
မြင်းစီးတိုင်းလည်း ကောင်းဘွိုင် မဟုတ်ရပါဘူးနော်။
စတန့်ထွင်နေတဲ့ ရဟန်းသံဃာလည်း မဟုတ်ရပါဘူး။
ဖြစ်ပုံက ဒီရဟန်းသံဃာတွေ သီတင်းသုံးနေကြတဲ့ ကျောင်းက တောကြိုတောင်ကြားက
တောရကျောင်း၊ မြို့ရွာနဲ့ အလှမ်းဝေးတဲ့ ကျောင်းဖြစ်နေလို့ပါ။
ဆွမ်းချိန်အမှီ ဆွမ်းခံထွက်နိုင်ဖို့ အခုလို မြင်းစီးပြီး ဆွမ်းခံထွက်ရခြင်းပါ။
ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းရိုင်ပြည်နယ်ထဲကပါ။
ဓါတ်ပုံတွေကို သဘောကျလွန်းလို့ ကော်ပီကူးပြီးမျှဝေပေးလိုက်ပါတယ်။
ခမ်းကီး
















7 comments:
ဓါတ်ပုံတွေ ဝေမျှတာ ကျေးဇူးပါ
ရှားရှားပါးပါး ပုံတွေပါပဲ။ ထိုင်းနိုင်ငံရဲ့ တောရကျောင်းလေးတွေကို နိုင်ငံရပ်ခြားက တရားထိုင်လိုသူတွေ စိတ်ဝင်စားကြပါတယ်။
ဝိနည်းတော်အရတော့ ရဟန်းတော်တွေဟာ တိရစ္ဆာန်တွေကို မစီးရပါဘူး။ မြန်မာပြည်က ၀ိနည်းလေးစားတဲ့ ဘုန်းကြီးအချို့ဟာ အခြားတစ်ရွာကို ကြွရင် ဒါယကာနဲ့ ကျောင်းသားလေးတွေသာ လှည်းပေါ်စီးလိုက်ကြပြီး၊ ဘုန်းကြီးက နောက်ကနေ လမ်းလျောက်လိုက်တာ တွေ့ဖူးပါတယ်။
အူမတောင့်မှသီလစောင့်နိင်မှာဆိုတော့ ဒီလိုပဲ ရှာကြံဖန်တီးရမှာပဲ...ရှားပါးဓါတ်ပုံတွေပဲ..
ကောင်းတယ်...ခမ်ကီးရေ ကြိုးစားဟေ့..။
အင်း..တော်တော်လေး ဗဟုသုတရပါတယ်ခင်ဗျာ
မရောက်ဖူးတဲ့နေရာကိုရောက်ရသလိုပါပဲ
ကျေးဇူးပါခင်ဗျာ
ဓာတ်ပုံလေးတွေ ကြည့်သွားပါတယ်။ တခါမှ မတွေ့ဖူးဘူး။ ရှားပါးပုံတွေပါ။
ထင်မှတ်မထားတဲ့ မြင်ကွင်းပဲ။
အမြင်ဖူးဘူး... အထူးအဆန်းပါပဲ...
ဒါပေမယ့် ကြိုက်တယ်...
းဝ)
Post a Comment