Wednesday, June 3, 2009

မြွေဆိပ်ဖြင့် အားရှိစေသော



တရုပ်အစားအစာအသစ်

တရုပ်အစားအစာထဲမှာ လူကြီးမင်း ဘယ်အစားအစာကို အနှစ်သက်ဆုံးလဲ။

အစုံအလင်ရှိအောင် စားကြည့်ဖူးကြပြီလား။

အခုနောက်ဆုံး Hot ဖြစ်နေတဲ့ menu အသစ်အကြောင်း ဖေါက်သည်ချပေးလိုက်ပါတယ်။

ကွမ်တုံပြည်နယ် ချုံချင်မြို့မှာ လူပြောများနေတဲ့၊ နာမည်ကြီးနေတဲ့ စားကောက်ဆိုင်က menu ရယ်ပါ။

ကြက်အရှင်လတ်လတ်ကို အဆိပ်ရှိတဲ့မြွေနဲ့ ကိုက်စေပြီးမှ စားချင်တဲ့ အစားအသောက်လုပ်ပေးနေပါတယ်။

ကြက်စွတ်ပြုတ်၊ ကြက်ကြော်၊ အစိမ်းကြော် … အို အစုံပေါ့။

ဒီမြွေဆိပ်ထိထားတဲ့ ကြက်သားက ဆေးဖက်ဝင်တယ်လို့ သူတို့ ယုံကြည်နေကြတယ်။ အိုပျိုကြီးငယ်၊ ကျားမမရွေး မိသားစုလိုက်ကို လာရောက်သုံးဆောင် နေကြပါတယ်လို့ ဆိုင်ရှင်က ပြောပါတယ်။

တရုပ်တွေက ဒီမြွေဆိပ်ဟာ ကြက်ကိုယ်ခန္ဓာထဲ ရောက်သွားတဲ့အခါ အပူဓါတ်ကြောင့် အဲန်ဇိုင်းမ် ဆိုတဲ့ ဓါတ်တစ်မျိုးအဖြစ် ပြောင်းလဲသွားပြီး၊ အဲဒီ အဲန်ဇိုင်းမ်ဓါတ်က လူတွေရဲ့ သွေးလည်ပတ်မှုကို ကောင်းမွန်စေတယ်လို့ ယုံကြည်နေကြပါတယ်။

လွယ်လွယ်ပြောရင် သွေးအားတိုးဆေးပေါ့…။

ဒါပေမယ့် ဒီစားသောက်ဆိုင်က လုပ်ရပ်ကို ရက်စက်လွန်းတယ်ဆိုပြီး လူအတော်များများက ဝေဖန်ပြီး ဆန့်ကျင်လာကြတယ်။ အများအားဖြင့် ကိုယ်ချင်းစာတရား ရှိတဲ့လူတွေပေါ့။ အင်တာနက် စာမျက်နှာတွေမှာဆို အတော့်ကို anti လုပ်နေကြတယ်။

သူတို့အားရှိဖို့ သတ္တ၀ါတစ်ကောင်ကို သူတို့ရှေ့တင် အရှင်လတ်လတ် မြွေအပေါက်ခံပေးရတယ်ဆိုတော့…။

တောက်တဲ့ကင်၊ တောက်တဲ့စင်းကော menu တွေအကြောင်း ထပ်ပြီးမျှဝေပါဦးမည်။




ခမ်းကီး
၃၊ဇွန်၊၂၀၀၉

4 comments:

မိုးခါး said...

လူတွေများနော် .. ရက်စက်လိုက်တာ

နှင်းဆီနက် said...

အီးးးးးး စားရဲဘူး စုံနေတာပဲနော်စားစရာတွေကလဲ

ခီခန့် said...

ဟဟ.... ဟုတ်ပါ့ဗျာ...
တရုတ်တွေတော့ ပြောမနေနဲ့တော့ဗျာ...
ချီးတော်အနံသက်ကောင်းရင် စားမဲ့လူမျိုးတွေ..
အင်း... ကိုယ်ချင်းစာတရားလေးတော့ ထားသင့်တာပေါ့ဗျာ..။

မေလေး said...

ဆက်လက်ဖတ်ရှုလို့လဲရဘူး
အားမရှိချင်တော့ဘူးနော်