Monday, June 1, 2009

ဓနုတ်ဘုရားစေတီ ပြိုကျခြင်း

ဒီသတင်းကို ဖတ်ရှုရ၊ သိရတော့ ဗုဒ္ဓဘာသာဝင်တစ်ယောက်အနေနဲ့ စိတ်မကာင်းဖြစ်ရတယ်။

ဒီဘုရားက ရှေးဟောင်းသမိုင်းဘုရားလို့ သိရပါတယ်။

အလှူ့ရှင် ဘုရားဒကာ၊ဒကာမ အပေါင်းတို့အား သာဓုအနုမောဒနာခေါ်ဆိုပါတယ်။

သည်နေရာတွင် ကျနော်၏ ဆန္ဒဖြစ်ပေါ်လာသည်မှာ..


-ရှေးဟောင်းသမိုင်းဝင်ဆိုသော အရာများအား ပျက်စီးနေသည်ကို ပျက်စီးနေသည့်အတိုင်း၊ မူလ

လက်ရာအတိုင်း ထိန်းသိမ်းစေလိုပါသည်။
-မူလ အလှူရှင်များသည် မိမိတို့ကောင်းမှုလက်ရာများကို ကမ္ဘာတည်သ၍ တည်ရှိစေလိုမည်မှာ

အမှန်ပင် ဆန္ဒရှိကြမည်သာ။
-နှစ်ကာလ ကြာညောင်းခြင်းကြောင့် ပျက်စီးခြင်းရှိနေမည်သာ။ နှောင်လာနှောင်သားကား ထိုထက်

မပျက်စီးရလေအောင် ထိန်းသိမ်းသည်ကား မှန်ပါသည်။ သို့သော် မူလလက်ရာအား

မပျောက်ပျက်စေလိုပါ။ အရှိကို အရှိအတိုင်း ဆက်လက်တည်ရှိလိုပါသည်။
-နှောင်လာနှောင်သားတို့သည်လည်း ထိုမူရင်းလက်ရားအား တန်ဖိုးထား ဂုဏ်ယူနေကြမည်သာ။
-ထိုမူရင်းလက်ရာသည်သာ ရှေးဟောင်းအမွေအနှစ်တို့ တန်ဖိုးကြမည်ဟု ထင်ပါသည်။ ဥပမာ

များစွာပင်ရှိနေသည်ကို လေ့လာစေချင်ပါသည်။ ဥပမာ- ထိုင်းနိုင်ငံရှိ အယုဒ္ဓယဘုရားဟောင်းများ၊

စုခိုထိုင်းပုထိုးဟောင်းများ၊ ကမ္ဘောဒီးယားနိုင်ငံရှိ အန်ကောဝပ်ကျောင်းတော်၊ အင်ဒိုနီးရှားနိုင်ငံရှိ

ဘောရောဘောဒူပုထိုးဟောင်းများကဲ့သို့ မူရင်းအတိုင်း ထိန်းသိမ်းစေလိုပါသည်။
-ပုဂံဘုရားများသည် ထိုနိုင်ငံများရှိ ရှေးကျသော ယဉ်ကျေးမှုပင် ဖြစ်ခဲ့သော်လည်း

ကမ္ဘာ့ရှေးဟောင်းအမွေအနှစ်စာရင်းတွင် ဘာကြောင့် မပါဝင်ခဲ့ရသလဲဆိုသည်ကို

လေ့လာသင့်ပါသည်။
-မြန်မာနိုင်ငံရှိ ရှေးဟောင်းယဉ်ကျေးမှု အဆောက်အဦများစွာအားလည်း မူလလက်ရာ၊ မူလ

ရာဇ၀င်သမိုင်းဖြင့် ဆက်လက် တည်ရှိစေချင်ပါသည်။
ယူနက်စကိုအဖွဲ့အစည်းကြီး၏ စည်းကမ်း ဥပဒေသကို လေ့လာစေလိုပါသည်။
-ဤသည်ကား ကျနော့်၏ စိတ်ကူးဆန္ဒမျှသာဖြစ်ပါသည်။

ခမ်းကီး
၁၊ဇွန်၊၂၀၀၉
ဓါတ်ပုံများကို အင်တာနက် စာမျက်နှာများမှ ရယူပါသည်။












3 comments:

ကိုလူထွေး said...

အေးဗျာ စိတ်မကောင်းစရာပဲ...

တရားမရှိတဲ့သူတွေ လက်ထက်မှာဆိုတော့ တရားမသိတာ မဆန်းပါဘူး ကိုယ့်လူရာ...

မြစ်ကျိုးအင်း said...

ကြားတာကတော့ ဒေါ်ကြိုင်ကြိုင်က အဲဒီဘုရားကို ထီးတင် ဘို့လုပ်တာတဲ့လေ..။
ဟုတ်မဟုတ်တော့မသိဘူး..။

သက်ပိုင်သူ said...

ကိုခမ်းကီး စေတနာကို နားလည်ပါတယ်ဗျာ
ကျွန်တော်တောင် ပုဂံဘုရားတွေနဲ့ ပါတ်သက်ပြီး ရေးခဲ့ဘူးပါတယ်
မြန်မာမှန်ရင် ဘုရားကို အသစ်ခြစ်အောင် ပြင်ရမယ်ဆိုတဲ့ အတွေးကြောင့်
မြန်မာ့ရှေးဟောင်း အမွေအနှစ်တွေ ပျက်စီးခဲ့ ရတယ်