Sunday, June 21, 2009

အပျိုကြီးတို့.. များ




အိမ်ထောင်ဖက် ရှာဖွေပေးတဲ့ ကုမ္ပဏီတစ်ခုက ကိုးရီးယားအပျိုမကြီး တစ်ယောက်အတွက် လင်ယောက်ျားအဖြစ် လျှောက်လွှာလက်ခံနေပါကြောင်း…..။

အိုးဟို… အခုဆို လျှောက်လွှာတင်သူပေါင်း လေးရာနီးပါးရှိနေပါပြီတဲ့..။ လျှောက်လွှာတင်တဲ့ လူပျိုကြီး၊ လူပျိုကလေး အရွယ်စုံလို့…။ အသက် ၂၆ကနေ အသက် ၄၉နှစ်အထိရှိတဲ့ ဆရာဝန်၊ ရှေ့နေ၊ စာရင်းကိုင်၊ ကုမ္ပဏီဝန်ထမ်းတွေ အဆုံးပါပဲ။

အသက်၄၉နှစ် ရှိတဲ့ အပျိုမကြီးက အရမ်းကို အလုပ်ရှပ်လွန်းလို့ ခင်ပွန်းယောက်ျားရှာချိန် မရဘူးတဲ့…။ သူမရဲ့ ပိုင်ဆိုင်မှု အစုစုက အနေရိကန်ဒေါ်လာ သန်း-၁၈၀ လောက်ရှိနေပြီတဲ့။

အိမ်ထောင်ကျသင့်ပြီလို့ တွေးမိပုံရတယ်။ အချိန် မပေးနိုင်တော့ အေးဂျင့်ကို ငှါးပြီး ရှာခိုင်းရတာပေါ့။ လျှောက်လွှာတင်ပြီးသား လေးရာနီးပါးထဲက လက်ရွေးစင် ရှစ်ယောက်မျှသာ သူမနဲ့ အင်တာဗျူးခွင့်ရမယ်။

လျှောက်လွှာတင်မယ့်ရက်ကို ဇွန်လကုန်အထိ စောပိုင်းက ပြောထားပေမယ့် လျှောက်လွှာတင်တဲ့ ကိုယ်တော်ချော ယောက်ျားတွေများလွန်းတော့ လာမယ့် ၂၃ဇွန်အထိသာ လက်ခံသွားမှာ ဖြစ်ကြောင်း..။

အဲဒီ လက်ရွေးစင် ၈ ယောက်ကို တစ်လ ၂ ယောက်ကနေ သုံးယောက်အထိ အပျိုကြီးကိုယ်တိုင် အင်တာဗျူး သွားပါ့မယ်။ ဘယ်သူက သတို့သားလောင်း ဖြစ်မလဲဆိုတာ နောက်သုံးလလောက်ကျရင် သိရမှာပေါ့…။

အင်း… အပျိုကြီးက ဘာတွေ အင်တာဗျူးလေမလဲ.. သိချင်လိုက်တာ။ ^__^

(အပျိုကြီးတို့ နှလုံးသားက ဒေါ်လာနဲ့ ဖွဲ့စည်းထားပုံရတယ်.. ^__^ )

ကဲ.. ဘလော့ဂါ လူပျိုကြီးတို့ရေ.. ဇွန်-၂၃ ရက်နေ့အထိ သတို့သားလောင်း လျှောက်နိုင်ပါကြောင်း..။

ခမ်းကီး
၂၁၊ဇွန်၊၂၀၀၉


7 comments:

Anonymous said...

ဒီလိုအဖြစ်မျိုးရှိလား၊ လျှောက်လွှာတွေ တင်ကြတဲ့ ပုရိသတို့ရှိတယ်ပေါ့။

မငုံ said...

ကိုခမ်းကီး မလျောက်ဘူးလား။ လျောက်လွှာကုန်တော့မယ်တဲ့။:))
သူများကို သတင်းပေးပြီး ကျန်နေခဲ့ဦးမယ်နော့။

ကိုလူထွေး said...

ကိုခမ်းကီးက လျှောက်လွှာရောင်းတဲ့သူလေဗျာ... အဲဒါသူကပဲ အကုန်လုံး ပြန်ဝယ်လိုက်တယ်...းဝ)

သားကြီး said...

ကျနော်လည်းစိတ်ဝင်စားတယ်
အင်တာဗျူးမှာ အပျိုကြီးဘာတွေလျှောက်မေး
မလဲမသိဘူး ဟိ
လျှောက်လွှာတင်ရင်ကောင်းမလားမသိ :P

မြစ်ကျိုးအင်း said...

အတွေ့အကြုံရအောင်စမ်းကြည့်မလားလို့
လျှောက်လွှာတစောင်ဘယ်လောက်တုန်းဗျ

Anonymous said...

လျှောက်လွှာမလိုပါဘူးလေ ..
တို့များက ပိုင်ရှင်နဲ့ပါ ...
ကိုခမ်းကီးတို့သာ လျှောက်လွှာများများဆောင်ထားပါ ..
ဒီတစ်ယောက် မမိတော့လည်း နောက်ပျိုကြီး တစ်ယောက်ပေါ့ နော့် ... haha
နေဒေးသစ်။

မယ့်ကိုး said...

ဒီလို အကြောင်းမျိုး ကိုရီးယားကားမှာ တစ်ခါကြည့်ဖူးတယ်။ ပါဝင်လျှောက်မယ့် ကိုမြစ်ကျိုးအင်းကို သူ့ အားကြီးချစ်လေးနဲ့  သွားတိုင်လိုက် ကိုခမ်းကီးရေ...