Saturday, June 20, 2009

သူတို့ ဘာတွေတွေးနေသလဲ


ငွေဆောင်ကမ်းခြေအလှ(ဓါတ်ပုံ/wikimyanmar.co.cc)



စာဖတ်ခြင်းက သိပ်ကောင်းအမူအကျင့်ပါ။

ဟုတ်တယ်လေ..။ အခုလို ITကွန်ယက်ပေါ် ဗဟုသုတအထွေထွေ၊ အသိအမြင်အမျိုးမျိုး ရနေတာကလည်း ဒီ စာဖတ်ဝါသနာကြောင့်ပေမို့လေ။

သူများဘာသာစကားကို ဖတ်တတ်တာလည်း ကောင်းတာပဲ။ သူ့ယဉ်ကျေးမှု၊ သူ့ဓလေ့၊ သူ့စရိုက်ကို လေ့လာနိုင်၊ သိနိုင်တာပေါ့။

အဲ.. အတွင်းကျကျ သိသွားပြန်ရင် တစ်မျိုးတော့ မကောင်းပြန်ဘူး။(တစ်ချို့ အကြောင်းအရာ)

ဒီတစ်ခါတော့ ခပ်ပါးပါးလေး အကြောင်းအရာတစ်ချို့ကို မျှဝေချင်ပါတယ်။ (ရေးတတ်၊ ပြောတတ်သလောက်ပေါ့)


ကျနော်ဖတ်နေကျ သတင်းစာတစ်စောင်က ဆောင်းပါးတစ်ပုဒ်ပါ။ မြန်မာပြည်က ငွေဆောင်နဲ့ ငပလီ ကမ်းခြေအကြောင်း ရေးထားတဲ့ ဆောင်းပါးပါ။

သဘာဝအတိုင်း အပျက်အစီးမရှိသေးတဲ့ မြန်မာပြည်က ကမ်းခြေတွေကို သူတို့ တော်တော်ကဘောကျကြတယ်။

အဲ.. သဘောကျတာတော့ ၀မ်းသာစရာပါ။ ဒါပေမယ့် စိတ်ပျက်စရာက ပါလာတယ်။ ဘာတွေလည်းဆိုတော့.. စာဖတ်သူတွေရဲ့ မူရင်း စိတ်ထားကို ဖေါ်ပြတဲ့ commemts တွေ။

လူ့အခွင့်အရေးကို တန်ဖိုးထားပါတယ်၊ ဒီမိုကရေစီကို မြတ်နိုးပါတယ်ဆိုတဲ့လူတွေ ပြိုင်ဘက်နဲ့တွေ့ရင် ဘယ်လို စိတ်ထားမျိုးပြောင်းလဲ လေမလဲ….။

ကိုယ်ပိုင်အခွင့်အရေး ထိပါးလာရင် ဆတ်ဆတ်ထိ မခံတဲ့သူတွေ အကျိုးအမြတ်၊ စီးပွါးရေး ပြိုင်ဘက်ဖြစ်ခဲ့ရင် ကိုယ်ချင်းစာတရား ဘယ်အထိ ရှိနိုင်မလဲ…။



ထိုင်းတို့ သွားရည်ယိုသော ငွေဆောင်အလှ(ဓါတ်ပုံ/flickr.com)


ခရီးသွားလာရေးလုပ်ငန်း ကဏ္ဍမှာတင် ပြိုင်ဘက်ရှိမှာ ဘယ်လောက်အထိ စိုးရိမ်ကြသလဲဆို… တိုးရစ်စ်တွေ မြန်မာပြည့်က ကမ်းခြေအလှကို မက်မောမှာ စိုးရိမ်သတဲ့လေ။

သူတို့ စိုးရိမ်တာက စိုးရိမ်တာပဲလေ။ ဒါပေမယ့် ဖတ်မိတဲ့ comments လေးတွေထဲက ….

( တစ်ကယ်လို့ မြန်မာပြည်သာ ဒီမိုကရေစီရရင် သူတို့က ပြိုဘက်တစ်ဦးပိုလာမှာ။ မြန်မာပြည်ကြီး ဒီအတိုင်းရှိနေတာပဲ ကောင်းပါတယ်… တဲ့။ )

( မြိတ်ကျွန်းစုကို တိုးရစ်စ်တွေ ၀င်ရလွယ်ရင် သူတို့ဆီက ကျွန်းမှာ ၀င်ငွေတွေ ထိခိုက်ကုန်တော့မှပဲ..)

( အာဆီယံနိုင်ငံအချင်းချင်းမှာတောင် မနည်း ယှဉ်ပြိုင်နေရတာ.. မြန်မာပြည်က ပိတ်နေပါစေဦး… )

( သူတို့ကမ်းခြေက လှလိုက်တာ… သဘာဝအတိုင်း ရှိပါစေ…)

( နိုင်ငံကြီးက ဟိုတယ်လ်ကြီးတွေ မ၀င်ခင် သူတို့နိုင်ငံက ဟိုတယ်လ်အရင်ဆောက်နိုင်ဖို့ အစိုးရက မြန်မာအစိုးရကို အရပေါင်းရမယ်..)

ပေါ့ပေါ့ပါးပါး ပို့စ်လေးအဖြစ်သာ တင်ပြတာပါနော…။ သတိလေး ထားနိုင်ဖို့လောက်ပါ။

ဘာပဲဖြစ်ဖြစ် facilities မှာတော့ သူတို့နောက် လွယ်လွယ်နဲ့ လိုက်မှီဦးမှာ မဟုတ်ပါဘူး။

အခုလောလောဆယ်ဆယ်တော့ ကိုယ့်နိုင်ငံက အလှအပကို ငေးရင်း၊ နှမြှောတသရင်းပေါ့…။





ထိုင်းတို့ သွားရည်ယိုသော ငွေဆောင်အလှ(ဓါတ်ပုံ/flickr.com)



(ပန်ဒိုရာ၏ဓါတ်ပုံ)



(ပန်ဒိုရာ၏ ဓါတ်ပုံ)

ခမ်းကီး

3 comments:

Anonymous said...

တင်ပြပေးတဲ့အကြောင်းအရာတွေ ကောင်းပါတယ်။
ကွန်မင့်ပေးတဲ့လူတွေက အဲဒီလောက်ပဲ တွေးတတ်လို့နေမှာပါ၊

Anonymous said...

ငွေဆောင် ကမ်းခြေအရမ်းလှမှန်း ကြားဖူးတယ် ... မရောက်ဖူးသေးဘူး ရောက်ဖူးချင်တယ် ... ဒီပို့စ်ကို ဖတ်မိတော့ စာအုပ်ထဲက စာကြောင်းလေး တစ်ကြောင်း သတိရမိတယ် .. အဲ့စာကြောင်းက ခုလိုရေးထားတယ်

ထာဝရမိတ်ဆွေ ထာဝရရန်သူဟူသည် မရှိ ထာဝရ အကျိုးစီးပွားသာ ရှိသည် .. တဲ့ ...

သြော် .. လောက လောက လောက ....
နေဒေးသစ်။

မင်းနေဝေး said...

မရောက်ဖူးပေမယ့် လှပတဲ့နေရာတစ်ခုအဖြစ်သိထားပါတယ် ....

အမြဲပဲ တိုး၍ သာ၍ လှသော မြန်မာ ဖြစ်ပါစေလို့ ဆုတောင်းရင်း .....