနော်က ကျီးကန်းလို့ ခေါ်ပါများတော့ သူ့နာမည်အရင်း ခွန်ထွန်းဖေဆိုတာတောင် မေ့တေ့တေ့ရယ်။

ကျနော်တို့ ငယ်ငယ်တုန်းက သူ့အမေကို စူးစမ်းလိုစိတ်နဲ့ မေးဖူးပါတယ်။ အမေကဖြူ၊ အဖေကလည်း အမဲကြီး မဟုတ်ပဲ ဘာလို့ ကျီးကန်းက သူ့မောင်နှမတွေထက် မဲနေရသလဲပေါ့…။

သူ့အမေ ဒေါ်နန်းမူက ကျီးကန်းအဖေဘက်က အဖိုးဖက်လိုက်လို့ မဲတာလို့ ဖြေဖူးတယ်။ အင်း.. ဟုတ်သားပဲ၊ သူ့အဖိုးမောင်တုတ်က အသားမဲတာပဲလေဆိုပြီး စောဒက မတက်တော့ပဲ ငြိမ်နေလိုက်တယ်။ ဒေါ်နန်းမူက မိန်းမချောကြီး၊ သူ့အဖေ ဦးမိုးသီးကလည်း တုတ်တုတ်ခိုင်ခိုင်နဲ့ ကြည့်လို့ကောင်းတဲ့ လယ်သမားဆိုတာ ကျနော်တို့ ငယ်ငယ်ကတည်းက သိထားကြတာပါတယ်။

နွေရာသီ ကျောင်းပိတ်ရက်တွေဆို ကျီးကန်းတို့ အိမ်မှာ ကလေးတွေ ပြုံလေ့ရှိတယ်။ သူတို့ရဲ့ ရွာစွန်ကျကျ ခြံဝင်းထဲမှာ အရိပ်ကောင်းပြီး တက်ရလွယ်တဲ့ အပင်ကြီးတွေရှိတယ်။ အဆော့သန်တဲ့ ကျနော်တို့လို ကလေးတွေအကြိုက်ပေါ့…။

ပြီးတော့ တောအုပ်နဲ့လည်းနီး၊ ဆယ့်နှစ်ရာသီ ရေရှိတဲ့ မြောင်းပြတ်ကြီးနဲ့လည်းနီးတော့ ကလေးတွေအကြိုက်ပေါ့..။ တောထဲက ရလာတဲ့ ငှက်တွေ၊ ရှဥ့်တွေ၊ ဖားငါးတွေအဆုံး ကျီးကန်းတို့ခြံထဲ အပင်ကြီးအောက်မှာ တစ်ပျော်တစ်ပါး ကင်စား၊ ချက်စားလေ့ ရှိကြတာကိုး…။ လူကြီးတွေ ကြိမ်းမောင်းခြင်း လွန်တဲ့ နေရာမှန်လေးပေါ့…။ လောက်စာလုံးအတွက်လည်း မြောင်းပြတ်ထဲက မြေနူးတူးဖို့က အဆင်သင့်ရယ်…။

အားနာပါးနာစွာဖြင့် မှတ်မှတ်ရရ ရှိနေသေးတဲ့ အရာကို ရေးပြချင်သေးတယ်..။ ( ^__^ ခပ်တည်တည်နဲ့ ဟာသမပါတဲ့ ပို့စ်လေး ရေးမယ်ဆိုကာမှ)

ဒီလိုဗျ….။ ကျနော် မှတ်မိသေးတဲ့အထိ အဲဒီအချိန်မှာ ရွာမှာ အိမ်သာသုံးတဲ့ အလေ့ မရှိသေးဘူး..။ (အားနာပါရဲ့.. ^__^ )

အလေးအပင် ကိစ္စဆို ရွာနားက တောစပ်ကို ပြေးသွားရတာ…။ ဒါကြောင့် တောသွားတယ်လို့ ခေါ်လေသလား မဆိုနိုင်။ အပေါ့အပါး ကိစ္စကိုတော့ နီးရာချုံကွယ်တဲ့ နေရာမှာပေါ့နော်။ တွေ့ဖူး၊ မြင်ဖူးလိမ့်မှာပါနော်…..။

ကျနော်တို့ သုံးတန်းဖြေပြီးတဲ့ နွေရာသီတစ်ရက်မှာ ထင်တယ်။ ငှက်ပစ်ဖို့ ကျနော်တို့ အုပ်စု တောစပ်ဘက် ထွက်လာခဲ့ကြတယ်။ တောထဲရောက်တော့ ငှက်ချောင်းဖို့ လူခွဲရတာပေါ့။ တောနက်အထိလည်း မသွားရဲကြပါဘူး။ ခိုးပြီး လစ်လာတာဆိုတော့ လူကြီးတွေ စိတ်ပူမှာ စိုးရိမ်မှာလည်း ပါတာပေါ့..။

လူစုခွဲပြီး သိပ်မကြာဘူး..။ ခပ်အုပ်အုပ်ရှိတဲ့ အပင်အောက်မှာ ငှက်ချောင်းဖို့ ကျနော်ပုန်းနေလိုက်တယ်။ အပင်ငယ်တွေကြားမှာ မုဆိုးလိုလို၊ ဘာလိုလိုပေါ့။ ဒါပေမယ့် ရွာသားတွေ စွန့်ထားတဲ့ မှိုင်းဗုံးအနဲ့ကို တော်တော် သည်းခံရတာပေါ့…။ ^___^

ငှက်တစ်ကောင်မှ လာလို့တောင် မနားသေးဘူး…။ တစ်မျှော်မျှော်နဲ့ ဟိုကြည့်ဒီကြည့် ရှိနေတုန်း ကျီးကန်းတို့အမေ တောစွန့်ဖို့ ရောက်လာပါလေရေ…..။ ဒေါ်နန်းမူ ရှက်မှာစိုးလို့ ကျနော် ငြိမ်နေလိုက်တယ်။ (ချောင်းကြည့်တာ မဟုတ်ဘူးနော်.. ^__^ )

ဒေါ်နန်းမူက ကိစ္စပြီးလို့ ထပြန်ဖို့ အလုပ်မှာ မထင်မှတ်ပဲ ဦးရွှေသွား ပေါက်ချလာပြီး ဒေါ်နန်းမူကို ခြုံတောဘက် ဆွဲသွားပါလေရော…။ ဘယ်ကဘယ်လို ရောက်လာမှန်း ကျနော်တောင် မသိခဲ့ပါဘူး။ ကျနော်လည်း လန့်သွားတယ်။ ကြောက်ကြောက်နဲ့ ဆက်ချောင်းနေလိုက်တယ်။ ဘယ်လိုကြီးလဲ.. ဘာလုပ်ဖို့လဲ စတဲ့အတွေးတွေနဲ့ ထူပူသွားတာ အမှန်ပဲ။

ဒေါ်နန်းမူက ပါးစပ်ကလည်းဆဲ၊ လက်ကို အတင်းဆွဲဖြုတ်ရင်းနဲ့ ဒရွတ်တိုက် ပါသွားနေတယ်။

အဲဒီအချိန်မှာပဲ ဦးရွှေသွားရဲ့ ခြေထောက်က နွယ်ပင်နဲ့ ငြိသွားလို့လားပဲ၊ ဗုန်းကနဲ လှဲကျသွားတယ်။ ဒေါ်နန်းမူရဲ့လက် လွတ်သွားတာနဲ့ အတင်းရုန်း ထွက်ပြေးပါလေရော…။

ကာယကံရှင်တွေတော့ မသိဘူး။ ကျနော်ဖြင့် ရင်တစ်ထိတ်ထိတ်နဲ့ ကြောက်လန့်ပြီး ခြေလက်တွေ တုန်လာတယ်။ အိပ်မက်တာလား၊ သရဲခြောက်နေတာလားပေါ့….။

ဦးရွှေသွားက ပြေးလိုက်နေသေးတယ်။ ဒါပေမယ့် ချုံပင်တွေအထိပဲ လိုက်ပြီး ရပ်နေလိုက်တယ်။ ဒေါ်နန်းမူက ကွင်းပြောင်ဘက် ရောက်သွားလို့ ဆက်မလိုက်တော့တာ ဖြစ်ပုံရတယ်။

ပြီးတော့မှ ဘာသိဘာသာနဲ့ တောစပ်ထဲ ၀င်ပြီး ပျောက်သွားတယ်။ ကျနော်လည်း ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ ဖြစ်နေတယ်။ စောစောက ဒေါ်နန်းမူ ဆဲသွားပုံအရ တောသွားတဲ့မိန်းမတွေကို ဦးရွှေသွား လာလာပြီး ချောင်းတတ်လေသလား လို့တွေးနေတယ်။ အယုတ်တမာ၊ လူယုတ် ဆိုတာလည်းပါတယ်၊ ခဏခဏ ဆိုလည်းပါတော့ ဦးရွှေသွား အကျင့်ယုတ်မာကြောင်းကိုပဲ တွေးနေမိတယ်။ သိဖူးသမျှ၊ ကြားဖူးသမျှလည်း ဦးရွှေသွားအကျင့် မကောင်းကြောင်းကို ရွာသားများဆီက ကြးဖူးနေတယ်ဆိုတော့…။

ကလေးတို့ဘ၀ အထိတ်တစ်လန့်မို့ သူငယ်ခင်းတွေကို ပြောပြဖို့ စဉ်းစားမိသွားတယ်။ ငှက်မချောင်းတော့ပဲ သူငယ်ချင်းရှိရာ ထွက်လာခဲ့တယ်။ ဒါပေမယ့် ဦးရွှေသွားက ကိုယ့်ကို ပြန်ပြီး ဒုက္ခပေးမှာကို သွားတွေးမိတယ်။ သူငယ်ချင်းတွေကို ပြောပြလို့ ဖြစ်ပါ့မလား..။ အိမ်က လူကြီးတွေကိုရော ပြောပြလို့ ဖြစ်မလားဆိုပြီး လိုက်တွေးရင်းက ဘယ်သူ့ကိုမှ မပြောပြခဲ့ပါဘူး…။

အမှန်က ကျီးကန်းလည်းပါနေတော့ သူ့ကို အားနာသလိုလို၊ ကိုယ်ပြောမိလို့ သူရှက်သွားမှာ စိုးရိမ်သလိုလိုပါ။ ညနေစောင်းတော့ သူတို့ရတဲ့ ငှက်တွေနဲ့ပဲ ကင်စားဖြစ်ခဲ့တယ်။ သူများတွေ ဟေလားဝါးလား ရှိပေမယ့် ကျနော်တစ်ယောက် အိမ်ပေါ်မှာချက်ပြုတ်နေတဲ့ ဒေါ်နန်းမူဆီပဲ စိတ်ရောက်နေတယ်။

အဲဒီအချိန်ကစပြီး ဒေါ်နန်းမူရဲ့ အဖြစ်အပျက်က ကျနော်ကို လွမ်းမိုးနေတော့တယ်။

ဒေါ်နန်းမူ ဆဲခဲ့တဲ့ ယုတ်မာလို့ မ၀သေးဘူးလား အယုတ်တမာကြီးဆိုတာကို သံသယဖြစ်နေတယ်။

. . .

အချိန်အတန်ကြာသွားလို့ ဒေါ်နန်းမူတို့ အဖြစ်အပျက်ကို မေ့သလိုလို ရှိပြီး တစ်ရက်မှာ ကျနော့်ကို သံသယ ဖြစ်စေတဲ့အကြောင်းက ပေါ်လာပြန်ရော…။

နွေရာသီဆိုတော့ ရှင်ပြုပွဲရာသီက ရောက်လာပြန်ပြီလေ…။

လူကြီးတွေက ရှင်ပြုပေးတော့မယ်ဆိုတော့ ကျနော်တို့တစ်တွေ ပျော်လိုက်တာ..။ ရှင်မပြုခင် ဘုန်းကြီးကျောင်းမှာ ဘုရားစာ၊ သင်္ဃန်းတောင်း စတဲ့ ဂါထာရွတ်တတ်ဖို့ လူကြီးတွေ ဘုန်းကြီးကျောင်းအရင် သွားအပ်တာပေါ့။

အဲဒီမှာတင် ကျီးကန်းရဲ့အဖေက ရှင်မပြုပေးနိုင်ဘူး၊ မအပ်ပေးနိုင်ဘူးဆိုပြီး လင်မယားရန်ဖြစ်နေကြကြောင်းကို လူကြီးတွေပြောတာ ကြားခဲ့ရတယ်။ ကျီးကန်းကို သူ့အဖိုးကပဲ ဘုန်းကြီးကျောင်းအပ်ပေးခဲ့ရတယ်။

အဲဒီအချိန်က ကျနော်တို့နယ်မှာ အလှူဖိတ်စာနဲ့ ရပ်ဝေးက ဆွေမျိုးမိတ်ဆွေကို ဖိတ်ကြားတာ ခေတ်စားစပေါ့…။ ကျီးကန်းရဲ့အဖေက ဖိတ်စာလည်း မရိုက်နိုင်ဘူး၊ အလှူပွဲကိုလည်း စိတ်မ၀င်စားဘူးဆိုပြီး ဘုကန့်လန့် လုပ်နေတယ်ဆိုလို့ ရွာသားတွေ ပြောနေကြလေရဲ့..။

သူတို့အိမ်က စီးပွါးရေးအဆင်မပြေလို့၊ ငွေရေးကြေးရေး အဆင်မပြေလို့များလား ဆိုပြီး တွေးမိပေမယ့်..။ မိုးကောင်းလို့ သူတို့လယ်ကစပါးလည်း အထွက်ကောင်းနေတယ်။ သူတို့ပိုင်တဲ့ အင်းတွေဆို ငါးတွေကလည်း ပေါမှပေါ ပါလျှက်၊ ကျီးကန်းရဲ့အဖေကို ကျနော်နားမလည်နိုင်စွာပဲ ဖြစ်နေခဲ့တယ်။

ကလေးအတွေးနဲ့ ပေါက်ကရ လိုက်တွေးရင်းက သူ့သားများ မဟုတ်လေသလားဆိုပြီး တွေးမိသွားတယ်။

ဒါပေမယ့် ဆက်စပ်တွေးတောမိတဲ့အဆင့်တော့ ရောက်ခဲ့ပါဘူး။

နောက်ပိုင်းမှာ ကျီးကန်းတို့အဖေ အရက်သောက်ကြမ်းလာတယ်လို့ ကြားမိခဲ့တယ်။ လယ်အားတဲ့ရာသီ၊ ပျော်ပွဲရွှင်ပွဲရာသီ ပေမို့လို့ပဲ သူသူငါငါ တွေးနေကြမှာပေါ့…။ ကျနော်တို့လည်း ရှင်လောင်းဖြစ်ရတော့မှာမို့ အပျော်ကြီး ပျော်နေခဲ့ကြတယ်။

ကိုရင်ဘ၀ရောက်မှပဲ ကျီးကန်းက ဦးရွှေသွားနဲ့ တူလာသလားလို့ ကျနော် တွေးထင်မိသလိုလို…။

ကတုံးကြီးနဲ့ ကျီးကန်းက သူ့အဖေ ဦးမိုးသီးရုပ် နည်းနည်းမှမပေါက်..။

အဲဒီနောက်ပိုင်းမှာ ကျီးကန်း၊ ဦးမိုးသီး၊ ဒေါ်နန်းမူနဲ့ ဦးရွှေသွားတို့ကို သံသယ ဖြစ်တဲ့စိတ်က ပိုကြီးမားလာခဲ့တယ်…..။

* * *
ခမ်းကီး
၁၁၊ဇွန်၊၂၀၀၉

ဆက်လက်ဖတ်ရှူရန်...

Wednesday, June 10, 2009

ခမ်းကီးဟုခေါ်သော နာမ်စား




နာမ်၏အစားသုံးသော ပုဒ်ကို နာမ်းစားဟုခေါ်သည်။ ^__^

ခမ်းကီးကိုယ်စား သုံးသာ နာမ်စားအား ခမ်းကီးဟုခေါ်သည်။ ^___^

သူများတွေ ကိုယ်ပိုင်အမည် ရာဇ၀င်လေးတွေ ညွန်းဖွဲ့တာ ဖတ်ရတော့ ခမ်းကီးဆိုတဲ့ နာမ်စားကိုလည်း အမှတ်တရအဖြစ် ဖေါ်ညွန်းချင်လာတယ်။

ပြီးတော့ ခမ်းကီးရဲ့ ပို့စ်ကို အမြဲတမ်း အားပေးနေတဲ့ မမပန်းရဲ့ စိတ်ဝင်တစ်စား တောင်းဆိုမှုလေးကို အသိအမှတ် ပြုသောအားဖြင့်ပေါ့။ ^___^

ခမ်းကီးဆိုတာ ဘယ်သူဘယ်ဝါမှန်း မသိတဲ့ လူတစ်ဦးပါ။ ^___^

ကွန်ပြူတာအခြေခံ မရှိပဲ ဘလော့ဂ်လောကထဲ ရောက်လာတဲ့ မအူမလည် တောသားလေးတစ်ယောက်ပေါ့။ ^__^


သူများတွေလို IT ဆိုတဲ့ ကမ္ဘာသစ်ကြီးကို စိတ်ဝင်စားသူတစ်ယောက်ပေါ့။ ဒါပေမယ့် သူများတွေလို ဘွဲ့ရပညာတတ် အတန်းစားထဲက မဟုတ်တော့ IT ဆိုတာ ခရီးကြမ်းထွက်ရသလိုပါပဲ။ ^___^

Mouse ဆိုတာ ကြွက်၊ monitor ဆိုတာ အတန်းခေါင်းဆောင်ဆိုတဲ့ ပညာလေးနဲ့ ကွန်ပြူတာဆိုတဲ့ အရာကို ကိုင်ဖူးစက ပျော်လိုက်ရတာ။ သူ့ရွာသားတွေကို ကြွားချင်လိုက်တာ မျောက်အုန်းသီးရသလို ပါပဲ။ ^__^

ဟိုလိုက်ကလိ၊ ဒီလိုက်ကလိ နိုင်လွန်းလို့ ကွန်ပြူတာပိုင်ရှင်က ဗိုင်းရပ်စ်ကို သတိထားနော်လို့ ပြောတော့၊ ကြမ်းပိုးလိုလို အကောင်ကို စောင့်ကြည့်နေတော့တယ်။ ^___^

www ဆိုတဲ့ wသုံးလုံး အဓိပ္ပါယ်ကို မသိပဲ သူ့ရွာသားတွေဆီ ကွန်ပြူတာပညာရှင်လို ရှိုးထုတ်နေလိုက်တာ မမောနိုင်မပန်းနိုင်ပါပဲ။

စိုက်ကော်လို့ ခြုံပေါ်ရောက်ရတာများ ဆိုပြီး သူများတွေအတင်းတုတ်တာလည်း ဂရုမစိုက်နိုင်တော့ဘူးပေါ့။ ရွာမှာဆို ကွန်ပြူတာဆိုလို့ တီဗွီ၊ စာအုပ်တွေထဲမှာသာ မြင်ဖူးတဲ့ကောင်က…။ ရန်ကုန်မြို့က ကွန်ပြူတာသင်တန်းဆိုင်းဘုဒ်ကို ကြည့်ပြီး စိတ်ကူးနဲ့ ရူးလိုက်ရတာလည်း ပြောမနေနဲ့တော့…။ ^___^

သူများတွေလိုပဲ တောင်ကျော်၊မြေလျှိုးပြီး နိုင်ငံခြားရောက်မှ ကွန်ပြူတာကို လက်တို့ထိဖူးခဲ့တယ်။ မြို့ပေါ်မှာ ခပ်တည်တည်နဲ့ ရှိုးထုတ်တဲ့ တောသားလို အလုပ်ကောင်းကို လိုက်ရှာခဲ့တာ အခုထိ အမှတ်ရစရာပါပဲ။

ကံကောင်းထောက်မလို့လား၊ ပါရမီဟောင်းလေးဘာလေး ရှိခဲ့လို့လားတော့ မသိဘူး။ ကွန်ပြူတာအားထားရတဲ့ အလုပ်ကို ရရှိတော့တယ်။ ကီးဘုဒ်ဆိုရင် တီးဝိုင်းတွေမှာ သုံးတဲ့ပစ္စည်းလို့ သိတဲ့ကောင်ကလေ…. Abcd ကို မနည်း ရှာယူရတယ်။ ^___^

အဲဒီအချိန်ထိ screen ပေါ်မှာ မြန်မာစာပေါ်လာလိမ့်မယ်လို့ သူမထင်ထားခဲ့ဘူး။ အင်္ဂလိပ်စာလုံးသာ ပေါ်နေတတ်တယ်လို့ ယုံကြည့်နေလျှက်ပေါ့…။ ^___^
ခမ်းကီးရဲ့ ကွန်ပြူတာလက်ဦးဆရာက bossရဲ့သားပါ။ ကံကောင်းလို့ သဘောကောင်း၊ လုပ်ငန်းကောင်းတဲ့ boss နဲ့ လာတွေ့လို့သာပေါ့။ အဲဒီအချိန်က စပြီး ကွန်ပြူတာရှေ့ ထိုင်နေရတဲ့ဝဋ်ကို ခံရပါတော့တယ်။

အင်တာနက်ဆိုတာကြီးကို သဲသဲကွဲကွဲနားမလည်ပဲ သုံးပဲသုံးနေတော့တယ်။ တစ်နေ့မှာပေါ့….

ဟိုပေါက်ကရ၊ ဒီပေါက်ကရ လိုက်နှိပ်ရင်းက (အမှန်က x ပုံကို လိုက်ရှောက်နှိပ်ရင်း) မြန်မာအကြောင်း၊ မြန်မာပုံတွေပါတဲ့ စာမျက်နှာကို နှိပ်မိတော့တယ်။ ^___^ (စူးစမ်းရှာဖွေပေါ့… )

အင်္ဂလိပ်စာလုံးတွေကြားက လေးထောင့်ကွက်ကိုလည်း မြန်မာဖောင့် ဆိုတာ မသိခဲ့ဘူး။ Google ဆိုတဲ့ စာမျက်နှာကို သုံးတတ်တော့မှ Myanmar ဆိုတာကို ရှာကြည့်ချင်လာတယ်။ အဲဒီတော့မှ Myanmar.com ဆိုတာနဲ့ မြန်မာနဲ့ဆိုင်တဲ့ စာမျက်နှာကို စသိခဲ့တယ်။ ^___^

အဟဲ.. ရာဇ၀င်ကို ရှင်းနေလိုက်တာ ခမ်းကီးဆိုတဲ့ နာမ်စားက ဘယ်လိုလဲဆိုတာ အခုထိ မရေးသေးပါလား…။ (တွေးနေရောပေါ့….)

အဲဒီလို မြန်မာစာကို တွေ့ပြီးမှ ခမ်းကီးဆိုတာ စ လို့ ရမှာပေါ့နော..။ ^___^

နှစ်နဲ့ချီပြီး အင်တာနက်ကို သုံးလာခဲ့ပြီး တစ်ရက်မှာပေါ့…….။ (အချိုးက.. )

ပအိုဝ်းလူမျိုးဆိုတော့ အင်တာနက်မှာ ပအိုဝ်းအကြောင်း ရှိမလားဆိုပြီး သိချင်လာတယ်။

အဲဒီမှာတင် google ကိုသွားပြီး Pa-o, Pao, Pa-oh , လိုက်ရှောက်နှိပ်လိုက်တာ (လက်ဦးဆရာ) ခွန်လေဇာရဲ့ (http://khunlazer.multiply.com) ကို စတွေ့မိတယ်။ အဲဒီတုန်းက ၀က်ဘ်ဆိုက်တစ်ခု အဖြစ်သာ သိခဲ့တယ်။ ဘလော့ဂ်ဆိုတာ မသိသေးတာ အမှန်ပါပဲ။

တစ်ခြားသော ဘလော့ဂ်တွေကို တွေ့မိ၊ ဖတ်မိနေပေမယ့် သူတို့ရဲ့ ကိုယ်ပိုင်ဝက်ဘ်ဆိုက်လို့ပဲ နားလည်ခဲ့တယ်။ အဲဒီ ခွန်လေဇာရဲ့ ဘလော့ဂ်မှာတင် သူများတွေ comment ရေးတာ တွေ့မိတော့တယ်။ ( comment ဆိုတာလည်း ဘာမှန်းမသိခဲ့ဘူး)

အဲဒီမှာတင် ကျေးဇူးတင်ကြောင်းကို ရေးချင်လာတယ်…။ အကွက်လေးထဲမှာ ရေးပြီး အက်ဒ်တော့ member ၀င်ရမယ်တဲ့…။

အဲဒီတော့မှ sign up ဆိုတာ တွေ့ဖူးတော့တယ်။ ပြီးတော့ ဆက်ဝင်ပေါ့။ (member ဖြစ်ပြီး ဘာလုပ်လို့ရတယ် ဆိုတာ မသိသေး)

ကျေးဇူးတင်စကားပြောပြီး ဟိုကလိဒီကလိတော့မှ ဘာအကွက်၊ ညာကွက်ကို တွေ့မိသွားတယ်။ ပအိုဝ်းအကြောင်းလေးတွေ၊ ရွာဓလေ့ ပြောပြချင်တော့မှ download ဆိုတာ သိခဲ့ပြန်ရော…။ add, save, edit ဆိုတာနဲ့ နောက်ပိုင်းမှ ရင်းနှီးခဲ့တယ် ဆိုပါတော့။

ဒီမှာတင် Khun Khan Don(ခွန်ခမ်းဒွမ်) ဆိုတဲ့နာမည်လေးကို မွေးဖွာ်းစေခဲ့ပါတော့တယ်။

မြေပြန့်က ပအိုဝ်းဆိုတော့ မြေပြန့်ပအိုဝ်းဆိုတဲ့ အဓိပ္ပါလေးနဲ့ပေါ့……။
အဲဒီ multi စာမျက်နှာကနေပဲ ဟိုလူ့အိမ်၊ ဒီလူ့အိမ်လိုက်လည်ရင်းက ဘလော့ဂ်ဆိုတာကို နားလည်လာခဲ့တယ်။ မျှဝေသိစေလိုတဲ့ အကြောင်းတွေက ရှိနေတော့ ခွန်ခမ်းဒွမ်ဆိုတဲ့ ဘလော့ဂ်လေး ဖြစ်ပေါ် လာခဲ့ပါတယ်။

အခုမှ ခမ်းကီး ဖြစ်ပေါ်လာပုံနဲ့ နီးစပ်လာတယ်…။ ^___^

အဲဒီ multi ထဲမှာတင် တစ်ချို့က ကိုကြီးခမ်းဒွမ်၊ ကိုခမ်းဒွမ်၊ ကိုကြီးခမ်း၊ ရင်းနှီးလာတဲ့ မိတ်ဆွေတစ်ချို့က ကိုခမ်းကြီးပေါ့…။

အဲဒီမှာတင် ခမ်းကြီး ဆိုတဲ့ နာမည်ကို သဘောကျသွားတယ်။

ခမ်းကီးတို့ ပအိုဝ်းဒေသမှာ ဗမာစကားပြော မပီကြပါဘူး။ အမှန်က မပီတာရယ်လို့လည်း မဟုတ်ပါဘူး။ သူ့ဓလေ့၊ သူ့ထုံးစံ လို့ပဲ ပြောရမှာပေါ့။ ဗမာတစ်ဝက်၊ ပအိုဝ်းတစ်ဝက် ရောတဲ့ပုံစံမျိုးပေါ့။ ( ခမ်းကီးရေးတဲ့ ပို့စ်တွေမှာ ဖတ်နိုင်ပါတယ်.. ကြော်ငြာ… ^___^ )

ကြီး ဆိုတာကို ခမ်းကီးတို့ရွာသားတွေက ကီး ဆိုပြီး ပြောကြ၊ ခေါ်ကြာတာ ရှိတယ်။ သားကြီးကို ပိုကီး၊ သမီးကြီးကို ပိုမူကီး၊ မူကီး စသဖြင့် ခေါ်လေ့ရှိတယ်။

ဒီမှာတင် ခမ်းကြီးကို ခမ်းကီး အဖြစ်မွေးထုတ် ပါတော့တယ်။ ^___^

အမှန်တော့ ပအိုဝ်းစကား ကျကျခေါ်စေလိုတဲ့ အမှတ်တရအဖြစ်ပါ။ ခမ်းကီးလို့ တစ်ခါဖတ်လိုက်တာနဲ့ ပအိုဝ်းစကားတစ်လုံးပါပြီးသား ဖြစ်သွားတာပေါ့… ^___^

ခမ်းကီးဆိုတဲ့ နာမ်စားအိမ်လေးကို လာလည်ဖတ်ရှုအားပေးကြတဲ့ သူငယ်ချင်းအားလုံးကို အထူးကျေးဇူးတင်ရှိကြောင်း ပြောကြားလိုပါတယ်။

ခမ်းကီးရဲ့ အားနည်းချက်ကြောင့် အဆင်မပြေလှသော ဘလော့ဂ်စာမျက်နှာအတွက်၊ အားနည်းနေသော ပို့စ်များအတွက် တောင်းပန်ပါတယ်။ လိုအပ်တာတွေ၊ မှားယွင်းနေတာတွေကို ထောက်ပြ၊ သင်ပြနိုင်ပါတယ်။

ဒီနေရာမှနေ၍ ကြားဆရာ၊ မြင်ဆရာ၊ သင်ဆရာ အားလုံးကိုလည်း ကျေးဇူးတင်ပြီး ဂါရ၀ပြုပါတယ်။

ဆက်လက်ပြီး တစ်ခုခုပေးစွမ်းနိုင်သော သိသမျှ၊ မြင်သမျှတွေကို ဝေငှနေပါဦးမယ်လို့….

အားလုံးကို လေးစားစွာဖြင့်

ခမ်းကီး
၁၀၊ဇွန်၊၂၀၀၉


ဆက်လက်ဖတ်ရှူရန်...

Sunday, June 7, 2009

အရောင်မခြယ်ခဲ့ရသော ပန်းချီကား (အပိုင်း-၂)




ခမ်းကီးရဲ့အိမ်လေးထဲ အချိန်ကုန်ခံပြီး ၀င်ရောက်အားပေး၊ ဖတ်ရှုခဲ့ကြတဲ့ သူငယ်ချင်းမိတ်ဆွေများကို လေးစားသောအားဖြင့် ( အရောင်မခြယ်ခဲ့ရသော ပန်းချီကား )ကို အဆုံးထိ ရေးဖို့ ဆုံးဖြတ်လိုက်ပါတယ်။ (^__^)

ကိုယ့်ဧည့်သည်ကို မလေးစားရာရောက်တယ်လို့ နောင်တရမိလို့ပါ။ (အဟီး.. ^__^ )

ပြီးတော့ ကိုယ်ရေးနေတဲ့ ဇာတ်လမ်းထဲက ဇာတ်ကောင်တွေကိုလည်း မလေးစားရာ ရောက်မှာပေါ့နော.. ^___^

ပြီးတော့ (ဒုတိယမိ) ချစ်ခြင်းမေတ္တာနဲ့ ကတိအကြောင်း ရေးတတ်သမျှ ဖေါ်ကြူးချင်တာရယ်..

ပြီးတော့ (တတိယမိ) ^__^ ဇာတ်လမ်းတွေ၊ ၀တ္ထုတွေ ရေးတဲ့တစ်နေ့ကျရင် အစအဆုံးရေးတတ်သွားအောင်ပေါ့.. (အဟဲ.. စကားတောင် ပီအောင် မပြောတတ်တဲ့သူက) ^__^

အားနာပါးနာစွာနဲ့ မေးခွင့်ရှိရင် တစ်ခုလောက် ခမ်းကီးမေးချင်တယ်။ ^__^ အားလုံးပဲနော်။

နှလုံးသားနဲ့ရင်း၊ ဘ၀နဲ့ရင်းပြီး ကတိပေးဖူးကြပါသလား….လို့ပါ။


ပေးဖူးခဲ့ရင် ကတိတည်ခဲ့ပါသလား…။ ကတိပျက်ခဲ့ပါသလား…။ ဘယ်လို… ဘယ်လိုပေါ့။ (အဟီး.. အားနာလိုက်တာ) ^__^

ခမ်းကီးဖြင့်ဗျာ… ထမင်းကို ကုန်အောင်စား၊ စကားကို အကုန်မပြောနဲ့၊ ကတိကို လွယ်လွယ်မပေးပါနဲ့ ဆိုတဲ့ ဆောင်ပုဒ်စာရွက်လေးကို ခေါင်းရင်းဘက်မှာ ကပ်ထားလျှက်နေကို သတိလစ်ပြီး (အမှန်က နှလုံးသားအရည်ပျော်ပြီး) ကတိပေးခဲ့မိတယ်။ (နောင်တရမှ လိုက်တမ်းတတာ) ^__^

ခမ်းကီးနှလုံးသားကပဲ နုနယ်လွန်းလှတယ်ဗျာ။ (အဟဲ.. ပြဇာတ်မင်းသားလေသံနဲ့)

မပန်သာပဲ ပန်းလှလှမြင်တိုင်း နှမြှောတတ်တဲ့ အကျင့်က မမိုက်ပါဘူး။ နွေလေရူးမှာ လွင့်ပါနေတဲ့ သစ်ရွက်ခြောက်မြင်တိုင်း လွမ်းစိတ်ပေါ်လာတတ်တဲ့ အကျင့်ကလည်း ညံ့ဖျင်းလွန်းပါတယ်နော…။ မှိုင်းညို့ညို့ မှုန်ဝေေ၀တောင်တောင်ရှုခင်း မြင်ရင်လည်း အိမ်ကို သတိရတတ်တဲ့စိတ်က ပိုသာဆိုးသေး…။ ^__^

တစ်နယ်တစ်ကျေးမှာ ဝေးနေရတဲ့ အချိန်၊ ဘ၀အတိမ်းအစောင်းမရှိဖို့ တင်းတင်းကြပ်ကြပ် ထိန်းသိမ်းနေရတဲ့ အချိန်၊ ပျော်ရွှင်မှုဝေးကွာပြီး တသသလွမ်းနေရတဲ့ အချိန်မှာ သာယာကြည့်နူးမှု ရေကြည်တစ်စက်မျှကို တမ်းတမိကြမှာပါနော…. ^__^

ခမ်းကီးက သူများတွေထက် ပိုပြီး တောင့်တတတ်ခဲ့လို့လား မဆိုနိုင်။

ကြည့်ပါဦး.. သူမဆိုတဲ့ အဆက်ဟောင်းဆီက ဖုန်းသံကြားပြီး (နှလုံးသား အရည်ပျော်ပြီး) လွယ်လွယ်လေးကို ကတိပေးလိုက်မိတာလေ…..။ (ညံ့တာကို ကြွားပြရဲသေးတယ်နော)

ငါဟ ယောက်ျားဆိုတဲ့ ဘ၀င်မြင့်လိုက်မိလို့လား မဆိုနိုင် (ဖြစ်နိုင်ခြေရှိခဲ့တယ်) ကိုယ့်ကို အဆက်ဖြတ်လိုက်တဲ့ မိန်းကလေးက ကိုယ့်ကို ပြန်ပြီး အောက်ကြို့တယ် ဆိုတော့လည်း… ^__^

( အမှန်က ဈေးကိုင်လိုက်သေးတယ်။ သူမကို တစ်ညလောက်စဉ်းစားပါရစေ၊ နောက်နေ့ ဖုန်းပြန်ဆက်လာပါ၊ ပြန်ဖြစ်၊ မပြန်ဖြစ်ဆိုတာ ပြောမယ်ပေါ့။ အူမြူး၊ အူလှိမ့်မတတ် တစ်ညလုံး စဉ်းစားခဲ့တယ်။ ခမ်းကီးတို့များနော် စန်းပွင့်နေလိုက်တာ ဘယ်လိုလုပ်ရမလဲ၊ ဘယ်လို ဆုံးဖြတ်ရမလဲ ဆိုပြီးတော့ပေါ့။ အဟီး.. တစ်ကယ်ပါ။) ^__^

ဇွတ်အတင်းကြီး လိုက်ကြွားနေလိုက်တာ၊ သူမဆိုတဲ့ မင်းသမီးကိုတောင် မိတ်မဆက်ရသေးဘူး။ (အဟီး.. )

သူမဆိုတာက ခမ်းကီးတို့ရွာနဲ့ ဆယ်မိုင်လောက်ဝေးတဲ့ ပိုပြီးတောကျတဲ့ရွာက (အဟဲ.. နှိမ်တာ) တစ်ရွာသူလေးပေါ့။ သူမရွာမှာဆို ကွမ်းတောင်ကိုင်အဆင့်ပေါ့။ ရွာမှက်နှာဖုံးလေးပေါ့..။ (စလောင်းဖုံးလိုတော့ မမြင်ယောင်ကြပါနဲ့ဦး.. အဟီး)

ခမ်းကီးမျက်လုံးက လှတာကိုမှ သဘောကျတတ်တဲ့ မျက်လုံးမျိုးလေ.. (^__^) ။ ဒါကြောင့် ရွာအများကြီးကိုကျော်ပြီး သွားတွေ့တတ်တာ…။ (အမှန်က ခမ်းကီးတို့ရွာမှာ ကျောင်းလာတက်ဖူးတာ၊ ဒါကြောင့် သူမကို သိနိုင်တာပေါ့နော..။ )

ကိုယ်လိုချင်တဲ့ပန်းကို မချူစွမ်းလို့ လမ်းဘေးကပန်းကို ချူလိုက်ရတာလို့ မဟုတ်ပါဘူး။ သူမဆိုတဲ့ သူမကလည်း မာနအပြည့်နဲ့ပါ။ လိမ္မာရေးခြားရှိတယ်၊ မိန်းမပီသတယ်.. စတဲ့…စတဲ့ ကောင်းခြင်းတွေနဲ့ပါ။ (အဟီး… ဒါကြောင့် ခမ်းကီး ထည့်စဉ်းစားတာပေါ့နော.. ^___^ )

သူမဖုန်းဆက်ဖို့အရေးက ခမ်းကီးတို့ရွာအထိ လာခဲ့ရတာလေ..။ အိနြေ္ဒရှင် ခမ်းကီးတို့ လုပ်ချလိုက်တာ တစ်ညတာတောင် အိပ်စောင့်လိုက်ရတယ်..။ (အဟီး… )

နောက်နေ့မနက်မှာ သူမဆီက ဖုန်းလာခဲ့ပါတယ်။ ခမ်းကီး ပြန်လာဖြစ်၊ မဖြစ် သူမအပြတ်မေးခဲ့တယ်။ သူမ စွန့်စားသမျှဟာ ခမ်းကီးအတွက် နောက်ဆုံးပဲ….တဲ့။ (ခမ်းကီးဗျာ.. အူကြောင်ကြောင်နဲ့… ) သူမ ဘာတွေ ဖြစ်နေတာလဲ ဆိုပြီး မေးလိုက်မိတယ်။ သိချင်ရင် ပြန်လာခဲ့… တဲ့။ အပြတ်ပဲ။ (အမှန်က ခမ်းကီးဇဝေဇ၀ါ ဖြစ်နေတာပါ။ အိပ်မက်လိုလို၊ ဘာလိုလိုမို့လေနော… ^__^ )

သူမရဲ့နောက်ဆုံးစကားက ခမ်းကီးရင်ကို တည့်တည့်မှန်ပြီး ကြွေစေခဲ့ပါတယ်…။

သူမကို မစဉ်းစားနိုင်ခဲ့ရင် တစ်ခုတော့ ကတိပေးခဲ့ပါ….. တဲ့။ သူမ ဖုန်းဆက်ခဲ့တဲ့အကြောင်း လုံးဝ.. လုံးဝ… ဘယ်သူ့ကိုမှ မပြောဖို့…. တဲ့ဗျာ။ !_!

ကဲ…. ဘယ်လိုလုပ်မလဲ… စာဖတ်သူသာ ခမ်းကီးဆို ဘယ်လို ဆုံးဖြတ်မလဲ….။ (အဟီး… ကိုယ့်ပြသာနာကို သူများပြသာနာ ဖြစ်အောင် လုပ်ကြည့်တာနော်.. ^__^ )

( နောက်ပိုင်းမှာ သူမအကြောင်းကို ခမ်းကီး စုံးစမ်းကြည့်တော့မှ သူမအိမ်ကလူကြီးတွေ သူမကို အိမ်ထောင်ချဖို့ ဇွတ်အတင်း စီစဉ်ခဲ့လို့ပါတဲ့ဗျာ…။ တစ်ကယ်ဆိုလည်း သူမလူကြီးတွေ အိမ်ထောင်ချဖို့ ကြိုးစားတာ အကြိမ်ပေါင်းများနေတာ ကြားနေ၊သိနေခဲ့ပါတယ်။ သူမ အကြိမ်ကြိမ် ငြင်းဆန်ခဲ့တယ်။ ရည်းစားရှိလို့လား မေးတော့လည်း မရှိဘူးတဲ့။ ဒါဆို မိဘသဘောတူတဲ့လူနဲ့ ယူပါဆိုလည်း မယူနိုင်ဘူး..တဲ့။ သူမမိဘတွေ အကြိမ်ကြိမ် လက်လျှော့ခဲ့ရတယ်။ နောက်ဆုံး ဘယ်လိုပြောသလဲဆို ယောက်ျားစိတ်ပေါက်လို့ နေမှာပေါ့…တဲ့။ အဟီး….. ) ( အလာကားရလို့ ဖေါက်သည်ချနေတာနော…. ^___^ )

အမှန်က အဲဒီအချိန်တွေဟာ ခမ်းကီးရဲ့ အရေးအကြီးဆုံး အချိန်တွေပါ။ ( နှောင်မှ သိခဲ့တယ်)

မတိကျ၊ မသေချာသော ဆုံးဖြတ်ချက် (ဘယ်သူ့မှ တိုင်ပင်ဖေါ်မရှိ၊ သူလေးရဲ့ ပုံရိပ်ကလည်း တစ်ဖွားဖွား၊ ယောက်ျားမာနကလည်း ခပ်ပေါ်ပေါ်)နဲ့ တပေါင်းလ ပအိုဝ်းအမျိုးသားနေ့ပွဲတော် ကျရင် ပြန်လာမယ်ဆိုပြီး ကတိပေးလိုက်ပါလေရော……..

ခမ်းကီးတို့များ ဘယ်လောက်ထိ ဈေးကိုင်ခဲ့သလဲဆို.. အမြန်ဆုံး ပြန်လာပါဆိုတာကို နောက်သုံးလကျော်မှ ပြန်ဖြစ်ခဲ့တယ်။ (အဟီး… တော်တော် အားကိုးထိုက်တယ်နော် ^___^ )

ဒါပေမယ့် သူလေးဆိုတဲ့ သူလေးကို ခမ်းကီးသတိရနေဆဲပါ…. ( အမြင်ကတ်စရာ အကြောင်းများ )

ဒါပေမယ့် (ဒုတိယမိ) သူလေးနဲ့တော့ မဖြစ်နိုင်ပါဘူး ဆိုတဲ့ သံသယအရှုံးစိတ်က ကြီးမှားခဲ့တယ်။ သူလေးအသံကိုတော့ ခမ်းကီး ကြည်နူးခဲ့တယ်။ ရည်းစားဥပဒေအရ ပြောရရင် တရားဝင်ရည်းစားမှ မဟုတ်သေးတာပဲလေ.. (အဟီး… မိန်းကလေးများ ရင်နာစရာ)

အမှန်က ခမ်းကီးအတွက် ဇဝေဇ၀ါဖြစ်သင့်လည်း ဖြစ်သင့်ပါတယ်နော..။ ( ကိုယ်ဘက်ကိုယ်ယက်သောလိပ် ) သူလေးရော၊ သူမပါ ခမ်းကီးကို တိကျသောအဖြေ မပေးခဲ့ကြဘူးလေ…။ ခမ်းကီးကလည်း တိတိကျကျ ဘာမှ မပြောခဲ့ဘူး…။ (ပြသာနာ အစစ်)

အားလုံးကလည်း နာကျင်အောင်လုပ်တတ်တဲ့ သူတွေ..။ တစ်ယောက်က မတူမတန်ဆိုသော ဘ၀အခြေအနေနဲ့ ပိုင်းဖြတ်နိုင်စွမ်းသူ၊ တစ်ယောက်ကလည်း နားမလည်တတ်စွာဖြင့် နာကျင်စေဖဲ့ဖူးသူလေ….။ (အမယ်.. ခမ်းကီးတို့ အချက် ပိုင်ချိန်ဆိုတော့… အဟီး…) ^__^

အဟမ်း…. အဟမ်း…

သို့လော.. သို့လော ဆိုတဲ့ . ခမ်းကီးရဲ့ ဇဝေဇ၀ါခြင်းက ဒီပို့စ်လေးရဲ့ အသိက သော့ချက်ပေါ့..။ (အဟဲ.. ဘယ်စာရေးဆရာရဲ့ စတိုင်လ်လည်းတော့ မသိတော့ဘူး…. ^___^ )

တစ်ယောက်က အနှစ်နှစ်အလလက တိတ်တစ်ခိုးချစ်ခဲ့ရသူ…။ တစ်ယောက်က သနား၍ ချစ်နေရသူ ( ကိုယ့်စိတ်ကိုယ်မနိုင်ခဲ့တာ၊ ကိုယ့်အပြစ် ကိုယ်မမြင်တတ်တာကို) အတွက် ခမ်းကီး အတော့်ကို ခေါင်းခဲခဲ့ပါတယ်။ ( နုနယ်လှသော ယောက်ျားတို့၏ နှလုံးသား အစစ်အမှန် ^__^ )

တစ်ခုသော နွေရာသီရဲ့ လွမ်းမောဖွယ်တစ်ရက်မှာ ခမ်းကီး ရွာပြန်ရောက်ခဲ့ပါတယ်။ (အဟဲ.. အချိုးမပြေပုံက)

နိုင်ငံခြားက ပြန်လာတယ်ဆိုတော့ ခမ်းကီး ရုပ်ရည်က သန့်ပြန့်နေတာပေါ့။( အဟီး… ကိုယ့်ကိုယ်ကို ကိုယ် upgrade လုပ်လိုက်တာ ^___^ )

ဟယ်.. ခမ်းကီးက လွင်မိုးလိုပဲနော်… ။ ဟဲ့.. ဝေဠုကျော်နဲ့ တူတာဟ.. ။ အဟဲ.. ရွာက ကလေးတွေကလေ…။ (အဟီး.. တောဓလေ့အတိုင်း ခရီးဝေးက ပြန်လာတဲ့လူတွေဆီ မုန့်စားရဖို့ ၀ိုင်းအုံတတ်တဲ့ ထုံးစံအတိုင်း)

လောလောဆယ်တော့ ခမ်းကီးက မင်းသားပေါ့….။ ^___^

ကိုယ့်ရဲ့ ကြိုးစားအားထုတ်မှုကြောင့် ဒီလို… ဒီလို.. သူများတွေကြား ခမ်းကီးတို့ အရင်ကလို မျက်နှာမငယ်ရတာ ကြည်နူးစရာပေါ့နော်…။ ^__^

ရွာပြန်ရောက်တဲ့ ညနေမှာပဲ ခမ်းကီးရဲ့အမေက သူလေးရဲ့အိမ်သွားလည်ဖို့ တိုက်တွန်းနေလေရဲ့။ သူများအိမ်ကဖုန်းကို အားကိုးအားထားပြုလာခဲ့တာ မဟုတ်လား..။ ကျေးဇူးတင်ဖို့၊ လက်ဆောင်လေးဘာလေးပါရင် စသဖြင့်ပေါ့ ….။ (^___^)

( အဟီး.. လိပ်အတွေးနဲ့ ပြောရင် လူမွေးပြောင်လာပြီဆိုတာ ကြွားပြဖို့ပေါ့။ ပြီးတော့ သူလေးရဲ့ မိဘဆီ ကိုယ်ရောင်ပြဖို့ပေါ့… ^__^ )

သူလေးဆီ ရောက်သွားတော့မှ ခမ်းကီး ဒုက္ခအကြီးအကျယ် ခံစားရတော့တယ်။ သူလေးလေ.. သူလေး..။ အရင်ကထက် ချောမောတည်ငြိမ်လိုက်ပုံများ….။ စာဖွဲ့လို့ မမှီ နီုင်အောင် လှနေလိုက်တာဗျာ…။ အရင်က ချစ်စရာအလှနဲ့ လှနေတာ။ အခုမှ နှစ်သက်မက်မောဖွယ် အလှနဲ့ လှရက်လိုက်တာဗျာ..။ ( ခမ်းကီး အမှန်တစ်ကယ် ၀န်ခံပါတယ်။ သူလေးအလှကို ခမ်းကီး နှစ်သက်မိတာပါ)

ပြီးတော့.. ပြီးတော့.. အရင်ကနဲ့ မတူတော့သော အကြည့်တွေ။ ( ချစ်သူရဲ့အကြည့်၊ ရည်းစားတစ်ယောက်ရဲ့ အကြည့်နဲ့ပေါ့။ အမှန်တစ်ကယ် ဖြစ်လိမ့်မယ်လို့ ခမ်းကီး ယုံကြည်လျှက်)

(ရည်းစားဥအပဒေအရ တရားဝင်ရည်းစား၊ အဖြေပေး ခေါင်းညိတ်ပြီးသား ချစ်သူဖြစ်နေခဲ့ရင်)

(သူမဆိုသော သူမအား ကတိမပေးထားမိခဲ့လျှင်)

(အခုတော့ မဖြစ်နိုင်တော့သော အတိတ်များစွာအား တမ်းတရင်း…..)

ခမ်းကီး မမျှော်လင့်ရဲခဲ့သော သူလေးရဲ့ ကြိုဆိုခြင်းကို ရရှိခဲ့ပါတယ်။ (အကယ်၍သာ ဘ၀သည် edit လုပ်၍ ရခဲ့လျှင် ခမ်းကီးတစ်ယောက် ထိုနေ့ထိုရက်များကိုသာ edit ပြီး save ၍ သိမ်းထားချင်ပါတော့သည်) ^___^

ပြီးတော့.. သူလေးရဲ့ မိဘတွေ။ ခမ်းကီးအပေါ် နွေးထွေးလှတာ သံသယ မရှိစရာ။ ခမ်းကီးရဲ့မိဘရော၊ သူလေးရဲ့မိဘပါ ရွှေလမ်းငွေလမ်းခင်း၍ ရွှေခမည်းခမက်၊ ငွေခမည်းခမက်တော်ကြမည်ဟု စိတ်ကူးနေကြမယ်ဆိုတာ ခမ်းကီး ယုံကြည်ပါတယ်။ (အမှန်တစ်ကယ်လည်း သူတို့တွေ စဉ်းစားနေကြမည်ဟု ယုံကြည်လျှက်)

ခမ်းကီးရဲ့သူငယ်ချင်းတွေ၊ ရွာကလူတွေလည်း သူလေးနဲ့ အဆင်ပြေပြီလို့ ထင်နေကြလေရဲ့…။

ဒါပေမယ့်… ဒါပေမယ့်.. နောက်နေ့မှာ သူမဆိုသော သူမဆီ ခမ်းကီးသွားခဲ့တယ်။ ခမ်းကီးရဲ့ ပေးထားတဲ့ကတိ မတည်ခဲ့ရင်.. ဆိုတာကိုပဲ တွေးနေမိတယ်။ သူမလို မာနကြီးတဲ့ မိန်းကလေးက ခမ်းကီးကို ပြူငှါစွာ ကြိုဆိုပြုစုနေတာ သူမမိဘရော၊ သူမအသိုင်းအ၀ိုင်းပါ တစ်အံ့တစ်သြရှိပုံရတယ်။ ( အမှန်လည်း သူတို့ အံ့သြကြပါတယ်။ မင်းသားခမ်းကီး လာလည်တယ်ဆိုတော့လေ… အဟီး… ^___^ )

ဖြစ်ချင်တော့ ပြသာနာမဟုတ်လောက်တဲ့ ပြသာနာက ပြသာနာဖြစ်တော့တာပဲ။

ခမ်းကီးကို ဆိုင်ကယ်နဲ့လိုက်ပို့တဲ့ သူငယ်ချင်းက မစောင့်နိုင်လို့ဆိုပြီး အရင်ပြန်နှင့်တယ်။ ညနေမှ ပြန်လာကြိုမယ်ဆိုပြီး သွားလိုက်တာ ညနေအထိ ပေါ်မလာခဲ့ဘူး။

အဲဒီမှာတင်… ညအိပ်လိုက်ပါလေရော….။ ( အမှန်တော့ သူမကို သနားတာလည်းပါခဲ့တယ်။ ပြုံးပျော်စရှိတဲ့ သူမမျက်နှာ ခမ်းကီးပြန်မယ်လို့ ပြောတော့ မျက်ညိုးပါလေရော..။ သိသာစွာဖြင့်)

အဲဒီညမှာ သူမရဲ့အဖြစ်အပျက်စုံကို ပြောပြတော့တယ်။ သူမကို အခုနောက်ဆုံးပေးစားမယ့်လူကို မရအရ သူမိဘတွေ ပေးစားမှာဖြစ်ကြောင်း၊ သူမမှာ ရည်းစားရှိတယ်လို့ ပြောခဲ့မိကြောင်း၊ ဘယ်သူဘယ်ဝါ ဖြစ်ကြောင်းကို မပြောရကြောင်း၊ ခမ်းကီး အမှန်တစ်ကယ် ပြန်မလာမှာစိုးလို့ မပြောခဲ့ရကြောင်း၊ အခုလို ခမ်းကီးရောက်လာတော့ သူမမိဘတွေ သဘောပေါက်လောက်ပြီဖြစ်ကြောင်း…..တဲ့။ !_!

တရားဝင်ရည်းစား မဟုတ်တဲ့ ယောက်ျားတစ်ယောက်ကို သူမရည်းစားပါလို့ မပြောသာတဲ့ မိန်းကလေးရှင်ရဲ့ ဂုဏ်သိက္ခာကို ခမ်းကီး ကိုယ်ချင်းစာပါတယ်။ (^__^) (မိန်းမသားတွေရဲ့ ဒုက္ခ… )

(သာယာကြည်နူးခြင်းကို ငတ်ပြတ်နေတဲ့ ခမ်းကီးတစ်ယောက် တပေါင်းလရောင်ဖွေးဖွေး၊ နွေလေညှင်း သွေးတဲ့ ထိုတစ်ညမှာ သူမရဲ့ ညှို့ယူခြင်းမှာ မိန်းမောနေပါတော့တယ်)။ !__!

ကဲ…… ဘယ်နဲ့ရှိစ…..။ (^__^)

အဟီး…. အခုလောက်ဆို ဇာတ်သိမ်းပိုင်းကို သိရောပေါ့နော…. ။ ^___^

ဒါပေမယ့် ခပ်နာနာ ဇာတ်ဝင်ခန်းတော့ ထည့်ပေးလိုက်မယ်။ (အမှတ်တရပေါ့နော်)

သူမကို ခမ်းကီးမိဘတွေနဲ့ လက်ဆောင်ပစ္စည်းများစွာဖြင့် တင်တောင်းစေခဲံ့ပါတယ်။ ( နောက်ဆုံး ဂုဏ်သိက္ခာပေါ့.. ^__^ )

ခမ်းကီးမိဘတွေ တစ်အံ့တစ်သြ ဖြစ်ပုံကို မဖွဲ့ချင်တော့ပါဘူး။ !__!

အနာဆုံး ဇာတ်ကွက်ကို အားမနာပါးမနာ ပြောပြရရင်……။

သူလေး(အချစ်ရဆုံးသောသူ)ဆီ ခမ်းကီးကိုယ်တိုင် မင်္ဂလာဖိတ်စာ သွားပို့ခဲ့ပါတယ်။ @_@ - !__!

(ဒီအခန်းကို romance ဆန်ဆန် ရေးဖွဲ့ နိုင်ခဲ့ပါက ဖေါက်သည်ချရေးပြပါဦးမည်.. ^__^ )

( တုန်ရီသောလက်၊ နီစွေသော မျက်လုံးဖြင့် သူလေး.. ခမ်းကီးရဲ့ဖိတ်စာကို ဖွင့်ဖတ်ခဲ့တာ နောက်ဆုံးပုံရိပ်အဖြစ် နှလုံးသားထဲ save ထားခဲ့ပါတယ်.. )

** ကြင်သူနှစ်ဦး..
နှလုံးသားစက္ကူပေါ်တွင်
အချစ်ပုံကြမ်းရေးဆွဲခဲ့ဖူးပါသည်။
သို့သော်..
ကြင်သူတို့သည်
ဆေးရောင်စုံ မခြယ်လေပဲ
ပန်းချီမမည်သော
အချစ်ပုံကြမ်းအား
အဝေးသို့လွင့်ပစ် လိုက်သည်။ **


လေးစားစွာဖြင့်

ခမ်းကီး
၆၊ဇွန်၊၂၀၀၉



A Chit So The Mhar(Bonus) - Yadanar Oo-Chaw Su Khin-Sone Thin Par-Shin Phone

ဆက်လက်ဖတ်ရှူရန်...

Friday, June 5, 2009

အရောင်မခြယ်ခဲ့ရသော ပန်းချီကား




အနုအရွ၊ အလှအပ ပို့စ်တွေ ဖတ်ရဖန်များတော့ ခမ်းကီးရင်ထဲ ဂလုဂလုဖြစ်လာတယ်။

မသေပဲ ကြွင်းကျန်ရစ်နေသေးတဲ့ အချစ်ပိုးတွေ ရွစိရွစိ ဖြစ်လာတာ အမှန်ပဲ..။ (^___^)

မနေနိုင်တော့လို့ သူများတွေ ဖတ်စရာရှိအောင် ရေးဖို့ စိတ်ကူးပေါက်လာတယ်။ အချိန်ပိုသူများ ဖတ်စမ်းကြည့်ပေါ့နော်။ အချိန်မရခဲ့သူများတော့ ကျော်သာသွားပေါ့… အဟီး..။ (တိုက်တွန်းချက်က)

သိပ်အထွေအထူးမဟုတ်တဲ့ သာမန် ဇာတ်လမ်းမျှသာပါပဲ။

ဒါပေမယ့် ယူတတ်ရင်တော့ သင်ခန်းစာတော့ ရှိလောက်ပါတယ်။ (အဟဲ… ကြွားလိုက်သေး)

အူကြောင်ကြောင်နဲ့ စခဲ့တဲ့ ခမ်းကီးရဲ့အချစ်ကို စရအောင် (^___^)


သူဌေးသမီးတစ်ယောက်ကို တစ်ဖက်သတ် ချစ်ဖူးတယ်လို့ပဲ တိုတိုတုတ်တုတ်ပြောရအောင်။

ဟုတ်တယ်လေ.. အများအားဖြင့် သူဌေးသမီးတွေက ချောချောလှလှတွေ၊ ချစ်စရာလေးတွေသာ များတာကိုး။ ခမ်းကီးဆိုတဲ့ လူကလည်း သာမန်ပုရိသမျက်လုံးပဲ ရှိတော့ အလှအပကို စွဲမိတာ ဘယ်ဆန်းမလဲနော…။ (^___^)

ဒါပေမယ့် ခမ်းကီးချစ်မိတဲ့ သူဌေးသမီးက သူများတွေထက် ပိုလှ၊ ပိုချော၊ ပိုပြီးချစ်စရာကောင်းနေတယ်ဗျာ။ (အမှန်က အချစ်မျက်လုံး၊ အချစ်ရဲ့အကြည့်နဲ့ မြင်ခဲ့လို့ သူလေးက သူများတွေထက် ပိုလှနေတာ နောက်ပိုင်း အချစ်ကို နားလည်တဲ့ အချိန်မှ သိရတယ်။ )

ကျောင်းမှာဆိုလည်း သူလေးကို ခိုး ခိုးပြီးလိုက်ကြည့်ရတာ မမောနိုင်၊ အလှူပွဲတွေမှာလည်း သူလေးအလှကို လိုက်ငမ်းရတာလည်း တစ်မော။ သူ့လေးကို မြင်ရမှ နေနိုင်စားနိုင်သလိုလို..။ (^___^)

သူ့ဘက်ကတော့ ခမ်းကီးလိုလူတွေ တစ်ပုံတစ်ခေါင်းကြီး လိုက်ငေး၊ လိုက်ငမ်းနေကြတာ အများကြီးဆိုတော့ သူလေးက ဘာသိဘာသာပါပဲ။

ခမ်းကီးရုပ်ကလည်း သူလေး စိတ်ကူးထဲ ထည့်စဉ်းစားရမယ့် ရုပ်မျိုး မဟုတ်ပဲကိုး…။

ပိန်ပိန်လိန်လိန်၊ အသားမဲမဲ၊ ဆံပင်စုတ်ဖွားဖွားနဲ့ ခမ်းကီးရုပ်က မဖြစ်နိုင်ဘူးဆိုတာ အစောကြီးကတည်းက ကိုယ့်ကိုယ်ကို နားလည်ခဲ့တော့ စလုံးရေမစတာပဲ ကောင်းပါတယ်လို့ မစမရှိပဲ အရှုံးပေးပြီး ခပ်ဝေးဝေးမှာပဲ နေခဲ့တယ် ဆိုပါတော့။ (^___^)

သူလေးသိသွားသည် ဆိုရုံလောက်တော့ ရည်းစားစာပေးဖို့ ခမ်းကီးလို အူတူတူဘော်ဒါတွေရဲ့ အားပေးတာ ရှိဖူးပါရဲ့။ ရေးရေးပြီး စုတ်ဖြဲ၊ ရေးရေးပြီး လွင့်ပစ်နဲ့ ဗလာစာအုပ် ကုန်တာပဲ အဖတ်တင်ခဲ့တယ်။ (အဟီး.. )

သတ္တိက အစမကောင်းတော့ အနှောင်းမသောချာခဲ့ရတာ အဲသလို…။

သူလေးဘာမှ မသိရှာပဲ ကိုယ့်ဟာကိုယ်ပဲ တစ်ဖက်သတ်လိုက်ပတ်သက်နေတော့ သူလေးအကြောင်းကို အမြဲတမ်း စုံးစမ်းနာယူနေလျှက်ပဲ။ ဘယ်သူဘယ်ဝါနဲ့ ရည်းစားဖြစ်နေ၊ ဘယ်လိုအကြောင်းက ဘယ်လို၊ ဘယ်ဝှါပေါ့။ အဟဲ. ဒိုင်ယာရီတွေ ဘာတွေတောင် ရေးခဲ့သေးတာ။ (^___^)

အခြေမလှတော့ ပညာရေးနဲ့ဝေး၊ ဘ၀ရှေ့ရေးတွေးတတ်တဲ့အချိန်မှာ သူလေးနဲ့ ဟိုး… အဝေး.. အဝေးးမှာပေါ့။

ပြည့်စုံတဲ့ အသိုင်းအ၀ိုင်းကြားမှာ သူလေးသတင်းက မွှေးသထက်မွှေးလျှက်ရယ်ပါ။ ဘ၀တိုက်ပွဲနဲ့ လုံးပန်းနေရတဲ့ ခမ်းကီးလို လူတန်းစားက တော်ရာ၊ တန်ရာ ဘ၀ကြင်ဖေါ်တော့ ရှိတန်ကောင်းပါရဲ့လို့ စဉ်းစားရမယ့်အရွယ်မှာ သင့်တင့်တဲ့ ကောင်မလေးတစ်ယောက်နဲ့ ရည်းစားထားလိုက်ပါရော….။ ဒါပေမယ့် လပိုင်းလောက်သာကြာပြီး အဆင်မပြေတာနဲ့ ပျက်သွားရော။

ဒါပေမယ့် ကံကြမ္မာဆိုတာကလည်း အဆန်းသားနော်…. (^___^)။

သူ့ဟာသူအရှိန်ကောင်းကောင်းနဲ့ ပြင်းထန်စွာ တိုက်ခတ်နေတဲ့ မုန်တိုင်းက ဘယ်လိုကဘယ်လို ဝှေ့ရမ်းမွှေနှောက်ခဲ့သလဲတော့ မသိဘူး။ မုန်တိုင်းထန်ပြီး ရာသီဥတုသာယာတဲ့ ရက်တစ်ရက်က ရောက်လာခဲ့တယ်။

ခေတ်မမှီ၊ မတိုးတက်နိုင်သေးတဲ့ ခမ်းကီးတို့နယ်မှာ လမ်းပန်းဆက်သွယ်ရေး ခက်ခဲတယ်ဆိုတာ အဆန်းမဟုတ်သလို တယ်လီဖုန်းဆိုတာက ရတနာတစ်ပါးလို ရှားပါးပစ္စည်းပေါ့။

နိုင်ငံခြားခေတ်စားတဲ့ ခေတ်ကာလမှာ သူများတွေလို ခေတ်မှီဖို့ ခမ်းကီးလည်း နိုင်ငံခြားခရီးသွားခဲ့ရတယ် ဆိုပါတော့.. (^___^)။ တောင်ပဲကျော်ကျော်၊ မြေပဲလျှိုးလျှိုး၊ မိုးပဲပျံပျံပေါ့.. ။ ကိုယ့်နိုင်ငံမဟုတ်ရင် နိုင်ငံခြားပဲပေါ့နော်။

အဟဲ… နိုင်ငံခြားမှာနေတုန်း အိမ်ကိုဆက်သွယ်ဖို့ ဖုန်းမရှိသူများ ဖုန်းသမားအိမ်ကို အားကိုးရတဲ့ခေတ်ကိုး။ သူလေးအိမ်ကဖုန်းကို အသုံးပြုဖို့ အကြောင်းဖန်လာတယ် ဆိုပါတော့…..။

ကိုယ့်အိမ်ကလူနဲ့ စကားပြောရဖို့အရေး နှစ်ခါပြန်၊ တစ်ခါတစ်လေ သုံးလေးပြန် ဖုန်းပြန်ခေါ်နေရတဲ့ ခေတ်သစ်ကြီးမှာ သူလေးနဲ့ စကားပြောခွင့်ဖြစ်သွားတယ်။ ပထမ ကိုယ့်အိမ်ကလူကိုခေါ်ဖို့ချိန်း၊ ဒုတိယအကြိမ် ပြန်ခေါ်။ အိမ်ကလူရောက်လာရင် အိုကေ။ မရောက်သေးရင် သုံးပြန်၊ လေးပြန်ပေါ့။ (^___^)

ဒီမှာတင် သူလေးနဲ့ ရင်းနှီးခွင့်ရတော့ သာယာကြည့်နူးခဲ့မိတာ အမှန်ပါပဲ။ ရောဂါဟောင်း( အမှန်ကား အချစ်)က ပြန် ပြန်ပေါ်လာတယ်။

ဖုန်းခေါ်ကြိမ်များလာတော့ ကိုယ်သိချင် သူလေးအကြောင်းကို မသိမသာလေးဖြင့်တစ်မျိုး၊ ခိုး ခိုးပြီးတစ်ဖုံ မေးရင်းနဲ့ အဝေးရောက်စဉ် မသိဖူးတဲ့ သူလေးရဲ့အကြောင်းကိုလည်း သိခွင့်ရခဲ့တယ်။ ရင်းနှီးမှုများလာမှ ဟိုတုန်းက ကိုယ့်ကို ဘာလို့ ဒီလိုမရင်းနှီးရပါလိမ့်လို့ ခေါင်းခေါက်ပြီး မေးလိုက်ချင်တယ်။ (^___^)

သူများနိုင်ငံမှာ ကျွဲလိုနွားလို..အဲ… အသေအလှဲ ရုန်းကန်ကြိုးစားမှတော့ အိမ်ကို ငွေစကြေးစတော့ ပို့နိုင်ရမှာပေါ့နော်..။ အရပ်ထဲကသတင်း၊ ဖုန်းသတင်းတွေကြောင့် သူလေးလည်း ခမ်းကီးအကြောင်းကို သိတန်သလောက် သိနေလိမ့်မယ်လို့ ထင်ပါတယ်။

မထင်မှတ်ပဲ ထူးထူးဆန်းဆန်း စကားလုံးကို ကြားခဲ့ရတယ်။ ရည်းစားမရှိသေးဘူးလား၊ မိန်းမမယူသေးဘူးလား၊ လူပျိုကြီး လုပ်မလို့လား….. တဲ့။

ရော.. အချစ်ရယ်လို့ အော်ပစ်လိုက်ချင်တော့တယ်။ ဒါပေမယ့် ခမ်းကီး မအော်ရဲ့ခဲ့ပါဘူး… ။အ ဟီး(^___^)

ကိုယ့်ဟာကိုယ်ပဲ အူမြူးနေတာ။ ဟိုက ရိုးရိုးတန်းတန်း မေးတာမှ မသိတာနော..။

ဒါပေမယ့် နောက်ပိုင်း ဖုန်းဆက်ဖြစ်တဲ့အချိန်မှာ ခမ်းကီးလည်း သူလေးကို (သိလိုဇောများစွာဖြင့်) ဖူးစာ မတွေ့သေးဘူးလား၊ ဘယ်တော့ စားရမလဲ၊ အပျိုကြီးတော့ မလုပ်ပါနဲ့နော်…. စသဖြင့်.. စသဖြင့်ပေါ့။ စကားမရှိ ရှိအောင်ပေါ့…. ။ ရော ခမ်းကီး အရည်ပျော်မတတ်ပါပဲ… (^___^)

အဟီး…. လိပ်လိုပဲ ကိုယ့်ဘက်ကိုယ်ယက်ရစကား ပြောရင် ခမ်းကီးကို သူလေး စိတ်ဝင်စား သလိုလိုပဲ။ (^___^)

ဒါပေမယ့် ကိုယ့်ဘ၀ကိုယ်နားလည်ရမယ့် သတိလေးတော့ ခမ်းကီး မမေ့ခဲ့ပါဘူး။ ပိုးဖလံလို မီးကိုတိုးဖို့က သတိတရားနဲ့ မနည်းထိန်းယူရတယ်။

နောက်ပိုင်းတွေမှာ ခမ်းကီးဖုန်းလာရင် သူလေးအိမ်ကလူတွေ သူလေးကိုပဲ လွဲလွဲတတ်လာတာ သတိထားမိခဲ့တယ်။ ရှင်းရှင်းလေးပြောရင် (ကျွားချင်တာ) သူငယ်ချင်းမက၊ ရည်းစားမကျ အဆင့်တောင် ရှိနေပြီလားပဲ (^___^)

သူများနိုင်ငံမှာ လိမ်လိမ်မာမာနေတတ်ဖို့ ၊ ချွေတာတတ်ဖို့၊ မိန်းကလေးတွေနဲ့ ကင်းကင်းနေတတ်ဖို့ အားပေးစကား၊ ဆုံးမစကားတွေ ကြားရတော့ ခမ်းကီးဖြင့် ကြိတ်ပြီး အူမြူးလိုက်ရတာ..။ ^___^

ဒါပေမယ့်…. ဒါပေမယ့်…. ချစ်တယ်လို့ ခမ်းကီး ပြောမထွက်ခဲ့ဘူးဗျာ…။ !_!

သတ္တိမရှိတာလား..၊ ကံကြမ္မာကို မယုံရဲတာလား၊ ခမ်းကီးက ဟိုတုန်းကခမ်းကီးလိုပဲ သူလေးအပေါ် သိမ်ငယ်သလို ခံစားနေရတာ အမှန်ပဲ။ ( အဓိကအချက်)

နာမည်ကြီးတဲ့နေ့၊ စင်ပေါ်တက်တဲ့တစ်နေ့ မဟုတ်ရတဲ့၊ ရွာပြန်ရောက်တဲ့ တစ်နေ့ လူတစ်လုံးသူတစ်လုံး ဖြစ်တဲ့တစ်နေ့မှ သူလေးကို ဖွင့်ပြောဖို့ ကြိတ်၍ပဲ စိတ်ကူးနေရောဗျာ.. (^___^)

ကြားသားမိုးကြိုး မယုံနိုင်လောက်သော သတင်းတွေလည်း ခမ်းကီးကြားခဲ့ရတယ်။ အဟီး.. (ကြွားဦးမှ)။ ဒီလိုဗျ..။ ခဏခဏ ဖုန်းလာကိုင်တတ်တဲ့ ခမ်းကီးအမေ့ကို သူလေးအိမ်က အရေးတစ်ယူ ရှိလာသတဲ့.။ ၀င်ထွက်သွားလာဖန်များလို့ပဲလေလို့သာ ခပ်ဖြေဖြလေး တွေးခဲ့ပါတယ်။ အမှန်တစ်ကယ်လည်း အဲသလို ဖြစ်စေချင်တာ အမှန်ပါ။ အဲဒီကာလဟာ ခမ်းကီး အရည်ပျော်ကြည်နူး ရတဲ့ ဘ၀အပိုင်းအခြားတစ်ခုလို့ ခမ်းကီး သတ်မှတ်ခဲ့ပါတယ်။ (^___^)

ခမ်းကီးစန်းပွင့်တဲ့ အချိန်ဆိုပါတော့…။ အဟဲ …

အဲသလို စန်းပွင့်လွန်းလို့ပဲလား မဆိုနိုင်….။ ကံကြမ္မာက အမြင်ကတ်လို့လား၊ အရွဲ့တိုင်ချင်လို့လား မသိ။ (^___^)

မထင်မှတ်ပဲ ရည်းစားဖြစ်ခဲ့ဘူးသူဆီက ဖုန်းလာခဲ့ပါတယ်။

ခမ်းကီးကို မှားခဲ့သမျှ သူမ တောင်းပန်ပါတယ်။ ခမ်းကီးအချစ်၊ ခမ်းကီးစေတနာကို နားလည်ပါပြီတဲ့…။ ဘ၀အကြောင်း နားမလည်တတ်လို့ ခမ်းကီးကို သူမ အထင်လွဲခဲ့ရတာပါတဲ့.. အို စုံလို့.. စုံလို့။ အဲဒီမှာတင် သူမရဲ့ရှိုက်သံက ခမ်းကီးရဲ့နှလုံးသားကို အရည်ပျော်စေခဲ့တယ်။ (^___^)

တပေါင်းလ ပအိုဝ်းအမျိုးသားနေ့ ပွဲတော်ကျရင် ခမ်းကီး ရွာပြန်လည်ဖို့ စီစဉ်ထားတာ။ ခမ်းကီးကို စောင့်နေမယ်..တဲ့။ ခမ်းကီး ပြန်မလာဖြစ်ရင် သူမက လိုက်လာပြီး အလုပ်လာလုပ်မယ်တဲ့လေ။

ပြီးတော့…. ပြီးတော့.. သူမရဲ့ နောက်ဆုံးစကား (ခမ်းကီး ကြွေသွားတဲ့ စကားပေါ့)။

• * * ကျမဘ၀၊ ကျမသိက္ခာ အားလုံးကို ချပြီး ဝေးခမ်းကီးဆီ မျက်နှာငယ် ခံနေပြီ။ ဝေးခမ်းကီး စိတ်ဆန္ဒ ရှိရင် ပြန်လာပါ။ ပြန်မလာရင်လည်း ကျမကုသိုလ်နဲ့ ကျမဘ၀ ရှိပါစေတော့… တဲ့။ **

အသွေးနုနု၊ အသားနုနုနဲ့သာ ဖွဲ့စည်းထားတဲ့ ခမ်းကီးရဲ့နှလုံးသားက အရည်မပျော်ပဲ နေနိုင်ဦးမလားဗျာ.. (^___^)

အေးပါ။ ငါပြန်လာခဲ့မှာပါ ဆိုတဲ့ကတိ ခမ်းကီးပေးမိပါလေရော… (!_!) (အခုထိ မှားသလား၊မှန်သလား ခွဲခြား၍ မရသေားသော ကတိ) (^___^)

ကဲ… ခမ်းကီးရဲ့ အူကြောင်ကြား အချစ်ဇာတ်လမ်းကို ဒီမှာပဲ ရပ်နားတော့မယ်နော်။ ဖတ်ဖြစ်သူများ မျက်စိ ညောင်းနေရောပေါ့ (^___^) ။

ဘလော့ဂ် စာမျက်နှာမှာ သူများတွေ (နုနုရွရွ) အချစ်ကြား ရောယောင်ပြီး လိုက်ချစ်ကြည့်တာ အပြင်မှာ တစ်ကယ်လို့ (ခြစ်) ခံထိရင် ပြန်လည်ပြီး ဖေါက်သည်ချပေးပါဦးမည်။ အဟီး…. (^___^)

ခမ်းကီး
၅၊ဇွန်၊၂၀၀၉


ဆက်လက်ဖတ်ရှူရန်...

Thursday, June 4, 2009

မြင်းစီးပြီး ဆွမ်းခံကြွမယ်



မြင်းစီးတိုင်းလည်း ကောင်းဘွိုင် မဟုတ်ရပါဘူးနော်။

စတန့်ထွင်နေတဲ့ ရဟန်းသံဃာလည်း မဟုတ်ရပါဘူး။



ဖြစ်ပုံက ဒီရဟန်းသံဃာတွေ သီတင်းသုံးနေကြတဲ့ ကျောင်းက တောကြိုတောင်ကြားက
တောရကျောင်း၊ မြို့ရွာနဲ့ အလှမ်းဝေးတဲ့ ကျောင်းဖြစ်နေလို့ပါ။

ဆွမ်းချိန်အမှီ ဆွမ်းခံထွက်နိုင်ဖို့ အခုလို မြင်းစီးပြီး ဆွမ်းခံထွက်ရခြင်းပါ။

ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းရိုင်ပြည်နယ်ထဲကပါ။

ဓါတ်ပုံတွေကို သဘောကျလွန်းလို့ ကော်ပီကူးပြီးမျှဝေပေးလိုက်ပါတယ်။

ခမ်းကီး























ဆက်လက်ဖတ်ရှူရန်...

Wednesday, June 3, 2009

မြွေဆိပ်ဖြင့် အားရှိစေသော



တရုပ်အစားအစာအသစ်

တရုပ်အစားအစာထဲမှာ လူကြီးမင်း ဘယ်အစားအစာကို အနှစ်သက်ဆုံးလဲ။

အစုံအလင်ရှိအောင် စားကြည့်ဖူးကြပြီလား။

အခုနောက်ဆုံး Hot ဖြစ်နေတဲ့ menu အသစ်အကြောင်း ဖေါက်သည်ချပေးလိုက်ပါတယ်။

ကွမ်တုံပြည်နယ် ချုံချင်မြို့မှာ လူပြောများနေတဲ့၊ နာမည်ကြီးနေတဲ့ စားကောက်ဆိုင်က menu ရယ်ပါ။

ကြက်အရှင်လတ်လတ်ကို အဆိပ်ရှိတဲ့မြွေနဲ့ ကိုက်စေပြီးမှ စားချင်တဲ့ အစားအသောက်လုပ်ပေးနေပါတယ်။

ကြက်စွတ်ပြုတ်၊ ကြက်ကြော်၊ အစိမ်းကြော် … အို အစုံပေါ့။

ဒီမြွေဆိပ်ထိထားတဲ့ ကြက်သားက ဆေးဖက်ဝင်တယ်လို့ သူတို့ ယုံကြည်နေကြတယ်။ အိုပျိုကြီးငယ်၊ ကျားမမရွေး မိသားစုလိုက်ကို လာရောက်သုံးဆောင် နေကြပါတယ်လို့ ဆိုင်ရှင်က ပြောပါတယ်။

တရုပ်တွေက ဒီမြွေဆိပ်ဟာ ကြက်ကိုယ်ခန္ဓာထဲ ရောက်သွားတဲ့အခါ အပူဓါတ်ကြောင့် အဲန်ဇိုင်းမ် ဆိုတဲ့ ဓါတ်တစ်မျိုးအဖြစ် ပြောင်းလဲသွားပြီး၊ အဲဒီ အဲန်ဇိုင်းမ်ဓါတ်က လူတွေရဲ့ သွေးလည်ပတ်မှုကို ကောင်းမွန်စေတယ်လို့ ယုံကြည်နေကြပါတယ်။

လွယ်လွယ်ပြောရင် သွေးအားတိုးဆေးပေါ့…။

ဒါပေမယ့် ဒီစားသောက်ဆိုင်က လုပ်ရပ်ကို ရက်စက်လွန်းတယ်ဆိုပြီး လူအတော်များများက ဝေဖန်ပြီး ဆန့်ကျင်လာကြတယ်။ အများအားဖြင့် ကိုယ်ချင်းစာတရား ရှိတဲ့လူတွေပေါ့။ အင်တာနက် စာမျက်နှာတွေမှာဆို အတော့်ကို anti လုပ်နေကြတယ်။

သူတို့အားရှိဖို့ သတ္တ၀ါတစ်ကောင်ကို သူတို့ရှေ့တင် အရှင်လတ်လတ် မြွေအပေါက်ခံပေးရတယ်ဆိုတော့…။

တောက်တဲ့ကင်၊ တောက်တဲ့စင်းကော menu တွေအကြောင်း ထပ်ပြီးမျှဝေပါဦးမည်။




ခမ်းကီး
၃၊ဇွန်၊၂၀၀၉

ဆက်လက်ဖတ်ရှူရန်...