
ကျနော်တို့လို သူသူငါငါများ လေကြောင်းကုမ္ပဏီကြီးတွေမှာ အလုပ်ရဖို့၊ ၀န်ထမ်းလေး ဖြစ်ရဖို့ အိပ်မက် မက်ဖူးကြမယ် ထင်ပါရဲ့…။
ဒီလို ကုမ္ပဏီကြီးမှာ လုပ်ရလျှင်ဖြင့် လစာကလည်းကောင်း၊ ဂုဏ်သရေကလည်းရှိ၊ အခွင့်အရေး အထွေထွေအထူးထူးလည်း ရလိမ့်မယ်ပေါ့…။
ဒါပေမယ့် ၂၀၀၈-၂၀၀၉ စီးပွါးရေးကပ်ကြောင့် GM၊ AIG စတဲ့ ကုမ္ပဏီကြီးတွေရဲ့ သတင်းကို ဖတ်မိကြမှာပါနော…။
အခုတော့ လေကြောင်းကုမ္ပဏီတွေရဲ့ သတင်းကို ဖတ်ကြည့်ရအောင်။
ဗြိတိန်လေကြောင်း(BA)က သူ့ဝန်ထမ်းတွေကို ကုမ္ပဏီရေရှည် တည်တန့်နိုင်ဖို့ လစာမယူပဲ အလုပ် လုပ်ပေးကြပါလို့ တိုက်တွန်းနှိုးဆော် နေပါသတဲ့… ဗျာ။
ပြီးခဲ့တဲ့လ နှစ်ချုပ်စာရင်းမှာ ကုမ္ပဏီက စတာလင်ပေါင် (၃၇၅)သန်း အထိ အရှုံးပေါ်ခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။ နှစ်ပေါင်းနှစ်ဆယ် အတွင်း အဆိုးရွားဆုံး အရှုံးပေါ်ခဲ့ခြင်း ဖြစ်ခဲ့တယ်။
ကုမ္ပဏီရဲ့ အထက်တန်းအရာရှိ ၀င်လီ ဝေါလ်က နောက်လ ဇူလိုင်လအတွက် လစာမယူပဲ အလုပ်လုပ်ဖို့ ဆုံးဖြတ်ထားပါသတဲ့…။
သူ့အောက်ခြေက ၀န်ထမ်းတွေကိုလည်း ကိုယ်ပိုင်အသိစိတ်နဲ့ လစာလျှော့ယူခြင်း၊ ဒါမှမဟုတ် လစာမယူပဲ အလုပ်လုပ်ဖို့ သည်းရုံးသွားမယ်လို့ ပြောပါသေးတယ်။
ဒါပေမယ့် လေကြောင်းဝန်ထမ်းများ သမဂ္ဂ( The Unite union)ကတော့ ပြင်းပြင်းထန်ထန် ကန့်ကွက်နေပါတယ်။ ၀င်လီ ဝေါလ်ရဲ့ တောင်းဆိုချက်ကို ဂရုမစိုက်ပဲ နေတဲ့အပြင် ဝေါလ်မှာ လစာမယူပဲ ငွေရှိပြီးသာပေမယ့် သူတို့လို ၀န်ထမ်းမှာ ငွေမရှိကြပါဘူးလို့ ပြောလိုက်ပါတယ်။
ကဲ… မိမိတို့ အလုပ်လူပ်နေကြတဲ့ ကုမ္ပဏီမှာရော ဘယ်လိုနေသေးလဲ…..။
ကျနော်ကတော့ မျက်ခုံးလှုပ်နေပါတယ်။ ^___^
(ရွာပြန်ပြီး လယ်လုပ်ရကိန်း ဆိုက်နေပါကြောင်း…… ^___^ )
ခမ်းကီး
၁၇၊ဇွန်၊၂၀၀၉
8 comments:
တူတူပါပဲ မောင်လေးရယ်။ မရောင်တို့ရုံးလည်း ဒီလိုလေးပါပဲ။ မျက်ခုံးခတ်လှုပ်လှုပ်ပါ။ ဆုတောင်းနေရတယ်လေ။
အဲဒီလို အဆုံးမသတ်ပါနဲ့လေ၊
အကောင်းဆုံးကိုပဲ မျှော်တွေးတာပေါ့။
ဆက်လက်ဖတ်ရှုရန်ကိုနှိပ်လို့မရဘူးသယ်ရင်း
ဘယ်လိုဖြစ်တာပါလိမ့်??
ခေါင်းစဉ်နှိပ်လိုက်မှပေါ်တော့တယ်သယ်ရင်းရေ
အိ....နာလည်းမျက်ခုံးလှုပ်တယ်ဝေ့ :P
:( အတူတူပဲ။ အခုထိတော့ ကုမ္ပဏီအသစ်လေးဆိုတော့ ဟိုမရောက် ဒီမရောက်ဖြစ်နေတယ်။
ကောင်းရောပဲနော် .....
;)
ဟုတ်ပ :P
သတင်းထူးလေးပဲ .. haha .. လခမယူပဲနဲ့များ အလုပ်လုပ်ခိုင်းမတဲ့ .. သူကတော့ ဟုတ်တာပေါ့ ... ၁ လ မဟုတ်ဘူး ၁ နှစ်လုံး မယူပဲလုပ်လဲ စားစရာတွေက တစ်ပုံကြီး .. အောက်လက်ငယ်သားတွေက ဘာနဲ့ သွားစားမှာလဲနော် ...
နေဒေးသစ်။
Post a Comment